စျေးသည်ဆိုတာ အဲလိုရောင်းရတယ်
🙄 .. 😌
#နောက်ဆုံးတော့ ဖမ်းနိုင်ခဲ့ပြီလေ….
ယနေ့ နေ့လည် မြန်မာစံတော်ချိန် ၂ နာရီခွဲအချိန်တွင်…..ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိဌ ရပ်ကွက်နေပြည်သူတို့၏အကူအညီဖြင့် ဘက်ပေါင်းစုံမှ ပိတ်ဆို့တားဆီး၍ ထို လူ မောင်းနှင်လာသောသုံးဘီးဘေးတွဲဆိုင်ကယ်ရှေ့တွင် သက်စွန့်ဆံဖျားပိတ်ဆို့ကာ အုန်းမွှေးလုံးရောင်းသူအား အမိအရတားစီးပြီး ဝယ်စားနိုင်ခဲ့သည့် ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ကြောင်း…….
ဖြစ်စဥ်မှာ……အုန်းမွှေးလုံးရောင်းသူ အမျိုးသားသည် ယခင် စက်ဘီးဖြင့်ရောင်းစဥ်အခါများတွင် “အုန်းမွှေး” ဟုအသံကြားခဲ့သော်လည်း ရပ်ကွက်အတွင်းရှိလူတချို့သည် နောက်က “လုံး” ပါမလာသည့်အတွက် ဘာအသံ ထပျကွားရမလဲဟုသတိထားစောင့်ကြည့်ခဲ့ရာမှ…
“အုန်းမွှေး” ဆိုသည့် အသံကိုသာကြားရပြီး “လုံး”ဆိုသောစကားမရောက်ခင် ပျောက်ပျောက်သွားသောကြောင့် မည်သူမျှဝယ်မစားနိုင်ခဲ့သည့်ဖြစ်စဥ်များ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်ခဲ့သည်။
နောက်ပိုင်းတွင်…..ထိုအုန်းမွှေးလုံးရောင်းသူမှာ သူ့အားမည်သူမှဝယ်၍ မရနိုင်စေရန်အကြံအစည်ဖြင့် စက်ဘီးအစား ဘေးတွဲဆိုင်ကယ်ကိုမောင်းနှင်၍ရပ်ကွက်အတွင်း၌ ယခင်အော်နေကျ “အုန်းမွှေး” ဆိုသည့်အသံတောင်မကြားရပဲ “အုန်း” ဟူသာတစ်လုံးထဲအော်၍ ပျောက်ပျောက်သွားသည့်ဖြစ်စဥ်များ ထပ်မံဖြစ်ပေါ်လာသောကြောင့်
ရပ်ကွက်နေပြည်သူအချို့ပူးပေါင်း၍ ကင်းပုန်းများချကာ ထိုသူ ဆိုင်ကယ်မောင်းနှင်လာစဥ် သက်စွန့်ဆံဖျား လမ်းပေါ်ခုန်တက်၍ ဘေးတွဲဆိုင်ကယ်ရှေ့တွင် လူအုပ်လိုက်ကြီးပိတ်ဆို့ပြီး တစ်လုံးဘယ်လောက်လဲဟူ၍မေးမေးပြီး ဝယ်စားခဲ့ကြရသည့်ဖြစ်စဥ်တစ်ခုအား မြောက်ဥက္ကလာပ မြို့နယ် အတွင်းရှိဌ ရပ်ကွက် ပိတောက်လမ်းထဲတွင်ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
#ZARNI😁
#CREDIT.