News

မိသားစုဓါတ္ပုံေလးကိုကိုင္ၿပီး ငိုေနတဲ့ ကိုရင္ေလးရဲ့အျဖစ္

လြမ္းတယ္ အေမ

နဖူးေလးစမ္းၿပီးအပူတိုင္းတတ္တဲ့

အေမ့ ရဲ့လက္တစ္စုံကို လြမ္းတယ္

ဘာစားခ်င္လည္းလို႔ခဏခဏ ေမးတဲ့

အေမ့ ရဲ့စကားသံေလးေလးကို လြမ္းတယ္

ေလစိမ္းေတြ ထြက္မခံပါနဲ႔ဆိုတဲ့

အေမ့ ရဲ့သတိေပးသံေလးကိုလည္း လြမ္းတယ္

ပူပူေႏြးေႏြးနဲ႔အေမ့ လက္ရာဆန္ျပဳတ္တစ္ခြက္ကိုလည္း လြမ္းတယ္

ငယ္ဘဝ ငယ္ညေတြက

အေမ နဲ႔ပတ္သက္သမၽွ

အရာအားလုံးကိုလြမ္းတယ္ အေမ

အခုေတာ့ အေမ ——

ေဝးတစ္ေၿမ နယ္တစ္ျခားက

စာသင္သားတစ္ေယာက္ဘဝရဲ့ အျဖစ္ကို

အေမ သိေလမလား

အေမ့ အျမင္မွာ မသိသာေပမယ့္

သား ရင္မွာ အထိနာခဲ့ရသူပါ အေမ

မိုးထိလို႔အဖ်ားမိေနေပမယ့္

မရပ္နားနိုင္ ဆြမ္းထြက္ရျပန္တယ္ အေမ

သဒၶါဆြမ္းမရပ္ရင္

တစ္ထြာဝမ္းငတ္တဲ့အျဖစ္ အေမ သိေလမလား

ဝိကာလေနအလြဲမွာ

လူတကာလို စားေသာက္ပိုင္ခြင့္ကမရွိ

ဗိုက္ဆာဆာနဲ႔စာေတြေအာ္က်တ္ခဲ့ရတဲ့အျဖစ္

အေမ သိေလမလား

ရြယ္တူသူငယ္ခ်င္းေတြေပ်ာ္ပါးေနခိုက္

ေပ်ာ္စရာေဘးကပ္

အ႒ကထာေတြ တိုးက်ပ္ေနရတဲ့အျဖစ္

အေမ သိေလမလား

ယုယမဲ့သူမရွိ..ျပဳစုမဲ့သူမရွိ

အရြယ္နဲ႔မမၽွေအာင္ ရင့္က်တ္ေန ရတဲ့သားအျဖစ္

အေမ ျမင္လွည့္ပါေတာ့ အေမ

“သာသနာက ေအးခ်မ္းပါတယ္” ဆိုတဲ့ အေမ့စကား

သား ဘယ္လိုနားလည္ရမလဲ အေမ

တကယ္ေတာ့ အေမ

ထင္သေလာက္မလြယ္ တဲ့ဒီသာသနာမွာ

ေပ်ာ္လို႔ေနတာေတာ့ မဟုတ္ပါဘူး အေမ

အေမ့ ရည္မွန္းခ်က္ေတြတြက္

ေဝဒနာေတြကို ကြယ္ဝွက္

ေဒသနာေတြနဲ႔ေနတတ္ေအာင္ႀကိဳးစားေနသူပါ အေမ

ဒါေတြ အေမ သိပါေစ ။ ။

လြမ္းတယ္အေမ

အေမ့ေက်းဇူးစပ္နိုင္ၾကပါေစ

credit

unicode

မိသားစုဓါတ်ပုံလေးကိုကိုင်ပြီး ငိုနေတဲ့ ကိုရင်လေးရဲ့အဖြစ်

လွမ်းတယ် အမေ

နဖူးလေးစမ်းပြီးအပူတိုင်းတတ်တဲ့

အမေ့ ရဲ့လက်တစ်စုံကို လွမ်းတယ်

ဘာစားချင်လည်းလို့ခဏခဏ မေးတဲ့

အမေ့ ရဲ့စကားသံလေးလေးကို လွမ်းတယ်

လေစိမ်းတွေ ထွက်မခံပါနဲ့ဆိုတဲ့

အမေ့ ရဲ့သတိပေးသံလေးကိုလည်း လွမ်းတယ်

ပူပူနွေးနွေးနဲ့အမေ့ လက်ရာဆန်ပြုတ်တစ်ခွက်ကိုလည်း လွမ်းတယ်

ငယ်ဘဝ ငယ်ညတွေက

အမေ နဲ့ပတ်သက်သမျှ

အရာအားလုံးကိုလွမ်းတယ် အမေ

အခုတော့ အမေ ——

ဝေးတစ်မြေ နယ်တစ်ခြားက

စာသင်သားတစ်ယောက်ဘဝရဲ့ အဖြစ်ကို

အမေ သိလေမလား

အမေ့ အမြင်မှာ မသိသာပေမယ့်

သား ရင်မှာ အထိနာခဲ့ရသူပါ အမေ

မိုးထိလို့အဖျားမိနေပေမယ့်

မရပ်နားနိုင် ဆွမ်းထွက်ရပြန်တယ် အမေ

သဒ္ဓါဆွမ်းမရပ်ရင်

တစ်ထွာဝမ်းငတ်တဲ့အဖြစ် အမေ သိလေမလား

ဝိကာလနေအလွဲမှာ

လူတကာလို စားသောက်ပိုင်ခွင့်ကမရှိ

ဗိုက်ဆာဆာနဲ့စာတွေအော်ကျတ်ခဲ့ရတဲ့အဖြစ်

အမေ သိလေမလား

ရွယ်တူသူငယ်ချင်းတွေပျော်ပါးနေခိုက်

ပျော်စရာဘေးကပ်

အဋ္ဌကထာတွေ တိုးကျပ်နေရတဲ့အဖြစ်

အမေ သိလေမလား

ယုယမဲ့သူမရှိ..ပြုစုမဲ့သူမရှိ

အရွယ်နဲ့မမျှအောင် ရင့်ကျတ်နေ ရတဲ့သားအဖြစ်

အမေ မြင်လှည့်ပါတော့ အမေ

“သာသနာက အေးချမ်းပါတယ်” ဆိုတဲ့ အမေ့စကား

သား ဘယ်လိုနားလည်ရမလဲ အမေ

တကယ်တော့ အမေ

ထင်သလောက်မလွယ် တဲ့ဒီသာသနာမှာ

ပျော်လို့နေတာတော့ မဟုတ်ပါဘူး အမေ

အမေ့ ရည်မှန်းချက်တွေတွက်

ဝေဒနာတွေကို ကွယ်ဝှက်

ဒေသနာတွေနဲ့နေတတ်အောင်ကြိုးစားနေသူပါ အမေ

ဒါတွေ အမေ သိပါစေ ။ ။

လွမ်းတယ်အမေ

အမေ့ကျေးဇူးစပ်နိုင်ကြပါစေ

credit