News

ကြက်တိုက် လောင်းကစား ပြုလုပ်သူ(၆)ဦးနှင့်အတူဆိုင်ကယ်(၅၈)စီး စက်ဘီး(၂)စီး တိုက်ကြက်(၄)ကောင်နှင့် လောင်းကြေးငွေများ ဖမ်းဆီးရမိ

ကြက်တိုက် လောင်းကစား ပြုလုပ်သူ(၆)ဦးနှင့်အတူဆိုင်ကယ်(၅၈)စီး စက်ဘီး(၂)စီး တိုက်ကြက်(၄)ကောင်နှင့် လောင်းကြေးငွေများ ဖမ်းဆီးရမိ

ကျောက်တံခါး၊ဒီဇင်ဘာ(၂၁)ရက်

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်အောင်မြင်မြို့(ခ)တောကျွဲအင်းရွှေပြည်အေးကျေးရွာအရှေ့ဘက်(၃)မိုင်ခန့်အကွာ ကြိမ်ခါးကုန်းကျေးရွာအုပ်စု ဇီးတောနေအိမ်တဲ အတွင်း၌ဒီဇင်ဘာလ(၂၀)ရက်နေ့ ညနေ(၄)နာရ်ီခန့်ကကြက်တိုက် လောင်းကစား ပြုလုပ်နေသူ(၆)ဦး၊ဆိုင်ကယ်(၅၈)စီး စက်ဘီး(၂)စီး တိုက်ကြက်(၄)ကောင်နှင့် လောင်းကြေးငွေများ ဖမ်းဆီးရမိမူဖြစ်ပွားခဲ့သည်

ဖြစ်စဉ်မှာ တောကျွဲအင်းမြို့ ရွှေပြည်အေးကျေးရွာအရှေ့ဘက်(၃)မိုင်ခန့်အကွာ ကြိမ်ခါးကုန်းကျေးရွာအုပ်စု ဇီးတောတဲတိုက်တွင် ကြက်တိုက် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏စီစဉ်ညွှန်ကြားမှုဖြင့် တောကျွဲအင်းနယ်မြေ စခန်းမှူးရဲအုပ်မင်းလွင်မှ

အနီးကပ်ကြီးကြပ်ကာကျောက်တံခါးမြို့မရဲစခန်း ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်များနှင့်အတူ တပ်ဖွဲ့ဝင်အင်အား(၂၆)ဦးသည် အသိသက်သေရာအိမ်မှုးဆယ်အိမ်မှုးများနှင့် အတူ သွားရောက်ဖမ်းဆီးရာဦးညွှန်မောင်၏ နေအိမ်ခြံဝင်းအတွင်း၌ ကြက်တိုက်လောင်းကစား ပြုလုပ်နေသည့်

အနီရောင်တိုက်ကြက်ဖ(၄)ကောင်နှင့် လောင်းကစားရာတွင် အသုံးပြုသည့်လောင်းကြေး ငွေစက္ကူ ရောရာတစ်သိန်းရှစ်သောင်းကျပ်(၁၈၀၀၀၀)လက်ကိုင်ဖုန်း(၆)လုံးဂဏန်းပေါင်းစက်(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများဆိုင်ကယ်မျိုးစုံ(၅၈)စီး စက်ဘီး(၂)စီးနှင့် အတူလောင်းကစားပြုလုပ်သူများဖြစ်ကြသော

ဝေဖြိုးထွန်း(၂၇)နှစ် သမစိတ္တလမ်း မြို့မ(၂)ရပ်ကွက်ညောင်လေးပင်မြို့ အောင်နိုင်လင်း(၄၂)နှစ်ပြည်တော်သာရပ်ကွက် ပဲနွယ်ကုန်းမြို့ နိုင်ကိုကို(၂၆)နှစ်ငါးပြေမကျေးရွာ ပြွန်တန်ဆာမြို့ ဦးအုန်းမောင်(၇၀)နှစ် ကျွန်းချာင်းကျေးရွာ ကျောက်တံခါးမြို့ဦးဖိုးချစ်(၆၇)နှစ် ငှက်ပျောတောကျေးရွာ

အောင်မြေရပ်ကွက်ပဲနွယ်ကုန်းမြို့ဦးအုန်းကြိုင်(၇၂)နှစ်နတ်သံကွင်းကျေးရွာ ဝါးကရပ်ကွက် ကျောက်ကြီးမြို့နေသူတို့(၆)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ကျန်လူတို့မှာထွက်ပြေး လွတ်မြောက်သွားခဲ့ကြသည်

ဖြစ်စဉ်နှင့်ပက်သက်၍ တောကျွဲအင်းနယ်မြေရဲစခန်းက(ပ)၂၀၀/၂၀၂၀လောင်းကစားဥပဒေပုဒ်မ ၁၆/(က)၁၇/(က)အရ ကြက်တိုက်လောင်းကစားပြုလုပ်သူ(၆)ဦးနှင့် လောင်းကစား လက်ခံပြုလုပ်သောတဲနေအိမ် ခြံဝန်းပိုင်ရှင် ဦးညွှန့်မောင်(ထွက်ပြေးလွတ်မြောက်)တို့အား အမှုဖွင့် အရေးယူထားပြီး ထွက်ပြေးလွတ်မြောက်သူများကို အမြန်ဆုံးဖမ်းဆီရမိရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်

မျိုးနိုင်-ကျောက်တံခါး

ZPLUS-သတင်းအေဂျင်စီ