ထိုင်းနိုင်ငံ စမွတ်ဆာခွန်းမြို့ရှိ ငါးပုဇွန်ဖြန့်ချီရေးအဝယ်ဒိုင်စျေးတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့မှစ၍ အသက် ၆၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးတွင် Covid-19 ရောဂါပိုးတွေ့ရှိသဖြင့် ၄င်း၏မိခင်ဖြစ်သူအသက် ၉၅ နှစ်အရွယ်အပါအဝင်မိသားစုအားလုံးအပါအဝင် မြန်မာအလုပ်သမား အသက် ၄၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အ့ခါးအလုပ်သမားများအပါအဝင် ၁၃ ဦးအထိရှိလာပြီဖြစ်ကြောင်းကျမ္မာရေးဝန်ကြီးဌာနမှထုတ်ပြန်လိုက်သည် ။
ဒီဇင်ဘာလ ၁၉ ရက်နေ့ညနေ ၁၇:၀၀ ချိန်အထိနောက်ဆုံးရသတင်းများအရ အဆိုပါငါးပုဇွန်စျေးအဝယ်ဒိုင်နှငိ့အခြားအလုပ်ရုံများကိုယာယီပိတ်ထားလိုက်ပြီဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားများအားလုံး ၊ စျေးသူစျေးသားများအားလုံး နှာခေါင်းအာခေါင်တို့ဖတ် ( Swab ) များရယူကာ ဓါတ်ခွဲစစ်ဆေးမှုများပြုလုပ်နေကြကြောင်းသိရှိရသည် ။
ယခုလက်ရှိအနေအထားမှာ နောက်ထပ် ထိတွေ့ကူးစက်မှုများရှိနိုင်သည်ဟု သိရှိရသည် ။
Photo #Crd
#SiThuMaung #ဂူစည် #Freelance
#สมุทรสาคร #ติดโควิด