News

“သူကိုးကွယ်တဲ့ ဘာသာထဲကို ဝင်ချင်တယ်ဆိုတဲ့လူကို ပြောခဲ့တဲ့ မဟတ္တမဂန္ဓီ ရဲ့ မှတ်သားဖွယ်စကား”

😃#ကိုယ်ယုံကြည်ကိုးကွယ်ရာသာ
မဟတ္တမဂန္ဓီ မကွယ်လွန်မီက ဖြစ်သည် ။

အမေရိကန် နိုင်ငံမှ အမေရိကန် အမျိုးသား တစ်ဦးက မဟတ္တမဂန္ဒီကို အားကိုး၍ ဟိန္ဒူဘာသာဝင် ဖြစ်လိုကြောင်း မဟတ္တမဂန္ဓီထံ အကြောင်းကြားဖူးသည် ။

ထိုအခါ မဟတ္တမဂန္ဓီက သူ၏ ပြန်ကြားစာ၌ ဘာသာတရား ယုံကြည်ကိုးကွယ်မှု နှင့် ပတ်သက်ပြီး ၎င်း၏အယူအဆကို အောက်ပါအတိုင်း တင်ပြထားခဲ့သည် ။

“ကျွန်တော်က – လူတစ်ဦးတစ်ယောက်ကို ဟိန္ဒူဘာသာထဲ ဝင်ပါလား၊ ခရစ်ယာန်ဘာသာထဲ ဝင်ပါလားလို့ မတိုက်တွန်းဘူး။ မိမိ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားကိုသာယုံကြည်ကိုးကွယ်ပြီး မိမိ ဘာသာတရားထဲက ညွှန်ကြားပြောပြတာတွေကို လိုက်နာကျင့်သုံးပါ လို့ပဲ ပြောချင်တယ် ။

ခရစ်ယာန် ဘာသာဝင်တစ်ယောက်ဖြစ်ရင် ခရစ်ယာန်ဘာသာဝင်ကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားစေချင်တယ် ။

ဟိန္ဒူဘာသာဝင်တစ်ယောက် ဖြစ်ရင် ဟိန္ဒူဘာသာဝင်ကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားစေချင်တယ် ။

အစ္စလာမ်ဘာသာဝင် ဖြစ်တယ် ဆိုရင်လည်း အစ္စလာမ် ဘာသာဝင်ကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားစေချင်တယ် ။

ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်တယ် ဆိုရင်လည်း ဗုဒ္ဓဘာသာဝင်ကောင်း ဖြစ်အောင် ကြိုးစားရမှာပဲ ။

“အဲ့ဒီမှာ ပြောစရာ ရှိတယ်။ ဘာသာတရား တစ်ခုခုကညွှန်ကြားတဲ့ လိုက်နာသင့် လိုက်နာအပ်တဲ့ ကျင့်ဝတ်တွေကိုလိုက်နာခြင်း မပြုခင် ရှေးဦးဆုံး လူသားကောင်း တစ်ယောက် ဖြစ်ဖို့လည်း ကြိုးစား အားထုတ်ရတယ် ။ လူသားတစ်ယောက် – လူသားပီပီသသ ကျင့်ကြံ လိုက်နာရမယ့် ကျင့်ဝတ်သိက္ခာဟာ ကျွန်တော်တို့ အားလုံး ရဲ့ ကနဦး ဘာသာတရား ဖြစ်တယ် ။

“နောက်တစ်ခု ထပ်ပြောပါမယ် ။ ဘာသာတရားတစ်ခုကို မှန်ကန်တဲ့ နည်းလမ်းနဲ့ လိုက်နာကျင့်သုံးတဲ့ ပုဂ္ဂိုလ်ဟာမိမဘာသာတရား နဲ့ သူတစ်ပါး ဘာသာတရားကြား ခွဲခြားတဲ့ အလုပ်ကို မလုပ်ဘူး ။

မန်ဒီရ်-ချာ့ခ်ျ-ဗလီ နဲ့ ဘုရားတန်ဆောင်းပြဿာဒ် ကြားမှာ ဘာကွာဟချက်မှ မဖန်တီးဘူး”ဤပြန်ကြားချက်ကို မြင်တွေ့ရသူအပေါင်းတို့သည်အိန္ဒိယနိုင်ငံ၏မတူကွဲပြားခြားနား နေကြသေဘာသာတရား အားလုံးဟာ မဟတ္တမဂန္ဓီ အပေါ် အဘယ်ကြောင့် တစ်ညီတစ်ညွတ်တည်း လေးစား ကြည်ညိုနေကြသည် ဆိုသည်ကို သဘောပေါက်သွားကြသည်~

Creadit original uploader.