News

ငလ်င္ႀကီး မ်ား လႈပ္ခတ္ႏိုင္သည့္ ၿမိဳ႕မ်ား

ေနျပည္ေတာ္၊ ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕တို႔တြင္ ရစ္ခ်္တာစေကး ၇ ႏွင့္အထက္ ငလ်င္ႀကီးမ်ား လႈပ္ခတ္ႏိုင္ေၾကာင္း ျမန္မာႏိုင္ငံငလ်င္ေကာ္မတီမွ ဥကၠဌ ဦးမ်ိဳးသန႔္က ဆိုသည္။

“ငလ်င္ရဲ႕သေဘာသဘာဝကေတာ့ ဒီေန႔လႈပ္မွာလား၊ မနက္ျဖန္လႈပ္မွာလားေတာ့ ေျပာလို႔မရဘူးေပါ့။ အခုနေျပာသလို ဒီႏွစ္အတြင္းမွာလႈပ္မွာလား၊ ေနာက္ႏွစ္ႏွစ္ဆန္းမွာ လႈပ္မွာလားဆိုတာ ေျပာဖို႔ခက္ပါတယ္။

ခန႔္မွန္းႏိုင္တာကဘာလဲဆိုေတာ့ Long time ပဲ ခန႔္မွန္းႏိုင္မယ္။ ဥပမာအားျဖင့္ ၁၆၅ အဆင့္ရွိတဲ့ ငလ်င္ကို စစ္ကိုင္းပ်က္ေ႐ြ႕ကေန ျပန္လည္လႈပ္ဖို႔ဆိုရင္ ႏွစ္ေပါင္း ၅၀၊ ၆၀ ၾကာတတ္တယ္။ စသျဖင့္ေပါ့”ဟု ဦးမ်ိဳးသန႔္က ေျပာသည္။

ျမန္မာႏိုင္ငံရွိ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္၊ ပဲခူး စသည့္ ၿမိဳ႕ႀကီးမ်ား ပါဝင္သည့္ စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာ တေလွ်ာက္အင္အားရစ္ခ်္စတာစေကး အနိမ့္ဆုံး ၇ ႏွင့္အထက္ ငလ်င္မ်ားလႈပ္ခတ္ရန္ အခ်ိန္ပိုမိုနီးကပ္လာေၾကာင္း သိရသည္။

စစ္ကိုင္းျပတ္ေ႐ြ႕ငလ်င္ႏွင့္ ပတ္သက္ၿပီး ၂ဝ၁၂ ခုႏွစ္ သပိတ္က်င္းငလ်င္မွလြဲၿပီး က်န္ေသာအပိုင္းမ်ား ျပန္လည္လႈပ္ခတ္ႏိုင္ရန္ အခ်ိန္နီးကပ္လာျခင္း ျဖစ္ေၾကာင္း၊

ဥပမာအားျဖင့္ ရန္ကုန္၊ ပဲခူးနားတြင္ရွိသည့္ ပဲခူးငလ်င္၊ ဆြာငလ်င္၊ ျဖဴးငလ်င္တို႔ ဆက္တိုက္လႈပ္သည့္အပိုင္းမ်ားမွာ မလႈပ္တာ ႏွစ္ေပါင္း ၉ဝ ရွိၿပီျဖစ္ေၾကာင္း၊

ေနျပည္ေတာ္၊ ပ်ဥ္းမနားအပိုင္းမ်ားတြင္ ၁၈၉၃ ခုႏွစ္က ငလ်င္ေနာက္ဆုံးလႈပ္ခဲ့ျခင္း ျဖစ္ၿပီး ထပ္မံမလႈပ္သည္မွာ ႏွစ္ေပါင္း ၁၅ဝ ေက်ာ္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

ေနျပည္ေတာ္၊ ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕တို႔တြင္ ရစ္ခ်္တာစေကး ၇ႏွင့္အထက္ ငလ်င္ႀကီးမ်ားလႈပ္ခတ္ႏိုင္

MyanmaPlatform

unicode

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ရစ်ချ်တာစကေး ၇ နှင့်အထက် ငလျင်ကြီးများ လှုပ်ခတ်နိုင်ကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီမှ ဥက္ကဌ ဦးမျိုးသန့်က ဆိုသည်။

“ငလျင်ရဲ့သဘောသဘာဝကတော့ ဒီနေ့လှုပ်မှာလား၊ မနက်ဖြန်လှုပ်မှာလားတော့ ပြောလို့မရဘူးပေါ့။ အခုနပြောသလို ဒီနှစ်အတွင်းမှာလှုပ်မှာလား၊ နောက်နှစ်နှစ်ဆန်းမှာ လှုပ်မှာလားဆိုတာ ပြောဖို့ခက်ပါတယ်။

ခန့်မှန်းနိုင်တာကဘာလဲဆိုတော့ Long time ပဲ ခန့်မှန်းနိုင်မယ်။ ဥပမာအားဖြင့် ၁၆၅ အဆင့်ရှိတဲ့ ငလျင်ကို စစ်ကိုင်းပျက်ရွေ့ကနေ ပြန်လည်လှုပ်ဖို့ဆိုရင် နှစ်ပေါင်း ၅၀၊ ၆၀ ကြာတတ်တယ်။ စသဖြင့်ပေါ့”ဟု ဦးမျိုးသန့်က ပြောသည်။

မြန်မာနိုင်ငံရှိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး စသည့် မြို့ကြီးများ ပါဝင်သည့် စစ်ကိုင်းပြတ်ရွေ့ကြော တလျှောက်အင်အားရစ်ချ်စတာစကေး အနိမ့်ဆုံး ၇ နှင့်အထက် ငလျင်များလှုပ်ခတ်ရန် အချိန်ပိုမိုနီးကပ်လာကြောင်း သိရသည်။

စစ်ကိုင်းပြတ်ရွေ့ငလျင်နှင့် ပတ်သက်ပြီး ၂ဝ၁၂ ခုနှစ် သပိတ်ကျင်းငလျင်မှလွဲပြီး ကျန်သောအပိုင်းများ ပြန်လည်လှုပ်ခတ်နိုင်ရန် အချိန်နီးကပ်လာခြင်း ဖြစ်ကြောင်း၊

ဥပမာအားဖြင့် ရန်ကုန်၊ ပဲခူးနားတွင်ရှိသည့် ပဲခူးငလျင်၊ ဆွာငလျင်၊ ဖြူးငလျင်တို့ ဆက်တိုက်လှုပ်သည့်အပိုင်းများမှာ မလှုပ်တာ နှစ်ပေါင်း ၉ဝ ရှိပြီဖြစ်ကြောင်း၊

နေပြည်တော်၊ ပျဉ်းမနားအပိုင်းများတွင် ၁၈၉၃ ခုနှစ်က ငလျင်နောက်ဆုံးလှုပ်ခဲ့ခြင်း ဖြစ်ပြီး ထပ်မံမလှုပ်သည်မှာ နှစ်ပေါင်း ၁၅ဝ ကျော်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ရစ်ချ်တာစကေး ၇နှင့်အထက် ငလျင်ကြီးများလှုပ်ခတ်နိုင်

MyanmaPlatform