News

သမီးျဖစ္သူရဲ႕႐ုပ္အေလာင္းကို တေစၦသတို႔သမီးအျဖစ္ ေရာင္းခ်ခဲ့တဲ့ မိသားစု

တ႐ုတ္ႏိုင္ငံရွိ မိသားစုတစ္စုဟာ လြန္ခဲ့တဲ့ ၁၂ ႏွစ္က ကြယ္လြန္သြားခဲ့တဲ့ Kang Cuicui အမည္ရွိသမီးျဖစ္သူရဲ႕ ႐ုပ္အေလာင္းအား တေစၦသတို႔သမီးအျဖစ္ ေရာင္းခ်ခဲ့ၾကပါတယ္။

တ႐ုတ္မီဒီယာတစ္ခုမွ Hebei ျပည္နယ္ရွိ ေရွးေခတ္အခမ္းအနားတစ္ခုမွာ Kang Cuicui ရဲ႕႐ုပ္အေလာင္းအား အမ်ိဳးသားတစ္ဦးရဲ႕႐ုပ္အေလာင္း နဲ႔ လက္ထပ္ေပးခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့ၿပီး တေစၦေတြကိုလက္ထပ္ထိမ္းျမားေပးျခင္းက ကြၽန္ေတာ္တို႔အတြက္ ထူးဆန္းေနေပမဲ့ ၎ဟာ တ႐ုတ္ႏိုင္ငံရဲ႕ ႏွစ္ေပါင္းေထာင္ခ်ီကတည္းကျဖစ္ပ်က္ေနခဲ့တဲ့ သာမန္ျဖစ္ရပ္တစ္ခုျဖစ္ပါတယ္။

Cangzhou ၿမိဳ႕ Huanghua ေက်း႐ြာရွိ ႐ြာသူ႐ြာသားမ်ားလုပ္ေဆာင္ခဲ့တဲ့ေရွး႐ိုးရာဓေလ့ထုံးတမ္းကို ၿပီးခဲ့တဲ့အပတ္က သတင္းေတြမွာေဖာ္ျပခဲ့ၿပီးေနာက္ အဆိုပါအခမ္းအနားကို လူအမ်ားက အာ႐ုံစိုက္ေနခဲ့ၾကပါတယ္။

Kang ဟာ Li Zhong အမည္ရွိတဲ့ခင္ပြန္းျဖစ္သူကို နားလည္မႈလႊဲသြားခဲ့ၿပီး ၂၀၀၈ ခုႏွစ္မွာ သူ႔ကိုယ္သူအဆုံးစီရင္သြားခဲ့တာပါ။Li Zhong ႏွင့္ သူမရဲ႕မိသားစုဟာ သခ်ႋဳင္းဂူမွာ မျမႇဳပ္ခင္ ေ႐ႊရတနာမ်ားႏွင့္ ကြယ္လြန္သူဇနီးရဲ႕ဈာပနအခမ္းအနားအတြက္ ယြမ္ ၁၀၀၀၀၀ (သိန္း ၂၀၀ ေက်ာ္) သုံးစြဲခဲ့ၾကပါတယ္။

Li Zhong က ႏိုဝင္ဘာ ၁၄ ရက္ေန႔မွာ ဇနီးျဖစ္သူရဲ႕သခ်ႋဳင္းဂူသို႔သြားေရာက္လည္ပတ္ခဲ့စဥ္ သခ်ႋဳင္းဂူဟာ အေပါက္ျဖစ္ေနၿပီး သူမႏွင့္အတူ ျမႇဳပ္ႏွံထားတဲ့ေက်ာက္မ်က္ရတနာမ်ားႏွင့္ အဖိုးတန္ပစၥည္းမ်ားပါ ေပ်ာက္ဆုံးေနတာကို ေတြ႕ရွိခဲ့ပါတယ္။

Li Zhong ရဲ႕မိသားစုက အဆိုပါအျဖစ္အပ်က္ကို ရဲဆီတိုင္တန္းခဲ့ၿပီး စုံစမ္းၾကည့္ေတာ့ ဇနီးKang ရဲ႕မိသားစုက သူတို႔သမီးရဲ႕သခ်ႋဳင္းကို ျပန္လည္တူးေဖာ္ခဲ့ေၾကာင္း သိသြားခဲ့ရပါတယ္။

Traditional Chinese custom of ancestor worship.

တစ္ကယ္ေတာ့ Kang ရဲ႕မိသားစုက သူမရဲ႕႐ုပ္အေလာင္းကို ယာဥ္တိုက္မႈေၾကာင့္ ေသဆုံးသြားတဲ့အမ်ိဳးသားတစ္ဦးရဲ႕မိသားစုဆီသို႔ ယြမ္ ၈၀,၀၀၀ (သိန္း ၁၆၅ ေက်ာ္) ျဖင့္ ေရာင္းခ်ခဲ့တာပါ။

Kang ရဲ႕မိခင္က Li Zhong ရဲ႕မိသားစုဟာ သူတို႔ရဲ႕မိသားစုသခ်ႋဳင္းဂူေတြကို ​အျခားေနရာသို႔ေျပာင္းေ႐ြ႕ခဲ့ေပမဲ့ သမီးျဖစ္သူရဲ႕သခ်ႋဳင္းဂူကိုေတာ့ အဆိုပါေနရာမွာဘဲ ထားခဲ့တာေၾကာင့္ ေဒါသထြက္ခဲ့ရၿပီး ” ကြၽန္မ သူ႔ရဲ႕သခ်ႋဳင္းဂူတစ္ခုလုံးကို မေ႐ႊ႕ႏိုင္ေတာ့ သူ႔ရဲ႕႐ုပ္အေလာင္းကိုဘဲ ထုတ္ယူခဲ့တယ္ သူ႔ကို အထီးက်န္တဲ့တေစၦသရဲအျဖစ္ မထားႏိုင္လို႔ အခုလိုလုပ္ခဲ့တာ” လို႔ ရွင္းျပခဲ့ပါတယ္။

သက္ဆိုင္တဲ့မိသားစုႏွစ္ခုဟာ အဆိုပါတေစၦလက္ထပ္ထိမ္းျမားပြဲကို ႏိုဝင္ဘာလ ၂၃ရက္ေန႔မွာ က်င္းပေပးခဲ့ၾကၿပီး ႏွစ္ဦးစလုံးရဲ႕႐ုပ္အေလာင္းေတြကို အတူတူျမႇဳပ္ႏွံေပးခဲ့ၾကပါတယ္။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

တရုတ်နိုင်ငံရှိ မိသားစုတစ်စုဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က ကွယ်လွန်သွားခဲ့တဲ့ Kang Cuicui အမည်ရှိသမီးဖြစ်သူရဲ့ ရုပ်အလောင်းအား တစ္ဆေသတို့သမီးအဖြစ် ရောင်းချခဲ့ကြပါတယ်။

တရုတ်မီဒီယာတစ်ခုမှ Hebei ပြည်နယ်ရှိ ရှေးခေတ်အခမ်းအနားတစ်ခုမှာ Kang Cuicui ရဲ့ရုပ်အလောင်းအား အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်း နဲ့ လက်ထပ်ပေးခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့ပြီး တစ္ဆေတွေကိုလက်ထပ်ထိမ်းမြားပေးခြင်းက ကျွန်တော်တို့အတွက် ထူးဆန်းနေပေမဲ့ ၎င်းဟာ တရုတ်နိုင်ငံရဲ့ နှစ်ပေါင်းထောင်ချီကတည်းကဖြစ်ပျက်နေခဲ့တဲ့ သာမန်ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။

Cangzhou မြို့ Huanghua ကျေးရွာရှိ ရွာသူရွာသားများလုပ်ဆောင်ခဲ့တဲ့ရှေးရိုးရာဓလေ့ထုံးတမ်းကို ပြီးခဲ့တဲ့အပတ်က သတင်းတွေမှာဖော်ပြခဲ့ပြီးနောက် အဆိုပါအခမ်းအနားကို လူအများက အာရုံစိုက်နေခဲ့ကြပါတယ်။

Kang ဟာ Li Zhong အမည်ရှိတဲ့ခင်ပွန်းဖြစ်သူကို နားလည်မှုလွှဲသွားခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့တာပါ။Li Zhong နှင့် သူမရဲ့မိသားစုဟာ သင်္ချိုင်းဂူမှာ မမြှုပ်ခင် ရွှေရတနာများနှင့် ကွယ်လွန်သူဇနီးရဲ့ဈာပနအခမ်းအနားအတွက် ယွမ် ၁၀၀၀၀၀ (သိန်း ၂၀၀ ကျော်) သုံးစွဲခဲ့ကြပါတယ်။

Li Zhong က နိုဝင်ဘာ ၁၄ ရက်နေ့မှာ ဇနီးဖြစ်သူရဲ့သင်္ချိုင်းဂူသို့သွားရောက်လည်ပတ်ခဲ့စဉ် သင်္ချိုင်းဂူဟာ အပေါက်ဖြစ်နေပြီး သူမနှင့်အတူ မြှုပ်နှံထားတဲ့ကျောက်မျက်ရတနာများနှင့် အဖိုးတန်ပစ္စည်းများပါ ပျောက်ဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။

Li Zhong ရဲ့မိသားစုက အဆိုပါအဖြစ်အပျက်ကို ရဲဆီတိုင်တန်းခဲ့ပြီး စုံစမ်းကြည့်တော့ ဇနီးKang ရဲ့မိသားစုက သူတို့သမီးရဲ့သင်္ချိုင်းကို ပြန်လည်တူးဖော်ခဲ့ကြောင်း သိသွားခဲ့ရပါတယ်။

တစ်ကယ်တော့ Kang ရဲ့မိသားစုက သူမရဲ့ရုပ်အလောင်းကို ယာဉ်တိုက်မှုကြောင့် သေဆုံးသွားတဲ့အမျိုးသားတစ်ဦးရဲ့မိသားစုဆီသို့ ယွမ် ၈၀,၀၀၀ (သိန်း ၁၆၅ ကျော်) ဖြင့် ရောင်းချခဲ့တာပါ။

Kang ရဲ့မိခင်က Li Zhong ရဲ့မိသားစုဟာ သူတို့ရဲ့မိသားစုသင်္ချိုင်းဂူတွေကို ​အခြားနေရာသို့ပြောင်းရွေ့ခဲ့ပေမဲ့ သမီးဖြစ်သူရဲ့သင်္ချိုင်းဂူကိုတော့ အဆိုပါနေရာမှာဘဲ ထားခဲ့တာကြောင့် ဒေါသထွက်ခဲ့ရပြီး ” ကျွန်မ သူ့ရဲ့သင်္ချိုင်းဂူတစ်ခုလုံးကို မရွှေ့နိုင်တော့ သူ့ရဲ့ရုပ်အလောင်းကိုဘဲ ထုတ်ယူခဲ့တယ် သူ့ကို အထီးကျန်တဲ့တစ္ဆေသရဲအဖြစ် မထားနိုင်လို့ အခုလိုလုပ်ခဲ့တာ” လို့ ရှင်းပြခဲ့ပါတယ်။

သက်ဆိုင်တဲ့မိသားစုနှစ်ခုဟာ အဆိုပါတစ္ဆေလက်ထပ်ထိမ်းမြားပွဲကို နိုဝင်ဘာလ ၂၃ရက်နေ့မှာ ကျင်းပပေးခဲ့ကြပြီး နှစ်ဦးစလုံးရဲ့ရုပ်အလောင်းတွေကို အတူတူမြှုပ်နှံပေးခဲ့ကြပါတယ်။

Mia (Mckzone Daily)