News

စစ်ဝတ်စုံအဟောင်းလေးကိုဝတ်ထားတဲ့ အဘတစ်ယောက် စာအုပ်လေးကိုင်ပြီး မဝံ့မရဲအနားကပ်လာလို့ မေးကြည့်လိုက်တဲ့အခါ

မဝံ့မရဲနဲ့ စစ်ဝတ်စုံအဟောင်းလေးဝတ်ထားတဲ့ အဘတစ်ယောက်ချည်းကပ်လာခဲ့တယ်

တံဆိပ်တွေနဲ့ ဒီနေ့နေ့လည်အလုံက King လဘက်ရည်ဆိုင်မှာနေ့လည်စာစားနေစဉ်စစ်ဝတ်စုံအဟောင်းလေးကိုဝတ်ထားတဲ့အသက်[၇၀]ဝန်းကျင် အဘတယောက် စာအုပ်လေးတွေကိုကိုင်ရင်းမဝံ့မရဲချည်းကပ်လာပါတယ်.

သူနေမကောင်းဖြစ်နေလို့ဆေးခန်းပြစရာငွေလိုနေလို့ စာအုပ်လေးတွေလာရောင်းတာပါပထမတော့လိမ်နေတာများလားထင်ပြီးငြင်းလိုက်မိပါတယ်။ကျွန်တော်တို့စားပွဲက စာအုပ်တအုပ်မှမဝယ်တော့ထော့နဲ့ ထော့နဲ့နဲ့ နောက်တဝိုင်း၊

ပြီးတာ့နောက်တဝိုင်းကိုသွား ၊ခခယယပြောပြီးစာအုပ်လေးတွေရောင်းနေတာတွေ့ရတော့“သူတကယ်ဒုက္ခရောက်နေတာပါလား”လို့တွေးမိပြီးတော်တော်သနားသွားတာနဲ့အဲဒီအဘကိုလှမ်းခေါ်ပြီး။

ငါးထောင်တန်တရွက်ထုတ်ပေးပြီး”အဘဆီက စာအုပ်ဝယ်မယ်နော်”ဆိုပြီးအပေါ်ဆုံးက ဘုရားစာအုပ်ခပ်ပါးပါးလေးကိုပဲရွေးပါတယ်။“အဘကိုကန်တော့တယ်လို့မှတ်ပါအဘ ဒီစာအုပ်လေးကိုပဲ ဝယ်မယ် ပိုတာပြန်မအမ်းနဲ့ “လို့ဆိုတော့။

အဘက”ဒီစာအုပ်က ဈေးပေါပါတယ်ဟောဒီစာအုပ်ယူပါ ကောင်းလဲကောင်းတယ်” ဆိုပြီးအောက်ဆုံးက ဆရာသန်းဝင်းလှိုင်ရဲ့ “ရာဇ ဝင်ထဲက လရာသီ”စာအုပ်ကို လှမ်းပေးပါတယ်။

အဘကျန်းမာရေးအတွက် ဆေးခန်းပြချင်ရင်ဇီဝိတဒါနဆေးရုံက လူOPDကိုလာပြနိုင်ကြောင်း၊ငွေကုန်ကြေးကျနည်းနည်းလေးနဲ့ဆရာဝန်တွေကဇီဝိတဒါနကြည့်ပေးနေကြောင်းဆေးစစ်တာတွေလုပ်ပေးနေကြောင်းကျွန်တော့ဆီလာတွေ့ရင် လိုက်ကူညီပေးမယ်ဆိုတဲ့အကြောင်း”ပြောပြခဲ့ပါတယ်။ကျွန်တော်တို့ကို ဆုတွေပေးပြီးတခြားစားပွဲတွေဆီကျန်တဲ့စာအုပ်လေးတွေရောင်းဖို့တရွေ့ရွေ့သွားနေတဲ့

စစ်သားအိုကြီးရဲ့ကျော ပြင်ကို ငေးကြည့်ရင်း..စစ်ဗိုလ်ချုပ်ကြီးတွေကတော့အငြိမ်းစားယူချိန် တိုက်တွေ၊ကားတွေ၊မြေကွက်တွေ၊ကု မ္ပဏီကြီးတွေ ၊ပင်စင်လစာ အများကြီးနဲ့စည်းစိမ်အပြည့်ရနေချိန်စစ်သား ဟောင်းကြီးတွေကတော့ဘဝတွေ ကစုတ်ပြတ်သတ်ပြီးစာအုပ်လေးတွေလိုက်ရောင်းနေကြရ၊ ဆေးတောင်မကုနိုင်ကြပါလားရင်နာစရာပါလားလို့တရား တွေ ရနေမိတယ်…..

ကျွန်တော်တို့ပြည်သူပြည်သားများသည်နိုင်ငံကိုကာကွယ်စောင့်ရှောက်နေသောစစ် သားများကို မမုန်းပါ။အတ္တစိတ်ကြီးမားလွန်းသောစစ်အာဏာရှင်များကိုတော့ အလွန်မုန်းတီး ရွံရှာကြပါ သည်။Credit

Unicode

မဝံ့မရဲနဲ့ စစ်ဝတ်စုံအဟောင်းလေးဝတ်ထားတဲ့ အဘတစ်ယောက်ချည်းကပ်လာခဲ့တယ်

တံဆိပ်တွေနဲ့ ဒီနေ့နေ့လည်အလုံက King လဘက်ရည်ဆိုင်မှာနေ့လည်စာစားနေစဉ်စစ်ဝတ်စုံအဟောင်းလေးကိုဝတ်ထားတဲ့အသက်[၇၀]ဝန်းကျင် အဘတယောက် စာအုပ်လေးတွေကိုကိုင်ရင်းမဝံ့မရဲချည်းကပ်လာပါတယ်.

သူနေမကောင်းဖြစ်နေလို့ဆေးခန်းပြစရာငွေလိုနေလို့ စာအုပ်လေးတွေလာရောင်းတာပါပထမတော့လိမ်နေတာများလားထင်ပြီးငြင်းလိုက်မိပါတယ်။ကျွန်တော်တို့စားပွဲက စာအုပ်တအုပ်မှမဝယ်တော့ထော့နဲ့ ထော့နဲ့နဲ့ နောက်တဝိုင်း၊

ပြီးတာ့နောက်တဝိုင်းကိုသွား ၊ခခယယပြောပြီးစာအုပ်လေးတွေရောင်းနေတာတွေ့ရတော့“သူတကယ်ဒုက္ခရောက်နေတာပါလား”လို့တွေးမိပြီးတော်တော်သနားသွားတာနဲ့အဲဒီအဘကိုလှမ်းခေါ်ပြီး။ငါးထောင်တန်တရွက်ထုတ်ပေးပြီး”အဘဆီက စာအုပ်ဝယ်မယ်နော်”ဆိုပြီးအပေါ်ဆုံးက ဘုရားစာအုပ်ခပ်ပါးပါးလေးကိုပဲရွေးပါတယ်။

“အဘကိုကန်တော့တယ်လို့မှတ်ပါအဘ ဒီစာအုပ်လေးကိုပဲ ဝယ်မယ် ပိုတာပြန်မအမ်းနဲ့ “လို့ဆိုတော့။အဘက”ဒီစာအုပ်က ဈေးပေါပါတယ်ဟောဒီစာအုပ်ယူပါ ကောင်းလဲကောင်းတယ်” ဆိုပြီးအောက်ဆုံးက ဆရာသန်းဝင်းလှိုင်ရဲ့ “ရာဇ ဝင်ထဲက လရာသီ”စာအုပ်ကို လှမ်းပေးပါတယ်။

အဘကျန်းမာရေးအတွက် ဆေးခန်းပြချင်ရင်ဇီဝိတဒါနဆေးရုံက လူOPDကိုလာပြနိုင်ကြောင်း၊ငွေကုန်ကြေးကျနည်းနည်းလေးနဲ့ဆရာဝန်တွေကဇီဝိတဒါနကြည့်ပေးနေကြောင်းဆေးစစ်တာတွေလုပ်ပေးနေကြောင်းကျွန်တော့ဆီလာတွေ့ရင် လိုက်ကူညီပေးမယ်ဆိုတဲ့အကြောင်း”ပြောပြခဲ့ပါတယ်။ကျွန်တော်တို့ကို ဆုတွေပေးပြီးတခြားစားပွဲတွေဆီကျန်တဲ့စာအုပ်လေးတွေရောင်းဖို့တရွေ့ရွေ့သွားနေတဲ့

စစ်သားအိုကြီးရဲ့ကျော ပြင်ကို ငေးကြည့်ရင်း..စစ်ဗိုလ်ချုပ်ကြီးတွေကတော့အငြိမ်းစားယူချိန် တိုက်တွေ၊ကားတွေ၊မြေကွက်တွေ၊ကု မ္ပဏီကြီးတွေ ၊ပင်စင်လစာ အများကြီးနဲ့စည်းစိမ်အပြည့်ရနေချိန်စစ်သား ဟောင်းကြီးတွေကတော့ဘဝတွေ ကစုတ်ပြတ်သတ်ပြီးစာအုပ်လေးတွေလိုက်ရောင်းနေကြရ၊ ဆေးတောင်မကုနိုင်ကြပါလားရင်နာစရာပါလားလို့တရား တွေ ရနေမိတယ်…..

ကျွန်တော်တို့ပြည်သူပြည်သားများသည်နိုင်ငံကိုကာကွယ်စောင့်ရှောက်နေသောစစ် သားများကို မမုန်းပါ။အတ္တစိတ်ကြီးမားလွန်းသောစစ်အာဏာရှင်များကိုတော့ အလွန်မုန်းတီး ရွံရှာကြပါ သည်။