News

ကိုဗစ္ေပ်ာက္ကင္းသြားလို႔ေပ်ာ္ရမလားေတြးတယ္ သူနဲ႕ဆက္စပ္တဲ့ေရာဂါက ပိုေၾကာက္စရာပဲ

ကိုဗစ္ေပ်ာက္ကင္းသြားသူေတြမွာ ေသဆုံးႏိုင္တဲ့ ျပင္းထန္မႈိေရာဂါ ျဖစ္ပြားေၾကာင္း အိႏၵိယဆရာဝန္မ်ားေတြ႕ရွိ

ကိုဗစ္ကူးစက္ခံရမႈကေန ျပန္လည္သက္သာလာခဲ့တဲ့ လူနာတခ်ိဳ႕ဆီမွာ ျဖစ္ေတာင့္ျဖစ္ခဲ မႈိေရာဂါတစ္မ်ိဳးျဖစ္ပြားႏိုင္ၿပီး အသက္ေသဆုံးႏိုင္တဲ့အထိ ရင္ဆိုင္ရႏိုင္တယ္လို႔ အိႏၵိယဆရာဝန္ေတြက သတိေပးလိုက္ပါတယ္။

နယူးေဒလီက ဆာဂမ္ဂါရမ္ ေဆး႐ုံက ဆရာဝန္ေတြက အစီရင္ခံစာ ထုတ္ျပန္ခဲ့တာျဖစ္ၿပီး ဒါဇင္နဲ႔ခ်ီတဲ့ ျပန္လည္သက္သာလာသူေတြဟာ ျပင္းထန္တဲ့ မႈိေရာဂါကို ခံစားခဲ့ရေၾကာင္း ဆိုပါတယ္။

ပုံမွန္အားျဖင့္ ရက္ေပါင္း ၁၅ ရက္ကေန ၃၀ ရက္အထိ ၾကာျမင့္ေလ့ရွိတဲ့ ျမဴကိုမိုင္ကိုးဆစ္ မႈိဟာ ကိုဗစ္ျဖစ္ပြားဖူးတဲ့ လူနာေတြဆီမွာ ၂ရက္ကေန ၃ ရက္အတြင္း ျမန္ဆန္စြာျဖစ္ပြားေနတယ္လို႔ သိရပါတယ္။

ဒီမႈိဟာ ကိုယ္ခႏၶာအတြင္းပိုင္းက ဘယ္ေနရာမွာမဆို ပ်ံ႕ႏွံႏိုင္ၿပီး ပ်ံ႕ႏွံ႔တဲ့ ေနရာေပၚမူတည္ကာ ဆိုးဝါးတဲ့ရလဒ္ေတြျဖစ္ေပၚေစႏိုင္တယ္လို႔လည္း ဆိုပါတယ္။

တခ်ိဳ႕ျဖစ္စဥ္ေတြမွာေတာ့ ဒီမႈိေရာဂါေၾကာင့္ ႏွာေခါင္းနဲ႔ေမး႐ိုးကို ဖယ္ထုတ္ရႏိုင္ၿပီး မ်က္စိအျမင္ ဆုံးရႈံးႏိုင္ေခ်လည္းရွိေနပါတယ္။ ဒါ့အျပင္ ဦးေႏွာက္အတြင္း ပ်ံ႕ႏွံ႔ခဲ့မယ္ဆိုပါက လူနာေတြရဲ႕ ေသဆုံးႏႈန္းဟာ ၅၀ % အထိရွိတယ္ဆိုတာကိုလည္း တုန္လႈပ္ဖြယ္ရာ စစ္ေဆးေတြ႕ရွိခဲ့ၾကရပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္ႏွစ္ပတ္ေက်ာ္ခန္႔က ေဆး႐ုံမွာ လူနာ ၁၀ ဦးကို ခြဲစိတ္ကုသခဲ့ရၿပီး မႈိစြဲေနတဲ့ တစ္ရႉးစေတြကို ဖယ္ထုတ္ခဲ့ရပါတယ္။ လူနာငါးဦးဟာ အျမင္အာ႐ုံ ဆုံးရႈံးခဲ့ၿပီးေတာ့ ငါးဦးကေတာ့ ေသဆုံးခဲ့ပါတယ္။

စီနီယာခြဲစိတ္ဆရာဝန္တစ္ဦးျဖစ္တဲ့ ေဒါက္တာမန္နစ္ရွ္မန္ဂ်ယ္လ္က အိႏၵိယ ေအအန္အိုင္ သတင္းေအဂ်င္စီကို ရွင္းျပခဲ့ရာမွာေတာ့ ဒီမႈိေရာဂါဟာ ကိုဗစ္ေၾကာင့္ ကိုယ္ခံအားနည္းပါးတဲ့ လူနာေတြကို ပိုမိုၿပီး အက်ိဳးသက္ေရာက္ေစတယ္လို႔ ဆိုပါတယ္။

ကိုယ္ခံအားစနစ္ရဲ႕ ဆိုက္တိုကိုင္း တုန္႔ျပန္မႈကို အသုံးခ်ၿပီး ခႏၶာကိုယ္အတြင္းကို မႈိကဝင္ေရာက္ႏိုင္ဖြယ္ရွိတယ္လို႔လည္း သုံးသပ္ခဲ့ၾကပါတယ္။ “သူက ႏွာေခါင္းရင္းကေန မ်က္စိ၊ ဦးေႏွာက္ကို ျဖတ္သန္းသြားပါတယ္၊ စမ္းသပ္လို႔ ေတြ႕ရွိျခင္းမရွိရင္ ရက္ေပါင္းမ်ားစြာၾကာၿပီးေနာက္ ေရာဂါျဖစ္ပြားသူေတြရဲ႕ ၅၀ % အထိကို ေသေစႏိုင္ပါတယ္” လို႔ ေဒါက္တာမန္ဂ်ယ္လ္က ေျပာပါတယ္။

ကူးစက္ေရာဂါ ကြၽမ္းက်င္သူ ေဒါက္တာအတူလ္ပါတယ္လ္ကလည္း ဒီမႈိေရာဂါဟာ ျပန္လည္သက္သာလာတဲ့ ကိုဗစ္လူနာေတြဆီမွာ အမ်ားစုျဖစ္ပြားၿပီး ၿပီးခဲ့တဲ့ ၃ လအတြင္းမွာ ပိုမိုသိသာခဲ့တယ္လို႔ မွတ္တမ္းေတြရွိေၾကာင္း ဆိုပါတယ္။

ဒီမႈိေရာဂါရဲ႕ လကၡဏာေတြကေတာ့ မ်က္ႏွာတျခမ္းေယာင္ရမ္းျခင္း၊ ေခါင္းကိုက္ျခင္း၊ အဖ်ားတက္ျခင္း၊ ႏွာေခါင္းပိတ္ျခင္း၊ ႏွာေခါင္း ဒါမွမဟုတ္ ပါးစပ္အတြင္းမွာ အနက္ေရာက္အစက္အေျပာက္ေတြ ႀကီးထြားလာမႈေတြ ပါဝင္တယ္လို႔ အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

————–

ကိုဗစ်ပျောက်ကင်းသွားသူတွေမှာ သေဆုံးနိုင်တဲ့ ပြင်းထန်မှိုရောဂါ ဖြစ်ပွားကြောင်း အိန္ဒိယဆရာဝန်များတွေ့ရှိ

ကိုဗစ်ကူးစက်ခံရမှုကနေ ပြန်လည်သက်သာလာခဲ့တဲ့ လူနာတချို့ဆီမှာ ဖြစ်တောင့်ဖြစ်ခဲ မှိုရောဂါတစ်မျိုးဖြစ်ပွားနိုင်ပြီး အသက်သေဆုံးနိုင်တဲ့အထိ ရင်ဆိုင်ရနိုင်တယ်လို့ အိန္ဒိယဆရာဝန်တွေက သတိပေးလိုက်ပါတယ်။

နယူးဒေလီက ဆာဂမ်ဂါရမ် ဆေးရုံက ဆရာဝန်တွေက အစီရင်ခံစာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒါဇင်နဲ့ချီတဲ့ ပြန်လည်သက်သာလာသူတွေဟာ ပြင်းထန်တဲ့ မှိုရောဂါကို ခံစားခဲ့ရကြောင်း ဆိုပါတယ်။

ပုံမှန်အားဖြင့် ရက်ပေါင်း ၁၅ ရက်ကနေ ၃၀ ရက်အထိ ကြာမြင့်လေ့ရှိတဲ့ မြူကိုမိုင်ကိုးဆစ် မှိုဟာ ကိုဗစ်ဖြစ်ပွားဖူးတဲ့ လူနာတွေဆီမှာ ၂ရက်ကနေ ၃ ရက်အတွင်း မြန်ဆန်စွာဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဒီမှိုဟာ ကိုယ်ခန္ဓာအတွင်းပိုင်းက ဘယ်နေရာမှာမဆို ပျံ့နှံနိုင်ပြီး ပျံ့နှံ့တဲ့ နေရာပေါ်မူတည်ကာ ဆိုးဝါးတဲ့ရလဒ်တွေဖြစ်ပေါ်စေနိုင်တယ်လို့လည်း ဆိုပါတယ်။

တချို့ဖြစ်စဉ်တွေမှာတော့ ဒီမှိုရောဂါကြောင့် နှာခေါင်းနဲ့မေးရိုးကို ဖယ်ထုတ်ရနိုင်ပြီး မျက်စိအမြင် ဆုံးရှုံးနိုင်ချေလည်းရှိနေပါတယ်။ ဒါ့အပြင် ဦးနှောက်အတွင်း ပျံ့နှံ့ခဲ့မယ်ဆိုပါက လူနာတွေရဲ့ သေဆုံးနှုန်းဟာ ၅၀ % အထိရှိတယ်ဆိုတာကိုလည်း တုန်လှုပ်ဖွယ်ရာ စစ်ဆေးတွေ့ရှိခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်ကျော်ခန့်က ဆေးရုံမှာ လူနာ ၁၀ ဦးကို ခွဲစိတ်ကုသခဲ့ရပြီး မှိုစွဲနေတဲ့ တစ်ရှူးစတွေကို ဖယ်ထုတ်ခဲ့ရပါတယ်။ လူနာငါးဦးဟာ အမြင်အာရုံ ဆုံးရှုံးခဲ့ပြီးတော့ ငါးဦးကတော့ သေဆုံးခဲ့ပါတယ်။

စီနီယာခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာမန်နစ်ရှ်မန်ဂျယ်လ်က အိန္ဒိယ အေအန်အိုင် သတင်းအေဂျင်စီကို ရှင်းပြခဲ့ရာမှာတော့ ဒီမှိုရောဂါဟာ ကိုဗစ်ကြောင့် ကိုယ်ခံအားနည်းပါးတဲ့ လူနာတွေကို ပိုမိုပြီး အကျိုးသက်ရောက်စေတယ်လို့ ဆိုပါတယ်။

ကိုယ်ခံအားစနစ်ရဲ့ ဆိုက်တိုကိုင်း တုန့်ပြန်မှုကို အသုံးချပြီး ခန္ဓာကိုယ်အတွင်းကို မှိုကဝင်ရောက်နိုင်ဖွယ်ရှိတယ်လို့လည်း သုံးသပ်ခဲ့ကြပါတယ်။

“သူက နှာခေါင်းရင်းကနေ မျက်စိ၊ ဦးနှောက်ကို ဖြတ်သန်းသွားပါတယ်၊ စမ်းသပ်လို့ တွေ့ရှိခြင်းမရှိရင် ရက်ပေါင်းများစွာကြာပြီးနောက် ရောဂါဖြစ်ပွားသူတွေရဲ့ ၅၀ % အထိကို သေစေနိုင်ပါတယ်” လို့ ဒေါက်တာမန်ဂျယ်လ်က ပြောပါတယ်။

ကူးစက်ရောဂါ ကျွမ်းကျင်သူ ဒေါက်တာအတူလ်ပါတယ်လ်ကလည်း ဒီမှိုရောဂါဟာ ပြန်လည်သက်သာလာတဲ့ ကိုဗစ်လူနာတွေဆီမှာ အများစုဖြစ်ပွားပြီး ပြီးခဲ့တဲ့ ၃ လအတွင်းမှာ ပိုမိုသိသာခဲ့တယ်လို့ မှတ်တမ်းတွေရှိကြောင်း ဆိုပါတယ်။

ဒီမှိုရောဂါရဲ့ လက္ခဏာတွေကတော့ မျက်နှာတခြမ်းယောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ အဖျားတက်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာခေါင်း ဒါမှမဟုတ် ပါးစပ်အတွင်းမှာ အနက်ရောက်အစက်အပြောက်တွေ ကြီးထွားလာမှုတွေ ပါဝင်တယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။