အဖေ အိုနေပြီလား?
ဘယ်သူမှ အဖေလက်ကိုဆွဲပြီး ဖေးမကူညီဖို့ သတိမရကြဘူး။
ချစ်သူ လက်ကိုဆွဲပြီး ကမ္ဘာပတ်ဖို့ စဉ်းစားနေတဲ့ သားသမီးတွေလောကမှာ တစ်ပုံကြီးပါ။
အဖေ အိုနေပြီးလား?
စားချင်တိုင်းလည်းမစားနိုင် သွားချင်တိုင်းလည်းမသွားနိုင်တဲ့အချိန်မှာ အဖေနဲ့ အတူစားဖို့ အတူလည်ပတ်ဖို့ ဘယ်သားသမီးကမှ
သတိမရကွဘူး။
ချစ်သူနဲ့အတူစား အတူလည်ပတ်ဖို့ စဉ်းစားနေတဲ့ သားသမီးတွေလောကမှာ တစ်ပုံကြီးပါး။
အဖေ အိုနေပြီးလား?
အဖေ အိင်္ကျိ ဆုတ်ပြဲပြီး ဟောင်းနွမ်းနေတာကို ဘယ်သားသမီးကမှအသစ်ဝယ်ပေးဖို့ သတိမရကြဘူး။
ချစ်သူကြတော့ Super market ခေါ်သွားပြီး ဟိုဟာလေးနဲ့လိုက်တယ် ဒီဟာလေးနဲ့ကြည့်ကောင်းတယ်ဆိုပြီးဝယ်ပေးဖို့ စဉ်းစားနေတဲ့ သားသမီးတွေ လောကမှာ တစ်ပုံကြီးပါ။
အဖေ အိုနေပြီးလာ?
အဖေနေမကောင်းဘူးလား ဆေးသောက်ပြီးပြီလားနဖူးပေါ်လက်ကလေးတင်ပြီး မေးဖို့ ဘယ်သားသမီးကမှသတိမရကွဘူး။
ချစ်သူနေမကောင်းရင် ဆေးသောက် ပြီးပြီလား အားရှိအောင် ငှက်သိုက်သောက်နော် စောစောအိပ်ဖို့မမေ့နဲ့ ကျန်းမာရေးကိုဂရုစိုက်ပါလို့ ပြောဖို့ စဉ်းစားနေတဲ့ သားသမီးတွေလောကမှာ တစ်ပုံကြီးပါ။
အဖေ အိုနေပြီးလား?
အဖေက အားအင်တွေကုန်ခမ်းနေလို့ ဘာတစ်ခုမှ မလုပ်နိုင်တဲ့အချိန်မှာ ဝိုင်းကူညီဖို့ ဘယ်သားသမီးကမှ သတိမရကြဘူး။ချစ်သူပင်ပန်းနေပြီးလား ဘာလုပ်ပေးရမလည်း ရေခတ်ပေးရမလားအဝတ်လျှော်ပေးရမလားဆိုတဲ့ သားသမီးတွေလောကမှာ တစ်ပုံကြီးပါ။
အဖေ အိုနေပြီးလား?
ကိုဗစ် ကာလမှာ အပြင်မထွက်ရလို့ အဖေ အဆင်မှပြေပမလားလို့ဘယ်သားသမီးကမှ သတိမရကြဘူး။ချစ်သူကျတော့ အပြင်အထွက်နဲ့ လူစုစုနေရာတွေမသွားနဲ့ရောဂါတွေဖြစ်နေတဲ့အချိန်မှာ အသွားအလာဂရုစိုက်ပါလို့ပြောတဲ့ သားသမီးတွေ လောကမှာ တစ်ပုံကြီးပါ။
အဖေ အိုနေပြီးလား?
အဖေ သေရင် မျက်ရည်ကျမဲ့ သားသမီး ဘယ်သူမှ မရှိကြဘူးဒါပေမယ့် အဖေက နဖူးကချွေး ခြေမကျအောင် ရှာထားတဲ့ဥစ္စာ ပစ္စည်းကိုယူပြီး ချစ်သူနဲ့ ဘဝတစ်ခု တည်ဆောက်ဖို့ စဉ်းစားနေတဲ့သားသမီးတွေ လောကမှာ တစ်ပုံကြီးပါ။
အဖေကို ချစ်သူတစ်ယောက်လောက်တန်ဖိုးမထားချင်နေပါကျေးဇူးမကန်းမိပါစေနဲ့ တစ်နေ့နေ့ ကိုယ်လည်း ဒီအဖေလိုကြီးလာမယ်ဆိုတာ မမေ့ပါနဲ့။
credit: