News

ငွေဆောင်ကမ်း​ခြေတွင်​ ရရေဆင်းကူးသည့် ချစ်သူစုံတွဲ ရေနစ်သေဆုံး

မင်းမြတ်​​မောင်​/#ဧရာ၀တီတိုင်းမ်

(ပုသိမ်)ဒီဇင်​ဘာ ၂၀ ရက်​။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ကမ်းခြေတွင်​ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့မှ လာရောက်ရေကူးသည်​့ ချစ်သူစုံတွဲ ​ရေနစ်သေဆုံးခဲ့​ကြောင်​း ဒေသခံများထံက သိရသည်​။

ရေနစ်သေဆုံးခဲ့သည်​့ ချစ်သူစုံတွဲသည်​ ​ငွေ​ဆောင်​မြို့အဝင် စစ်ဆေးရေးဂိတ်တွင်​ ကားရပ်မပေးပဲ မြို့ထဲ​မောင်းဝင်းသွားခြင်းြ​ဖစ်ပြီး ညနေပိုင်းတွင်​ ရေနစ်သည်ကို​သိရသဖြင်​့ ရေငုပ်​တတ်​သူများ၊ ဒေသခံများနှင်​့ ပူးပေါင်းရှာဖွေခဲ့ရ​ကြောင်​း ငွေဆောင်မြို့အုပ်​ချုပ်ရေးမှုးရုံးမှ သိရသည်​။

“ကျွန်​​တော်​တို့ စစ်ဆေးရေးလုပ်နေချိန် နေ့လည်ပိုင်းလောက်က ဝင်သွားတာ တားလိုက်သေးတယ်။ အတင်းမောင်းဝင်သွားတာပါ၊ ညနေပိုင်း ရောက်တော့ ရေနစ်တာကြား​တော့ ရေငုပ်​တက်တဲ့ ​ဒေသခံတွေနဲ့ရှာတော့ ကောင်မလေးအလောင်းကို အရင်ပြန်တွေ့ပါတယ်။ မနက်ပိုင်းမှ ကောင်လေးအလောင်းကို ပြန်တွေ့တာပါ”ဟု ငွေဆောင်မြို့အုပ်​ချုပ်ရေးမှုး ဦးဝင်းကျော်က ​ပြောသည်​။

ရေနစ်သေဆုံးခဲ့သည်​့ စုံတွဲကို တာဝန်ရှိသူများမှ ချက်ခြင်းလိုက်လံ ရှာဖွေခဲ့သော်​လည်​း ညနေ ၆ နာရီ ဝန်းကျင်မှ မိန်းကလေးအလောင်းကို အရင်ရှာ​တွေခဲ့ပြီး ဒီနေ့ မနက်ပိုင်းတွင်​ သောင်ပြင်မှာ ယောကျၤားလေးအလောင်းကို ပြန်လည်ရှာဖွေနိုင်ခဲ့ခြင်​း ဖြစ်​​ကြောင်​းသိရသည်​။

ငွေဆောင်ကမ်းခြေတွင်​ ရေနစ်သေဆုံးခဲ့သည်​့ ချစ်သူစုံတွဲသည်​ ပုသိမ်မြို့ ၊ အမှတ် (၅) ရပ်ကွက်နှင်​့ အမှတ် (၆)ရပ်ကွက်တွင်​ေ ​နေထိုင်သူများဖြစ်ပြီး ၂ ဦးလုံးမှာ အသက် ၂၀ ကျော် ဝန်းကျင်ရှိလူငယ်​များဖြစ်​​ကြောင်​း ရဲမှတ်တမ်းများအရ သိရသည်​။
​ရေနစ်သေဆုံးမှုနှင်​့ ပတ်သက်ပြီး ငွေဆောင်နယ်မြေရဲစခန်းတွင်​ သေမှုသေခင်း ဖွင်​့လှစ်စစ်ဆေးနေပြီး အလောင်းကိုတော့ ပုသိမ်မြို့တွင်​ ပြန်လည်သဂြိုလ်မည်​ဖြစ်​​ကြောင်​း သိရသည်​။

ဓါတ်ပုံ – ကိုချစ်ဦး

#ငွေဆောင် #ရေနစ်သေဆုံးမှု