News

(၇)နှစ်သမီးလေး မှားယွင်းပြီး မှာလိုက်တဲ့ အော်ဒါကို Delivery သမား(၄၂)ယောက် သွားရောက် ပို့ဆောင်ခဲ့တဲ့ ဖြစ်ရပ်

ေႏွးေကြးတဲ့အင္တာနက္လိုင္းဆြဲအားနဲ႔ အပ္ပလီေကးရွင္းစနစ္ခ်ိဳ႕ယြင္းမႈေတြဟာ သင့္ကို ကံေကာင္းဆိုးမႈတစ္ခုနဲ႔ ႀကဳံေတြ႕သြားေစႏိုင္ပါတယ္။ အေၾကာင္းကေတာ့ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ(၂၅)ရက္ေန႔က ဖိလစ္ပိုင္ႏိုင္ငံမွာ အသက္ခုနႏွစ္အ႐ြယ္သာရွိေသးတဲ့

ကေလးမေလးတစ္ေယာက္ဟာ အစားအေသာက္ေတြကို ဖုန္းအပ္ပလီေကးရွင္းကတစ္ဆင့္ မွားယြင္းၿပီးေအာ္ဒါမွာခဲ့မိတာေၾကာင့္ food panda အစားအေသာက္ပို႔ေဆာင္ေရးသမား(၄၂)ေယာက္ခန႔္ဟာ တစ္ၿပိဳင္နက္တည္း အိမ္ကိုေရာက္ရွိလာတာေၾကာင့္ပဲျဖစ္ပါတယ္။

ထိုအျဖစ္အပ်က္ဟာ Dan Kayne Suarez ဆိုသူရဲ႕ ေဖ့စ္ဘုတ္လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ တိုက္႐ိုက္႐ိုက္ကူးထုတ္လႊင့္ခဲ့မႈေၾကာင့္ တႏွင့္တပိုးေၾကာက္မက္ဖြယ္ food panda ပို႔ေဆာင္ေရးသမားမ်ားစုေဝးပြဲႀကီးအျဖစ္ ပ်ံ႕ႏွံသြားခဲ့ပါတယ္။ထိုသူရဲ႕အဆိုအရ က‌ေလးမေလးဟာ မိဘႏွစ္ပါးအလုပ္သြားေနခ်ိန္ သူမနဲ႔ သူမရဲ႕အဘြားအတြက္ ၾကက္ေၾကာ္ႏွစ္ဘူးကို မွာယူဖို႔ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး

သူမရဲ႕မိဘေတြကလည္း သူမကို အပ္ပလီေကးရွင္းအသုံးျပဳပုံကို သင္ၾကားေပးခဲ့ဖူးတာေၾကာင့္ျဖစ္တယ္လို႔ဆိုပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ အလြန္ေႏွးတဲ့အင္တာနက္လိုင္းဆြဲအားေၾကာင့္ အဆိုပါအပ္ပလီေကးရွင္းဟာ သူမရဲ႕ေအာ္ဒါမွာယူမႈ၌ ခ်ိဳ႕ယြင္းမႈတစ္ခုျဖစ္ခဲ့ေၾကာင္း ထပ္တလဲလဲျပေနခဲ့ပါတယ္။ အႀကိမ္ေလးဆယ္ေက်ာ္ႀကိဳးစား ေအာ္ဒါမွာခဲ့ၿပီးေနာက္မွာ ေအာင္ျမင္ခဲ့ေပမဲ့ ကေလးမေလး သတိမထားလိုက္မိတာက ေရွ႕ကမွာယူခဲ့တဲ့ေအာ္ဒါေတြလည္း ေအာင္ျမင္သြားခဲ့တယ္ဆိုတာပါပဲ။

သူမဟာ ပို႔ေဆာင္ေရးသမားေတြ အစုလိုက္ႀကီးကို ျမင္ေတြ႕လိုက္ရတဲ့အခ်ိန္မွာေတာ့ ငိုပါေတာ့တယ္။ ၾကက္ေၾကာ္တစ္ဘူးအတြက္ (189)ပီဆိုးနဲ႔ သူမရဲ႕မ်ားျပားလွတဲ့မွာယူမႈေတြအတြက္ (7938)ပီဆိုးေပးေဆာင္ရမွာျဖစ္ၿပီး

သူမအတြက္ေတာ့ မွာယူမႈတစ္ခုအတြက္သာ ေပးေခ်ဖို႔ေငြရွိခဲ့တာျဖစ္ပါတယ္။“ကေလးမေလးကငိုေနတာ သူမ ဘာျဖစ္ခဲ့တယ္ဆိုတာေတာင္မသိဘူး အရမ္းသနားဖို႔ေကာင္းတယ္”လို႔ Suarez က Sun Star သတင္းစာတိုက္ကို ေျဖၾကားခဲ့ပါတယ္။ အျခားတစ္ေယာက္ရဲ႕ေျပာၾကားခ်က္အရ Suarez အပါအဝင္ ကေလးမေလးရဲ႕အိမ္နီးနားခ်င္းေတြဟာ

ပို႔ေဆာင္ေရးသမားေတြဆီက ၾကက္ေၾကာ္ဘူးေတြကို ခြဲေဝဝယ္ခဲ့ၾကတယ္လို႔သိရပါတယ္။ အိမ္နီးနားခ်င္းေတြဝယ္ေနစဥ္မွာ အခ်ိဳ႕ပို႔ေဆာင္ေရးသမားေတြဟာ ေငြေပးေခ်မႈေတာင္ လက္မခံေတာ့ဘဲ သူတို႔ရဲ႕ေနာက္ထပ္အမွာေတြကိုပို႔ေဆာင္ဖို႔ ထြက္ခြာသြားခဲ့တယ္လို႔လည္း သိရပါတယ္။

မိနစ္ႏွစ္ဆယ္အၾကာ ဗီဒီယိုအဆုံးမွာေတာ့ လမ္းတစ္ခုလုံးမွာ ပန္းေရာင္ food panda သမားေတြ ရွင္းသြားခဲ့ပါၿပီ။ Suarez ကေတာ့ မိဘေတြ ကိုယ့္ကေလးေတြ ဖုန္းသုံးေနတာျဖစ္ျဖစ္ တစ္ခုခုမွာယူေတာ့မွာျဖစ္ျဖစ္ ေစာင့္ၾကည့္ေပးၾကပါလို႔ ေျပာခဲ့ပါတယ္။

Unicode

နှေးကွေးတဲ့အင်တာနက်လိုင်းဆွဲအားနဲ့ အပ်ပလီကေးရှင်းစနစ်ချို့ယွင်းမှုတွေဟာ သင့်ကို ကံကောင်းဆိုးမှုတစ်ခုနဲ့ ကြုံတွေ့သွားစေနိုင်ပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၅)ရက်နေ့က ဖိလစ်ပိုင်နိုင်ငံမှာ အသက်ခုနနှစ်အရွယ်သာရှိသေးတဲ့

ကလေးမလေးတစ်ယောက်ဟာ အစားအသောက်တွေကို ဖုန်းအပ်ပလီကေးရှင်းကတစ်ဆင့် မှားယွင်းပြီးအော်ဒါမှာခဲ့မိတာကြောင့် food panda အစားအသောက်ပို့ဆောင်ရေးသမား(၄၂)ယောက်ခန့်ဟာ တစ်ပြိုင်နက်တည်း အိမ်ကိုရောက်ရှိလာတာကြောင့်ပဲဖြစ်ပါတယ်။

ထိုအဖြစ်အပျက်ဟာ Dan Kayne Suarez ဆိုသူရဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်ခဲ့မှုကြောင့် တနှင့်တပိုးကြောက်မက်ဖွယ် food panda ပို့ဆောင်ရေးသမားများစုဝေးပွဲကြီးအဖြစ် ပျံ့နှံသွားခဲ့ပါတယ်။ထိုသူရဲ့အဆိုအရ က‌လေးမလေးဟာ မိဘနှစ်ပါးအလုပ်သွားနေချိန် သူမနဲ့ သူမရဲ့အဘွားအတွက် ကြက်ကြော်နှစ်ဘူးကို မှာယူဖို့ကြိုးပမ်းခဲ့တာဖြစ်ပြီး

သူမရဲ့မိဘတွေကလည်း သူမကို အပ်ပလီကေးရှင်းအသုံးပြုပုံကို သင်ကြားပေးခဲ့ဖူးတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ကံမကောင်းစွာနဲ့ပဲ အလွန်နှေးတဲ့အင်တာနက်လိုင်းဆွဲအားကြောင့် အဆိုပါအပ်ပလီကေးရှင်းဟာ သူမရဲ့အော်ဒါမှာယူမှု၌ ချို့ယွင်းမှုတစ်ခုဖြစ်ခဲ့ကြောင်း ထပ်တလဲလဲပြနေခဲ့ပါတယ်။ အကြိမ်လေးဆယ်ကျော်ကြိုးစား အော်ဒါမှာခဲ့ပြီးနောက်မှာ အောင်မြင်ခဲ့ပေမဲ့ ကလေးမလေး သတိမထားလိုက်မိတာက ရှေ့ကမှာယူခဲ့တဲ့အော်ဒါတွေလည်း အောင်မြင်သွားခဲ့တယ်ဆိုတာပါပဲ။

သူမဟာ ပို့ဆောင်ရေးသမားတွေ အစုလိုက်ကြီးကို မြင်တွေ့လိုက်ရတဲ့အချိန်မှာတော့ ငိုပါတော့တယ်။ ကြက်ကြော်တစ်ဘူးအတွက် (189)ပီဆိုးနဲ့ သူမရဲ့များပြားလှတဲ့မှာယူမှုတွေအတွက် (7938)ပီဆိုးပေးဆောင်ရမှာဖြစ်ပြီး

သူမအတွက်တော့ မှာယူမှုတစ်ခုအတွက်သာ ပေးချေဖို့ငွေရှိခဲ့တာဖြစ်ပါတယ်။“ကလေးမလေးကငိုနေတာ သူမ ဘာဖြစ်ခဲ့တယ်ဆိုတာတောင်မသိဘူး အရမ်းသနားဖို့ကောင်းတယ်”လို့ Suarez က Sun Star သတင်းစာတိုက်ကို ဖြေကြားခဲ့ပါတယ်။ အခြားတစ်ယောက်ရဲ့ပြောကြားချက်အရ Suarez အပါအဝင် ကလေးမလေးရဲ့အိမ်နီးနားချင်းတွေဟာ

ပို့ဆောင်ရေးသမားတွေဆီက ကြက်ကြော်ဘူးတွေကို ခွဲဝေဝယ်ခဲ့ကြတယ်လို့သိရပါတယ်။ အိမ်နီးနားချင်းတွေဝယ်နေစဉ်မှာ အချို့ပို့ဆောင်ရေးသမားတွေဟာ ငွေပေးချေမှုတောင် လက်မခံတော့ဘဲ သူတို့ရဲ့နောက်ထပ်အမှာတွေကိုပို့ဆောင်ဖို့ ထွက်ခွာသွားခဲ့တယ်လို့လည်း သိရပါတယ်။

မိနစ်နှစ်ဆယ်အကြာ ဗီဒီယိုအဆုံးမှာတော့ လမ်းတစ်ခုလုံးမှာ ပန်းရောင် food panda သမားတွေ ရှင်းသွားခဲ့ပါပြီ။ Suarez ကတော့ မိဘတွေ ကိုယ့်ကလေးတွေ ဖုန်းသုံးနေတာဖြစ်ဖြစ် တစ်ခုခုမှာယူတော့မှာဖြစ်ဖြစ် စောင့်ကြည့်ပေးကြပါလို့ ပြောခဲ့ပါတယ်။