News

၁၂ ႏွစ္အ႐ြယ္ကေလး နဂါးစြန္ႏွင့္ၿငိကာ အျမင့္ေပ ၃၀ ေက်ာ္ထိ လြင့္ပါသြားခဲ့

အင္ဒိုနီးရွားႏိုင္ငံ လမ္ပန္ျပည္နယ္ ပရင္စီဝူေဒသမွာ အိုင္အာလို႔အမည္ေဖာ္ျပထားတဲ့ အသက္ ၁၂ ႏွစ္အ႐ြယ္ေယာက်္ားေလးက နဂါး႐ုပ္ပုံစံျပဳလုပ္ထားတဲ့ အႀကီးစားစြန္နဲ႔ ၿငိပါသြားခဲ့ၿပီး ေျမျပင္ကေန အျမင့္ေပ ၃၀ ေက်ာ္ထိ လြင့္ပါသြားခဲ့ပါတယ္။

စြန္လႊတ္ေနခ်ိန္ လူအမ်ားဝိုင္းၾကည့္ေနတဲ့ၾကားကေန စြန္ရဲ႕အၿမီးပိုင္းနဲ႔ ၿငိပါသြားခဲ့ၿပီး ေဝဟင္ထက္ ေပ ၃၀ ေက်ာ္ေလာက္အထိ စြန္နဲ႔အတူလြင့္ပါသြားခဲ့တာေၾကာင့္ အထိတ္တလန႔္ျဖစ္ခဲ့ၾကရတာပါ။စြန္ကေန အရွိန္နဲ႔ျပန္ျပဳတ္က်လာခဲ့ၿပီး အသက္မေသခဲ့ေပမယ့္ လက္ႏွစ္ဖက္စလုံးမွာ ေျခာက္ေနရာ အ႐ိုးက်ိဳးအက္သြားခဲ့ရတယ္လို႔ ပရင္စီဝူကေလးသူငယ္ကာကြယ္ ေရးအဖြဲ႕ LPA က ဆိုပါတယ္။

အထက္တန္းေက်ာင္းတစ္ခုအနီးက ကြင္းျပင္က်ယ္မွာ သူတို႔ညီအစ္ကိုေတြ နဂါးပုံစံစြန္ကို အတူလႊတ္ကစားေနခ်ိန္မွာ မေတာ္တဆ ၿငိပါသြားၿပီး ေလေပၚေျမာက္တက္သြားခဲ့တာလို႔ အသက္ ၂၈ ႏွစ္အ႐ြယ္အကိုျဖစ္ သူ အာေဆးက ဆိုပါတယ္။

စြန္ရဲ႕အ႐ြယ္အစားက ကေလးရဲ႕အ႐ြယ္ထက္ သုံးဆေလာက္ ပိုႀကီးေနခဲ့ၿပီး အိုင္အာက စြန္ႀကိဳးကို မလႊတ္တမ္းကိုင္ထားခ်ိန္မွာ ေလျပင္းနဲ႔အတူ လြင့္ပါသြားခဲ့တာလို႔ သိရပါတယ္။ေဒသခံေတြက ျပဳတ္က်လာတဲ့ ကေလးကို ေပြ႕ခ်ီကာ ေဆး႐ုံပို႔ေပးခဲ့ၾကၿပီး ခြဲစိတ္ကုသမႈႏွစ္ႀကိမ္ျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္ ျပန္သက္သာလာခဲ့ၿပီလို႔ သိရပါတယ္။

Credit: (DM, 11.12.2020) သံသာ

Unicode

အင်ဒိုနီးရှားမှ ၁၂ နှစ်အရွယ်ကလေး နဂါးစွန်နှင့်ငြိကာ အမြင့်ပေ ၃၀ ကျော်ထိ လွင့်ပါသွားခဲ့

အင်ဒိုနီးရှားနိုင်ငံ လမ်ပန်ပြည်နယ် ပရင်စီဝူဒေသမှာ အိုင်အာလို့အမည်ဖော်ပြထားတဲ့ အသက် ၁၂ နှစ်အရွယ်ယောကျ်ားလေးက နဂါးရုပ်ပုံစံပြုလုပ်ထားတဲ့ အကြီးစားစွန်နဲ့ ငြိပါသွားခဲ့ပြီး မြေပြင်ကနေ အမြင့်ပေ ၃၀ ကျော်ထိ လွင့်ပါသွားခဲ့ပါတယ်။

စွန်လွှတ်နေချိန် လူအများဝိုင်းကြည့်နေတဲ့ကြားကနေ စွန်ရဲ့အမြီးပိုင်းနဲ့ ငြိပါသွားခဲ့ပြီး ဝေဟင်ထက် ပေ ၃၀ ကျော်လောက်အထိ စွန်နဲ့အတူလွင့်ပါသွားခဲ့တာကြောင့် အထိတ်တလန့်ဖြစ်ခဲ့ကြရတာပါ။စွန်ကနေ အရှိန်နဲ့ပြန်ပြုတ်ကျလာခဲ့ပြီး အသက်မသေခဲ့ပေမယ့် လက်နှစ်ဖက်စလုံးမှာ ခြောက်နေရာ အရိုးကျိုးအက်သွားခဲ့ရတယ်လို့ ပရင်စီဝူကလေးသူငယ်ကာကွယ် ရေးအဖွဲ့ LPA က ဆိုပါတယ်။

အထက်တန်းကျောင်းတစ်ခုအနီးက ကွင်းပြင်ကျယ်မှာ သူတို့ညီအစ်ကိုတွေ နဂါးပုံစံစွန်ကို အတူလွှတ်ကစားနေချိန်မှာ မတော်တဆ ငြိပါသွားပြီး လေပေါ်မြောက်တက်သွားခဲ့တာလို့ အသက် ၂၈ နှစ်အရွယ်အကိုဖြစ် သူ အာဆေးက ဆိုပါတယ်။

စွန်ရဲ့အရွယ်အစားက ကလေးရဲ့အရွယ်ထက် သုံးဆလောက် ပိုကြီးနေခဲ့ပြီး အိုင်အာက စွန်ကြိုးကို မလွှတ်တမ်းကိုင်ထားချိန်မှာ လေပြင်းနဲ့အတူ လွင့်ပါသွားခဲ့တာလို့ သိရပါတယ်။ဒေသခံတွေက ပြုတ်ကျလာတဲ့ ကလေးကို ပွေ့ချီကာ ဆေးရုံပို့ပေးခဲ့ကြပြီး ခွဲစိတ်ကုသမှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီးတဲ့နောက် ပြန်သက်သာလာခဲ့ပြီလို့ သိရပါတယ်။

Credit: (DM, 11.12.2020) သံသာ