Zawgyi ဖြင့်ဖတ်ရန်
အောက်ဆုံးတွင် Vedioပါဝင်သည်။
လော က ကြီးမှာ လူအမျိုးမျိုး စိတ်အထွေထွေ တွြေ ဖစ်တာကြောင့် တယောက် နဲ့ တယောက် အယူအဆတွေ မတူညီ ကွဲပြားလျက် ရှိပါတယ်။ အဲ့ထဲ မှာမှ ဘာသာတရား ကွဲပြားမှုတွေ ကလည်း ရှိနေပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံမှာ ဆိုရင်တော့ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး တချို့သော အစွန်းရောက်တဲ့သူတွေကတော့ ဘယ်ဘာသာက ဘယ်လိုဖြစ်တယ် ပြောနေပေမယ့်လည်း လောကကြီးမှာ တကယ့်ကို ကြည်နူးပြီး ပီတိ ဖြစ်ရ တဲ့ ဘာသာရေး မြင်ကွင်းလေးတွေရှိနေပါတယ်။
ချစ်ပရိသတ်ကြီး အတွက် ဖော်ပြပေးချင်တာ ကတော့ ဘင်းဂလားဒေ့ချ် နိုင်ငံမှာ ဗုဒ္ဓသာသနာကို ကြည်ညို နေတဲ့ မြင်ကွင်းလေး ဖြစ်ပါတယ်။
တချို့ကတော့ အိန္ဒိယလူမျိုးလို့ ပြောလိုက်တာနဲ့ ဗုဒ္ဓသာသနာကို ကြည်ညိုမှုမရှိဘူးလို့ ထင်နေကြတာပါ။ ဒါပေမယ့်လည်း ဒီအတွေးအမြင်လေးကတော့ ဒီဗီဒီယိုလေးကြည့်လိုက်ရင် သိပါလိမ့်မယ်။
မိုးတွေ သည်းထန်စွာ ရွာသွန်းနေတဲ့ အထဲမှာမှ ဆွမ်းခံကြွ တဲ့ ဘုန်းကြီးတွေကလည်း အပင်ပန်းခံ ပြီး တော့ မိုးရွာထဲမှာ ကြွနေကြတာပါ။
ဒါကိုတော့ လှူချင်တန်းချင်ကြတဲ့ သူတို့ လူမျိုးကတော့ မိုးရွာကြီးထဲမှာလည်း မမှုပဲ ဘုန်းကြီးတွေကို လှူ ဒါန်းနေတာကို တွေ့ရပါတယ်။
ထို့နောက် မိုးရွာတဲ့ လမ်းမကြီးပေါ်မှာပဲ ထိုင်ချ ပြီး ယောကျာ်းတွေရော မိန်းမတွေပါ ဘုန်းကြီးတွေကို ကန်တော့ နေတာကို တွေ့ရပါတယ်။
ဒီမြင်ကွင်းကတော့ ဗုဒ္ဓဘာသာ လူမျိုးတွေအတွက်ကတော့ အင်မတန် လေးစား စ ရာကောင်းပြီး ကြည်ညိုစ ရာမြင်ကွင်းလေးလည်း ဖြစ်ပါတယ်။
ရုပ်သံကြည့်ရန်
ဒါကတော့ ဘင်းဂလားဒေ့ချ် နိုင်ငံမှာ ဘုန်းကြီးတွေကို မိုးထဲလေထဲမှာ လှူနေကြတဲ့ မြင်ကွင်းလေး ဖြစ် ပါ တယ်။ ဒီဗီဒီယိုလေးကတော့ တကမ္ဘာလုံးမှာရှိတဲ့ လူတွေထံ ပျံနှံသွားခဲ့ပြီး ဗုဒ္ဓဘာသာ ကိုလေးစားနေကြတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။