News

“မိန်းကလေးပုံကို Fb မှာတင်ပြီး “ကျနော်ကြိတ် …..ခဲ့ရတဲ့ ချစ်မမ”ဟု ရေးသားသူကို အမှုဖွင့် အရေးယူ”

ကျောက်တံခါး ဒီဇင်ဘာ(၂၀)ရက်

ပဲခူးတိုင်းဒေသကြီးကျောက်တံခါးမြို့နယ် အောင်မြင်မြို့ တောကျွဲအင်း နယ်မြေရဲစခန်းအပိုင်တွင် ဒီဇင်ဘာ(၁၉)ရက်နေ့ နေ့လည် ၂နာရီခွဲ အချိန်တွင် ကြာအင်းကုန်း ကျေးရွာအုပ်စု ဆင်ဆိပ်ကလေးကျေးရွာနေ ဦး——–သည် နေအိမ်တွင်ရှိနေစဉ် လွန်ခဲ့သော(၂)နှစ် ကတည်းက ထိုင်းနိုင်ငံရှိ စက်ရုံတစ်ရုံတွင် အလုပ်သွားရောက် လုပ်ကိုင်နေသည့် သမီးဖြစ်သူ မ——–(၂၂)နှစ် ဆင်ဆိပ်ကလေးကျေးရွာ ကြာအင်းကုန်းကျေးရွာအုပ်စု(ခေတ္တထိုင်းနိုင်ငံ)နေသူမှ

၂၀၂၀ ဒီဇင်ဘာ(၁၅)ရက် ည၉နာရီခွဲ အလုပ်နားချိန်တွင် ဖခင်ဖြစ်သူ ဦး——ထံ အွန်လိုင်းမှတဆင့် ဖုန်းဆက်အကြောင်းကြားသည်မှာ တစ်ရွာတည်းနေ ကျော်မင်းနောင်(၂၀)နှစ်ခန့်(ဘ)ဦးကျော်ရှိန် ဆင်ဆိပ်ကလေးကျေးရွာ ကြာအင်းကုန်း ကျေးရွာအုပ်စု နေသူသည် လူမှုကွန်ယက် Facebook စာမျက်နှာပေါ်တွင် နှောင်ကြိုးမဲ့သံယောဇဉ် Facebook အမည်ဖြင့်အသုံးပြု ဖွင့်လှစ်ထားသော အကောင့်တွင်

မ—-၏ ဓာတ်ပုံနှင့် ကျော်မင်းနောင် တို့၏ ဓာတ်ပုံအား အတူယှဉ်တွဲကာ ကျွန်တော်ကြိတ်—ခဲ့ရတဲ့ ချစ်မမဟုညစ်ညမ်းစွာ ဖော်ပြရေးသား၍ တင်ထားသည်ကို တွေ့ရှိရသဖြင့် မ—–မှ မည်သည့် အတွက်ကြောင့် တင်ထားတာလဲဟု Messenger မှတစ်ဆင့် စကားပြောဆို မေးမြန်းခဲ့ပြီးနောက် မ——-မှ မိဘများအားပြော၍ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပြီး ခဲအိုဖြစ်သူ ကို———– ဆင်ဆိပ်ကလေးကျေးရွာ ကြာအင်းကုန်းကျေးရွာ

နေသူ၏ ထံသို့လည်း Facebook Messenger တစ်ဆင့် အကျိုးအကြောင်းထပ်မံပြောပြထားရှိကြောင်း မ—-မှ ပြောပြခဲ့၍ သိရှိခဲ့ရပြီး ဖြစ်စဉ်နှင့် ပတ်သတ်ပြီးသမီးဖြစ်သူမ——–အား လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဂုဏ်သိက္ခာများ ကျဆင်း၍ အရှက်တကွဲဖြစ်စေအောင် ပြုလုပ်သူ ကျော်မင်းနောင် အား ဥပဒေအရ အရေးယူ ပေးပါရန် မ—-၏ ကိုယ်စားလှယ် လွှဲစာနှင့် အတူ ဖခင်ဖြစ်သူ ဦး—-မှ တိုင်စာဖြင့်တရားလိုပြုလုပ်တိုင်တန်းလာသဖြင့်

တောကျွဲအင်းနယ်မြေ ရဲစခန်းမှ (ပ)၁၉၉/၂၀၂၀ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားရှိပြီး အမှုအား စခန်းမှူး ရဲအုပ်မင်းလွင်မှ လက်ခံစစ်ဆေးလျှက်ရှိပြီး တရားခံအား အမြန်ဖမ်းဆီးရမိရေး အတွက်ဆောင်ရွက်နေလျှက်ရှိကြောင်း သိရှိရပါသည်

မျိုးနိုင်-ကျောက်တံခါး

ZPLUS-သတင်းအေဂျင်စီ