News

“အိမ်ထောင်သည် အချင်းချင်း ခိုးပြေးသူ(၂) ဦး ကြိုးတန်းလန်းနဲ့ သေဆုံးနေ”

ကျောက်ကြီး ဒီဇင်ဘာ၁၉ရက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် သိမ်တန်းရပ်ကွက် အပိုင်း(၂)၏အရှေ့ဘက် တစ်မိုင်ခန့်အကွာ ဆင်မတောင်ပေါ်တွင် ဒီဇင်ဘာ၁၈ရက်နေ့နံနက်ပိုင်းကလူငယ်နှစ်ဦးကြိုးဆွဲချ၍ သေဆုံးလျှက်တွေ့ရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာမောင်ညီဇော်နိုင်(၂၄)နှစ်(ဘ)ဦးမြင့်စန်း သိမ်တန်းရပ်ကွက် အပိုင်း(၂)ကျောက်ကြီးမြို့နေသူနှင့် မစုမြတ်နိုင် (၂၃)နှစ်(ဘ)ဦးခင်ဝင်း (လိပ်စာတူ)နှစ်ဦးသည် လွန်ခဲ့သော(၂)ပတ်ကျော်ခန့်ကနှစ်ဦးသဘောတူခိုးပြေးခဲ့ကြပြီး နှစ်ဦးလုံးတွင်အိမ်ထောင် ကာမပိုင်ကိုယ်စီရှိကြပြီးအမှု့ဖွင့်အရေးယူခံရမည်ကိုကြောက်သောကြောင့် ပုန်းရှောင်လျှက်ရှိရာမှ ဒီဇင်ဘာ၁၈ရက်နံနက်၇နာရီခွဲအချိန်ခန့်က နော်ဂေရီဖော ၃၆နှစ်(ဘ)ဦးမောလဝီး သိမ်တန်းရပ်ကွက်အပိုင်း(၂)ကျောက်ကြီးမြို့နယ်နေသူသည် ဆင်မတောင်ပေါ်သို့ ထင်းခွေသွားစဉ်

လူနှစ်ဦးကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိခဲ့၍ အိမ်သို့ပြန်လာပြီး ရာအိမ်မှူးထံသို့ သတင်းပေးပို့ခဲ့ရာ ရာအိမ်မှူးမှတစ်ဆင့် ကျောက်ကြီးမြို့မရဲစခန်းသို့ သွားရောက်အကြောင်းကြာရာ တာဝန်မှူး ဒုရဲအုပ် မျိုးမင်းဟန်နှင့်အဖွဲ့တို့သည် သက်သေရွာလူကြီးများနှင့်အတူ အခင်းဖြစ်နေရာသို့ သွာရောက်စစ်ဆေးခဲ့ရာမောင်ညီဇော်နိုင်နှင့် မစုမြတ်နိုးတို့နှစ်ဦးသည် လုံးပတ်တစ်ပေခန့်အမြင့်ရှိ(၁၅)ပေခန့်ရှိဖက်တန်းပင်တွင်နိုင်လွန်ကြိုးအရှည်(၁၀)ပေခန့်ဖြင့် ၎င်းတို့နှစ်ဦးမှာကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိခဲ့ရပြီးlသေဆုံးသူနှစ်ဦးအားကျောက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ရဲဆေးစာဖြင့်ပို့ဆောင်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီးကျောက်ကြီးမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၆/၂၀၂၀ဖြင့် သတင်းချက်ရေးဖွင့်ထားရှိကာဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် ဒုရဲအုပ်မျိုးမင်းဟန်မှစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ဇင်မင်းကို(ကျောက်ကြီး)

#ကျောက်ကြီးမြို့နယ်

#ကြိုးဆွဲချ

M4news မှကူးယူဖော်ပြသည်။

Crd

#ဝေယံသဃ်န်းကျွန်း