News

ကိုဗစ်ကြောင့် ICU ထဲ ရောက်လာတဲ့ သားအမိ (၂) ယောက်ရဲ့ ကြေကွဲဖွယ် အဖြစ်”

သားအမိ ၂ယောက် Positive ထွက်တယ် သမီးကအရင် ICU ရောက်လာတယ် အခြေအနေ မကောင်းဘူး

အမေလည်း ရောက်လာတယ် နည်းနည်း သက်သာလာတယ်

သမီးနဲ့ အမေ က ကုတင်ချင်း မျက်စောင်းထိုးမှာ ဆိုတော့ ဘာလုပ်လုပ် မြင်နေရတာပေါ့

ညကျတော့ ကိုယ် ဝင်ခါနီးအချိန်မှာ သမီးက ဆုံးတယ် မြင်နေရတာဆိုတော့ အဘွားက နည်းနည်းရိပ်မိမှာပေါ့

သူ့သမီးအလောင်းပြင်တာမြင်ရင် သူ့အမေရောဂါ ပိုဆိုးမှာစိုးလို့ ပြင်တဲ့အချိန် အဘွားအိပ်ပျော်သွားအောင် ဆေးလေးထိုးပေးမယ်ပေါ့ အနားကိုသွားတော့

ငိုသံပါကြီးနဲ့ ဆရာမ ဆိုပီး မျက်ရည်က ကျနေတယ် ကိုယ်လည်း အမှန်ပြောရမလား မပြောရမလား နဲ့ တွေဝေပီး အဘွားအိပ်နော် ဘာမှ မဖြစ်ဘူး ဆိုပီး ခေါင်းလေးပွတ်ပေးတော့ ဆေးအရှိန်နဲ့အိပ်ပျော်သွားရော ကိုယ်လည်းမျက်ရည်တွေဝဲပီး စိတ်ထဲမှာ တကယ်မကောင်းဘူး

😪 အဘွားနိုးလာခဲ့ရင်တော့ သူ့သမီးကုတင်လေး လွတ်နေတာ မြင်မှာပေါ့ 😢

*အဲဒါကြောင့် covid ကြီးက အရမ်းကြောက်စရာ ကောင်းပါတယ်လို့ အသက်ကြီးတဲ့သူတွေ ရောဂါအခံ ရှိတဲ့ သူတွေ ပိုဂရုစိုက်ကြပါလို့ ဖြစ်သွားခဲ့ ရင် ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး ph လေးနဲ့ပဲ ဆုံးသွားပါပီ ဆိုတဲ့ စကားလေးပဲ ကြားရမှာပါ😢

#Credit, org..

#Via, Tun Tun Win.