News

“ယခုလ ထိုင်းထီ ပထမဆု ပေါက်တဲ့ မြန်မာဇနီးမောင်နှံ ငွေထုတ်ပြီးလို့ မြန်မာပြည် လွှဲလိုက်ပါပြီ”

ထိုင်းထီ ပထမဆု(1)စောင် ထိုင်းဘတ်ငွေ(6)သန်းကံထူးရှင်ဇနီး​မောင်နှံအား AAC အဖွဲ့မှ ဆုငွေထုတ်ပေးပြီး မြန်မာပြည်ဘဏ်သို့ ငွေပို့ပေးလိုက်ပါပြီ…

ယခုအပတ် 16-12-2020 ရက်နေ့ထုတ် ထိုင်းအစိုးရထီ အမြင့်ဆုံးဆု ဘတ်ခြောက်သန်း ပထမဆုကြီးကိုထိုင်းနိုင်ငံ ဘန်ကောက်မြို့ စူစဝပ်နယ်မြေ 78 လမ်းမှပလပ်စတစ်အလုပ်ရုံတွင် လုပ်ကိုင်နေသော ကိုမျိုးမင်းဦးနှင့် မသန္တာစိုး ဇနီးမောင်နှံမှ ဆွတ်ခူးခဲ့ရာ AAC အဖွဲ့ထံ ဆက်သွယ်လာပြီး ထီဆုငွေထုတ်ယူခိုင်းခဲ့ပါသည်။

ပုံ-18/12/2020 ရက်နေ့ ဘန်ကောက်မြို့ ထီဆုငွေများထုတ်ယူရာ ထိုင်းဗဟိုဘဏ်ကြီးရှေ့တွင် ထီဆုငွေ ထုတ်ယူပြီးနောက် AAC ဒါရိုတ်တာဦးခိုင် နှင့်အဖွဲ့သားများ ကံထူးရှင်မိသားစုအား တွေ့ရစဉ်…

မြန်မာပြည်မှာတော့ ပဲခူးတိုင်း သာယာဝတီမြို့နယ်စီနှစ်ခွကျေးရွာဇာတိဖြစ်ပြီး အလုပ်ရုံမှ ထိုင်းလူမျိုးရောင်းသော ထီလက်မှတ်ကိုကံစမ်းရာမှ ထီပေါက်ခဲ့ပြီး AAC က လုံခြုံရေးမှစ၍ အစစအရာရာတာဝန်ယူ ဆုငွေထုတ်ယူပေးပြီးနောက် မြန်မာပြည် ဘဏ်ထဲအရောက် ငွေလွှဲပို့ဆောင်ပေးခဲ့ပါသည်။

AAC အနေနဲ့ ထိုင်းထီပထမဆုပေါက်သူ မြန်မာများအား ထီဆုငွေများ ”အခမဲ့” ထုတ်ယူပေးခဲ့ရာ (23)ဦးမြောက်ရှိပြီ ဖြစ်ပါကြောင်း….

လကုန်မှာ သဌေးလောင်းခံယူမယ့်သူတွေများများ ပြန် Share ပေးခြင်းဖြင့် ကံကောင်းကြပါစေ…

ရဲမင်း(AAC မဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ)

ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေး…