News

“နေမကောင်းဖြစ်နေရင်း အဆုံးစီရင်သွားတဲ့ သီလရှင်ဆရာလေးမှာ ကိုဗစ်ပိုးတွေ့ရှိ”

ဂရုစိုက်ကြပါဗျာ ။ပိုးမစစ်လို့ ပိုးမတွေ့တာပါ ။

သေဆုံးသူသီလရှင်၏ ရုပ်အလောင်းကို Swab စစ်ဆေးရာ Covid-19 ပိုးတွေ့ရကာ ၊ ကူညီလုပ်ကိုင်ဆောင်ရွက်ပေးကြသူ ပရဟိတဘော်လံဒီယာများလည်း ကွာရန်တင်းဝင်ရပါတော့မည် ။

မြိတ်မြို့ သာကေတရပ်၊ ဘေးမဲ့ကျောင်းမှာ သီတင်းသုံးနေတဲ့ အသက် ၅၈ နှစ်အရွယ်သီလရှင် မှ အကြောင်းအမျိုးမျိုးကြောင့်လွန်ခဲ့တဲ့ ၅ လ ခန့်ကတည်းက မြရိပ်ညိုလမ်းရှိ ဆွမ်းဒကာ နေအိမ်သို့ပြောင်းရွှေ့သီတင်းသုံးကာ ကျန်းမာရေးချို့တဲ့သူတစ်ဦးဖြစ်ပြီး ၊

ယနေ့မွန်းလွဲ ပိုင်းတွင် နေအိမ်ရေချိုးခန်းတွင်း၌ ဆွဲကြိုးချသေဆုံးကြောင်းသိရကာ ကွယ်လွန်သူ ဆရာလေးရဲ့ရုပ်အလောင်းကို ၊ ပရဟိတလူနာတင်ယာဉ်အကူအညီဖြင့် မြိတ်ဆေးရုံကြီးသို့ပို့ဆောင်ပြီး ကျန်းမာရေးစစ်ဆေးရာ covid-19 ပိုးတွေ့ Positive အဖြေထွက်ကြောင်းသိရပါသည် ။

ကူညီဆောင်ရွက်ပေးကြသူ ညီငယ်များလည်း ပိုးကင်းစင် ၊ အဖြေကောင်းများထွက်ပါစေဗျာ ။

မင်းလွင်ဦး