News

“နေစရာမရှိတဲ့ ကျူးကျော်တွေနဲ့ ဝန်ထမ်းတွေကို သူပိုင်တဲ့ မြေ ဧက ၂၀၀ ကျော်ထဲမှာ ရွာတည်ပေးမယ့် မြေသူဌေးကြီး”(ရုပ်သံ)

မွန်ပြည်နယ်တွင်နေစရာမြေမရှိသူများကို သူဌေးတစ်ဦးမှ ၎င်းပိုင်ရာဘာစိုက်ခင်း ဧကနှစ်ရာကျော်ကိုရွာတည်ပေးမည်ဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းကပြောသည်။

ဒီဇင်ဘာ၁၆ရက်ဆက်သွယ်မေးမြန်းရာတွင် Dwave သတင်းဌာနသို့ သံဖြူဇရပ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းကပြောကြားခဲ့သည်။

“သူကရွာသုံးရွာတည်ရမှာ။နှစ်ရွာက ကျွန်တော့်မြို့နယ်ထဲမှာရှိတယ်။တစ်ရွာကတော့တာမုဒုံမြို့နယ်ထဲမှာသွားရှိတယ်။တာပသွန်ဆိုတဲ့ရွာမှာအဲဒါကဧက၁၆၈ဧကရှိတယ်။အဲဒါက၁၆၈ဧကလုံးလုံးလုပ်လို့မရဘူး။ဘေးခြံတွေကနည်းနည်းပါးပါးရောင်းထားတယ်။အနည်းဆုံးဧက၁၅၀ဧကအထက်မှာရှိတယ်။အိမ်ခြေနှစ်ထောင်ဝင်မယ်။

တစ်ဧကကိုအိမ်ခြံကွက်၁၆ကွက်ဝင်မယ်။နောက်တစ်ရွာက သံဖြူဇရပ်နဲ့ ဘုရားသုံးဆူကားလမ်းဘေးမှာ အဲဒီခြံကဧက၈၀ရှိတယ်။အဲဒါကပုံစံ ၇ထုတ်နေတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးကလည်းလုပ်ပေးတယ် အစိုးရအဖွဲ့ကိုလည်းတောင်းထားပြီးပြီး ။ဘယ်အဆင့်ထိရောက်ပြီးလဲဆိုရင် ခရိုင်ကော်လိပ်တော်အရာရှိစစ်ဆေးနေပြီ။နောက်တစ်ရွာကကားလမ်းဘေးပဲ။ စက်ရုံအလုပ်ရုံတွေရောင်းရင်တောင်သိန်းထောင်ချီရတာကို သူကရွာတည်မှာ။ကျူးကျော်နေတဲ့သူတွေအတွက်ကို ပေးမှာပေါ့။ဝန်ထမ်းဆိုလည်း ၁၀နှစ်နေထိုင်ရင်သူကပေးမယ်ပြောတယ်”ဟု ၎င်းကပြောသည်။

သံဖြူဇရပ်မြို့နယ်၏ အကျယ်အဝန်းသည် ၃၂၇ စတုရန်းမိုင်ရှိ၍ ကျေးရွာအုပ်စုပေါင်း ၂၁ ရွာပါဝင်ပြီး မြို့နယ်တစ်ခုလုံးတွင် လူဦးရေသည် ၁၇၀,၄၈၀ ယောက် (၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ)ရှိကြောင်းသိရသည်။

ကျူးကျော်အိမ်ခြေမဲ့မှမဟုတ်ပါဘူး

ဝန်ထမ်းများလည်းလျှောက်ထါးနိုင်ပါတယ်။

ဥပမာ၊။ ၊ကျောင်းဆရာ၊ဆရာမပေါ့။တာဝန်ကျရာတာဝန်ထမ်း။နွေကျောင်းပိတ်တော့သူလှူရာနေ။ဆယ်နှစ်ပြည့်ကအမည်လွှဲပေး။မည်အဲခါကျပေါင်ပေါင်ရောင်းရောင်းကြိုက်သလိုလုပ်။လို့ပြောပါတယ်

ရုပ်သံကြည့်ရန်

အများစုမှာ မွန်တိုင်းရင်းသားများနေထိုင်ကြပြီး စိုက်ပျိုးရေးလုပ်ငန်း ၊ရော်ဘာစေးလုပ်ငန်း၊ထင်းလုပ်ငန်း၊ ဆားချက်လုပ်ငန်းတို့ကိုလုပ်ကိုင်ကြကြောင်းသိရသည်။

D-Wave