ဗဟုသုတ

အညာမှာပေါတဲ့ ကဆစ်သီး ဒီလောက်တန်ဖိုးကြီးတာ အခုမှသိတယ်

အညာမှာပေါတဲ့ ကဆစ်သီး ဒီလောက်တန်ဖိုးကြီးတာ အခုမှသိတယ်

ကဆစ်သီး

ကဆစ်ပင်သည် ဆေးဘက်ဝင်အပင်မျိုးဖြစ်ကာအသီးတွင် အခါးမျိုးနှင့် အချဉ်မျိုးဟုနှစ်မျိုးတွေ့ရပြီး၊ လေပွခြင်း၊ လည်ချောင်းနာခြင်း၊ အသည်းရောင်အသားဝါ၊ သွေးအားနည်းရောဂါ၊ ဆီးဆေးနှင့် အကိုက်အခဲပျောက် ဆေးများဖော်စပ်ရာတွင် သုံးသည်ဟုဆိုပါသည်။

အိန္ဒိယနိုင်ငံ ဒေသတချို့တွင် ကဆစ်သီးကို နံနက်စာတွင် ထည့်စားခြင်းဖြင့် အစာချေဖျက်အား ကောင်းစေပြီး၊ အဆာခံကာ အလုပ်ကိုပိုမိုလုပ်နိုင်သည်ဟု ယုံကြည်ကြသည်။အညာမှာတော့ ယာခင်းထွက် ကဆစ်သီးကို အမျိုးမျိုးပြုလုပ် စားသုံးကြပါတယ်။

ကဆစ်သီး အမှည့်ကို စားလို့ရပါတယ်။ သခွားမွှေးသီးနဲ့ အရသာဆင်ပါတယ်။ ကဆစ်သီးကိုတော့ မီးဖုတ်ပြီး ထောင်းစားကြသလို၊ ကဆစ်သီး ငပိချက်ဟာလည်း လူကြိုက်များပါတယ်။ ကဆစ်သီးကို ချဉ်ပေါင်ရွက်နဲ့အတူ ချဉ်ရည်ဟင်းချက်စားကြသလို၊ အမဲ၊ ဝက်၊ ကြက်စတဲ့ အသားများနဲ့လည်း ရောချက် စားကြပါတယ်။

သမားတော်တိုင်းရင်းဆေး

ကိုယ်တိုင် စားဘူးသူများမှ သွေးတိုး နှလုံး ဆီးချို ကျောက်ကပ် ရောဂါများအတွက် အထူးကောင်းသည်ဟု ပြောပါသည်။

ဦးမြကြိုင်

အညာမွာေပါတဲ့ ကဆစ္သီး ဒီေလာက္တန္ဖိုးႀကီးတာ အခုမွသိတယ္

ကဆစ္သီး

ကဆစ္ပင္သည္ ေဆးဘက္ဝင္အပင္မ်ိဳးျဖစ္ကာအသီးတြင္ အခါးမ်ိဳးႏွင့္ အခ်ဥ္မ်ိဳးဟုႏွစ္မ်ိဳးေတြ႕ရၿပီး၊ ေလပြျခင္း၊ လည္ေခ်ာင္းနာျခင္း၊ အသည္းေရာင္အသားဝါ၊ ေသြးအားနည္းေရာဂါ၊ ဆီးေဆးႏွင့္ အကိုက္အခဲေပ်ာက္ ေဆးမ်ားေဖာ္စပ္ရာတြင္ သုံးသည္ဟုဆိုပါသည္။

အိႏၵိယနိုင္ငံ ေဒသတခ်ိဳ့တြင္ ကဆစ္သီးကို နံနက္စာတြင္ ထည့္စားျခင္းျဖင့္ အစာေခ်ဖ်က္အား ေကာင္းေစၿပီး၊ အဆာခံကာ အလုပ္ကိုပိုမိုလုပ္နိုင္သည္ဟု ယံုၾကည္ၾကသည္။အညာမွာေတာ့ ယာခင္းထြက္ ကဆစ္သီးကို အမ်ိဳးမ်ိဳးျပဳလုပ္ စားသုံးၾကပါတယ္။

ကဆစ္သီး အမွည့္ကို စားလို့ရပါတယ္။ သခြားေမႊးသီးနဲ႔ အရသာဆင္ပါတယ္။ ကဆစ္သီးကိုေတာ့ မီးဖုတ္ၿပီး ေထာင္းစားၾကသလို၊ ကဆစ္သီး ငပိခ်က္ဟာလည္း လူႀကိဳက္မ်ားပါတယ္။ ကဆစ္သီးကို ခ်ဥ္ေပါင္ရြက္နဲ႔အတူ ခ်ဥ္ရည္ဟင္းခ်က္စားၾကသလို၊ အမဲ၊ ဝက္၊ ၾကက္စတဲ့ အသားမ်ားနဲ႔လည္း ေရာခ်က္ စားၾကပါတယ္။

သမားေတာ္တိုင္းရင္းေဆး

ကိုယ္တိုင္ စားဘူးသူမ်ားမွ ေသြးတိုး ႏွလံုး ဆီးခ်ိဳ ေက်ာက္ကပ္ ေရာဂါမ်ားအတြက္ အထူးေကာင္းသည္ဟု ေျပာပါသည္။

ဦးျမၾကိဳင္