News

“ကျန်းမာရေးကြောင့် ဆေးရုံတက်နေရင်း အလှူငွေ သိန်း (၂၆၀) နှင့် လူနာတင်ကား (၁)စီး လှူဒါန်းလိုက်တဲ့ အမျိုးသမီး”

မစုစုထွန်း(ခ)စုရတနာ အတွက် မေတ္တာများ ပို့သပေးကြပါ။

ဆရာတော်ထံ နဝကမ္မ သိန်း ၂၆၀ လှူဒါန်းပေးသောမစုစုထွန်း(ခ)စုရတနာ မှ ကိုကြီးနှင့်ညီအစ်ကိုမောင်နှမများ ပရဟိတအဖွဲ့ သို့ Ambulance တစ်စီး ဝယ်ယူရန် သိန်း ၁၁၀ ကျပ် ကို လှူဒါန်းပေးပါတယ်။

မစုစုထွန်း(ခ)စုရတနာ ခံစားနေရသော ရောဂါဝေဒနာများ သက်သာ၊ ပျောက်ကင်းပါစေ။သက်ရှည် ကျန်းမာ ချမ်းသာပါစေ။Ambulance_တစ်စီးသိန်း(၁၁၀)အလှူတော်နတ်လှူသာဓုခေါ်စေသောဝ်။

လူတိုင်းခက်ခဲနေတဲ့ ဒီလိုအချိန်မျိုးမှာအများအတွက် ငါးထောင်၊တစ်သောင်းလှူပေးနိုင်ဖို့ဆိုတာ မလွယ်ကူကြဘူး။အခုက ငါးထောင်၊ တစ်သောင်းတောင်မဟုတ်ဘူး… ငါးသိန်း ဆယ်သိန်းမကသိန်း(၁၁၀) တန် လူနာတင်ကားလှူပါရစေတဲ့။

ပိုပြီးအံ့သြရတာက ကိုယ်တွေကသာဆေးရုံတွေက လူနာတွေကို လှူပေးခဲ့ကြတာအခုတော့ ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ဝေဒနာရှင်အစ်မတစ်ယောက်က ကိုယ်တွေရဲ့ Team KG ကိုပြန်လှူတာ။

လက်ရှိအခြေအနေမှာ အခုလိုလှူနိုင်ဖို့ဆိုတာတော်ရုံ သဒ္ဓါစိတ်နဲ့မရပါဘူး။ပိုပြီးပီတိဖြစ်ရတာက လက်ရှိကာလမှာအသင်းကြီးတွေထက် လူသိပ်မသိတဲ့ကိုယ်တွေ Team KG လို အသင်းငယ်လေးကိုယုံယုံကြည်ကြည် လှူဒါန်းပေးတဲ့အတွက်ပိုပြီးကျေးဇူးတင်မိတယ်။

တနေ့ကပဲ လှူဖို့ပြောတယ်မနေ့ကချက်ချင်း အလှူငွေလွှဲပေးတော့အံ့သြရသလို ဝမ်းလည်းဝမ်းသာရပါတယ်။ဒီနေ့တော့ အစ်မရဲ့ဆေးရုံမှာပဲဂုဏ်ပြုမှတ်တမ်း သွားပေးပြန်တော့အသင်းရဲ့ Volunteer ကလေးတွေအတွက်ဂုဏ်ပြုချီးမြင့်အလှူငွေ (၁)သိန်းနဲ့ဆေးဝါးစရိတ်ထောက်ပံ့ငွေ (၁)သိန်းထပ်မံ လှူဒါန်းပေးပြန်ပါတယ်။

ဒီလိုအလှူရှင်တွေကြောင့် ကိုယ်တွေလိုပရဟိတအသင်းတွေ ရပ်တည်နေနိုင်သလိုအများအတွက် ပိုပြီးကူညီနေနိုင်ကြတဲ့အတွက်အလှူရှင်မိသားစုတွေကို ကျေးဇူးတင်မိပါတယ်

Ambulance KG#10

အလှူရှင် #မစုစုထွန်း(ခ)စုရတနာနှင့် မိသားစုများ

ကောင်းကျိုးထပ်တူ ရရှိနိုင်ကြပြီးပျော်ရွှင်ခြင်း၊ စိတ်ချမ်းသာခြင်းတွေပြည့်စုံလို့အမြန်ဆုံး ကျန်းမာပါစေကြောင်းTeam KG မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ခင်ဗျာ။

#ကိုကြီး

၀၉၅၁၉၅၄၂၀

#ကိုကြီးနှင့်ညီအစ်ကိုမောင်နှမများပရဟိတအဖွဲ့။

Ko Gyi & Helping Hands (Team KG)

အမှတ်(၁၈) တတိယထပ် သမိန်ဗရမ်းလမ်း တာမွေ(Orange Super Market ရှေ့)