Cele News

The Voice Myanmar မွာ ဝင္ၿပိဳင္လိုက္တာ အေႂကြးေတြအမ်ားႀကီး တင္သြားတယ္ဆိုတဲ့ ေတးသံရွင္ ဘဝ

The Voice Myanmar ဝင္ၿပိဳင္လိုက္တာ အေႂကြးေတြအမ်ားႀကီးတင္သြားတယ္ဆိုတဲ့ ၿပိဳင္ပြဲဝင္ဘဝ

The Voice Myanmar Season 3 ရဲ႕ ၿပိဳင္ပြဲဝင္ ဘဝကေတာ့ ၿပီးခဲ့တဲ့အပတ္ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္သူ႔ရဲ႕ ခံစားခ်က္ေတြကို Fashion Magazine Myanmarရဲ႕ အင္တာဗ်ဴးမွာအခုလိုေျပာျပလာပါတယ္။

“ ၿပိင္ပြဲၿပီးတဲ့အခ်ိန္မွာ ဖုန္းေတြ ပိတ္ၿပီးေနပစ္လိုက္တယ္။အခုမွပဲ စိတ္ထိခိုက္တာေလး နည္းနည္းသက္သာသြားတာပါ။ကိုယ္ေမွ်ာ္လင့္ထားတဲ့ အရာေတြကလည္းျဖစ္မလာတာေၾကာင့္ပါ။အခုေတာ့လည္းအဆင္ေျပသြားပါၿပီ။

ဒါေပမယ့္ ကိုယ္လိုခ်င္တဲ့ target ကေတာ့ ၈၀ ရာခိုင္ႏႈန္းေလာက္ျပည့္လိုက္တယ္။ဖိုင္နယ္ေရာက္မွ ၁၀၀ ရာခိုင္ႏႈန္းေပါ့ေနာ္။ဘာပဲျဖစ္ျဖစ္ ဒီေလာက္ထိေရာက္လာႏိုင္တာပဲ မဆိုးဘူးေျပာရမွာေပါ့။အရင္ကလည္း ပရိတ္သတ္ေတြပိုသိလာတယ္ဆိုေတာ့ ေရွ႕ဆက္ ပိုၿပီး ႀကိဳးစားသြားရမွာေပါ့။

အေမကည္း ငါ့သား ကံက ဒီေလာက္ပဲ ပါလာလို႔ ဒီေလာက္ပဲရတာ စိတ္ထဲ ဘာမွ မထားနဲ႔လို႔ဆုံးမလို႔ အေမ့ကိုလည္း ဘာမွမျဖစ္ဘူး ေအးေဆးလို႔ ေျပာလိုက္တယ္။ဒီၾကားထဲ ကံေတြဘာေတြ ေကာင္းၿပီး ထီေတြ ဘာေတြ ထေပါက္ရင္ေတာ့ အိမ္ေတြ ဘာေတြ ေဆာက္ႏိုင္မွာေပါ့ေလ။ၿပိဳင္ပြဲလည္းၿပီးသြားေတာ့ ကိုယ္နဲ႔ အတူတူ ၿပိဳင္ခဲ့တဲ့ ေဘာ္ဒါေတြကိုလည္းသတိရတယ္။

ဖိုင္နယ္တက္သြားတဲ့ သူငယ္ခ်င္းေတြလည္း ႀကိဳးစားၾကပါ “ လို႔ ဘဝက ဆိုပါတယ္။သူ႔အေနနဲ႔ The Voice Myanmar မွာ လာေရာက္ယွဥ္ၿပိဳင္ဖို႔ သူငယ္ခ်င္းေတြဆီကေန ပိုက္ဆံေခ်းခဲ့ရၿပီးအေႂကြးေတြလည္းတင္ေနတယ္လို႔ ဘဝက ဆိုပါတယ္။“ ၿပိဳင္ပြဲဝင္ၿပိဳင္လိုက္တာ အေႂကြးေတြအမ်ားႀကီးတင္သြားတယ္။

အခုေတာ့ ေခါင္းေပၚမွာအေႂကြးေတြပုံေနၿပီ။ၿပိဳင္ပြဲအတြက္ ရန္ကုန္ကို သြားရမယ္ဆိုေတာ့ သူငယ္ေတြခ်င္းေတြကို ဟိုတစ္ေယာက္ဆီကေန လွည့္ေခ်းလိုက္၊ဒီတစ္ေယာက္ဆီကေန လွည့္ေခ်းလိုက္နဲ႔ ေခ်းထားတာ။အကုန္လုံးကိုလည္း ျပန္ဆပ္ပါ့မယ္။ ယုံၾကည္ေပးၾကပါ” လို႔ ဘဝကေျပာပါတယ္။

ဘဝကိုေတာ့ ရက္ေဂးသီခ်င္းေတြ သီဆိုတတ္သူတစ္ဦိးအျဖစ္ The Voice Myanmar ( Season 1 ) မွာကတည္းက ပရိတ္သတ္ေတြသတိထားမိခဲ့ၾကတာျဖစ္ပါတယ္။

Season 1 ရဲ႕ Blind Audition အဆင့္မွာကတည္းက ရႈံးနိမ့္ခဲ့ၿပီးေနာက္ Season 3 မွာ မေက်ပြဲႏႊဲၿပီးျပန္လည္လာေရာက္ယွဥ္ၿပိဳင္ရင္းကေန ဆီမီးဖိုင္နယ္အဆင့္ထိ တက္ေရာက္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

(Unicode)

The Voice Myanmar မှာ ဝင်ပြိုင်လိုက်တာ အကြွေးတွေအများကြီး တင်သွားတယ်ဆိုတဲ့ တေးသံရှင် ဘဝ

The Voice Myanmar Season 3 ရဲ့ ပြိုင်ပွဲဝင် ဘဝကတော့ ပြီးခဲ့တဲ့အပတ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက်သူ့ရဲ့ ခံစားချက်တွေကို Fashion Magazine Myanmarရဲ့ အင်တာဗျူးမှာအခုလိုပြောပြလာပါတယ်။

“ ပြိင်ပွဲပြီးတဲ့အချိန်မှာ ဖုန်းတွေ ပိတ်ပြီးနေပစ်လိုက်တယ်။အခုမှပဲ စိတ်ထိခိုက်တာလေး နည်းနည်းသက်သာသွားတာပါ။ကိုယ်မျှော်လင့်ထားတဲ့ အရာတွေကလည်းဖြစ်မလာတာကြောင့်ပါ။အခုတော့လည်းအဆင်ပြေသွားပါပြီ။ဒါပေမယ့် ကိုယ်လိုချင်တဲ့ target ကတော့ ၈၀ ရာခိုင်နှုန်းလောက်ပြည့်လိုက်တယ်။

ဖိုင်နယ်ရောက်မှ ၁၀၀ ရာခိုင်နှုန်းပေါ့နော်။ဘာပဲဖြစ်ဖြစ် ဒီလောက်ထိရောက်လာနိုင်တာပဲ မဆိုးဘူးပြောရမှာပေါ့။အရင်ကလည်း ပရိတ်သတ်တွေပိုသိလာတယ်ဆိုတော့ ရှေ့ဆက် ပိုပြီး ကြိုးစားသွားရမှာပေါ့။

အမေကည်း ငါ့သား ကံက ဒီလောက်ပဲ ပါလာလို့ ဒီလောက်ပဲရတာ စိတ်ထဲ ဘာမှ မထားနဲ့လို့ဆုံးမလို့ အမေ့ကိုလည်း ဘာမှမဖြစ်ဘူး အေးဆေးလို့ ပြောလိုက်တယ်။ဒီကြားထဲ ကံတွေဘာတွေ ကောင်းပြီး ထီတွေ ဘာတွေ ထပေါက်ရင်တော့ အိမ်တွေ ဘာတွေ ဆောက်နိုင်မှာပေါ့လေ။ပြိုင်ပွဲလည်းပြီးသွားတော့ ကိုယ်နဲ့ အတူတူ ပြိုင်ခဲ့တဲ့ ဘော်ဒါတွေကိုလည်းသတိရတယ်။

ဖိုင်နယ်တက်သွားတဲ့ သူငယ်ချင်းတွေလည်း ကြိုးစားကြပါ “ လို့ ဘဝက ဆိုပါတယ်။သူ့အနေနဲ့ The Voice Myanmar မှာ လာရောက်ယှဉ်ပြိုင်ဖို့ သူငယ်ချင်းတွေဆီကနေ ပိုက်ဆံချေးခဲ့ရပြီးအကြွေးတွေလည်းတင်နေတယ်လို့ ဘဝက ဆိုပါတယ်။“ ပြိုင်ပွဲဝင်ပြိုင်လိုက်တာ အကြွေးတွေအများကြီးတင်သွားတယ်။

အခုတော့ ခေါင်းပေါ်မှာအကြွေးတွေပုံနေပြီ။ပြိုင်ပွဲအတွက် ရန်ကုန်ကို သွားရမယ်ဆိုတော့ သူငယ်တွေချင်းတွေကို ဟိုတစ်ယောက်ဆီကနေ လှည့်ချေးလိုက်၊ဒီတစ်ယောက်ဆီကနေ လှည့်ချေးလိုက်နဲ့ ချေးထားတာ။အကုန်လုံးကိုလည်း ပြန်ဆပ်ပါ့မယ်။ ယုံကြည်ပေးကြပါ” လို့ ဘဝကပြောပါတယ်။

ဘဝကိုတော့ ရက်ဂေးသီချင်းတွေ သီဆိုတတ်သူတစ်ဦိးအဖြစ် The Voice Myanmar ( Season 1 ) မှာကတည်းက ပရိတ်သတ်တွေသတိထားမိခဲ့ကြတာဖြစ်ပါတယ်။

Season 1 ရဲ့ Blind Audition အဆင့်မှာကတည်းက ရှုံးနိမ့်ခဲ့ပြီးနောက် Season 3 မှာ မကျေပွဲနွှဲပြီးပြန်လည်လာရောက်ယှဉ်ပြိုင်ရင်းကနေ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။