News

ဖားကန့်ဒေသရှိ ကျောက်မျက်ကုမ္ပဏီအားလုံး ကျောက်မျက်တူးဖော်ခွင့်သက်တမ်းကုန်မည့်ရက္ ေၾကျငာ

VOM ။

ဒီဇင်ဘာ-၁၇၊ ဖားကန့် ။

၂၀၂၁ခုနှစ် ဇွန်လအကုန်တွင် ဖားကန့်ဒေသရှိ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီအားလုံး ကျောက်မျက်တူးဖော်ထုတ်လုပ်ခွင့်သက်တမ်း ကုန်ဆုံးမည်ဖြစ်ကြောင်း ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

သက်တမ်းကျန်ရှိနေသေးသည့် ကျောက်မျက်ကုမ္ပဏီများအနေနှင့်လည်း အများပြည်သူ အလွယ်တကူမြင်တွေ့နိုင်သည့် ကုမ္ပဏီအပေါက်ဝနေရာများတွင် ဗီနိုင်း၊ ပိုစတာများဖြင့် သက်တမ်းကာလကို ကြေညာထားရမည်ဖြစ်ပြီး ကျောက်မျက်တူးဖော်ရေးလုပ်ငန်းနှင့် သက်ဆိုင်သည့်အကြောင်းအရာများကိုလည်း လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက်ဝက်(ဘ်)ဆိုက်များတွင် ပြည်သူများဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ပြည်နယ်သယံဇာတဝန်ကြီးက ထည့်သွင်းရှင်းပြခဲ့သည်။

“အခုလက်ရှိအချိန်ထိ ဖားကန့်မှာ နိုင်ငံတော်နဲ့အကျိုးတူ လုပ်ကွက်(၃)ခု၊ ပုဂ္ဂလိကကုမ္ပဏီလုပ်ကွက်(၂၀၉)ခု သက်တမ်းရှိနေပါသေးတယ်”ဟု ပြည်နယ်သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောသည်။

ထို့ပြင် သယံဇာတတူးဖော်ထုတ်လုပ်သည့် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်း၊ သစ်ထုတ်လုပ်ရေးလုပ်ငန်းများအား ပွင့်လင်းမြင်သာစွာချပြရမည်ဖြစ်ပြီး လုပ်ငန်းတွင် ရင်းနှီးမြုပ်နှံထားသူများအပါအဝင် အခွန်ငွေဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ယင်းအခွန်များကို အသုံးပြုသည့်နေရာများအထိ ထုတ်ပြန်ရမည်ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

မြန်မာကျောက်မျက်ရတနာဥပဒေအရ သတ္တုတူးဖော်ထုတ်လုပ်သည့်လုပ်ငန်းများအား ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲသည့် ဧရိယာနှင့် တိုင်းဒေသကြီး(သို့)ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲမည့်ဧရိယာအဖြစ် နယ်မြေပိုင်းခြားဆောင်ရွက်သွားမည်ဖြစ်ကာ အကြီးစားနှင့်အလတ်စား ကျောက်မျက်တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကို ပြည်ထောင်စုအစိုးရမှ တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊အသေးစားနှင့်လက်လုပ်လက်စား ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများကိုမူ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ စီမံဆောင်ရွက်သွားမည်ဖြစ်သည်။

ဖားကန့်ဒေသသည် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုအားနည်းခြင်း၊ စက်ယန္တရားများ အလွန်အကျွံအသုံးပြုမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်နေခြင်း၊ ကျောက်မျက်ကုမ္ပဏီကြီးများ၏ စွန့်ပစ်မြေစာပုံများပြိုကြခြင်း၊ နွံကန်ပေါက်ကျခြင်းအစရှိသည့်ဘေးအန္တရာယ်များကြောင့် နှစ်စဉ် လူပေါင်းရာချီသေဆုံးနေသည့် ဒေသလည်းဖြစ်သည်။

မြန်မာနိုင်ငံသည် EITI စံနှုန်းများအား လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စာချုပ်စာတမ်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး၊သယံဇာတကဏ္ဍ(ရေနံနှင့်သဘာဝဓါတ်ငွေ့)ကျောက်မျက်(ကျောက်စိမ်း)၊

ဓါတ်သတ္တု ၊ပုလဲ၊သစ်တောရှာဖွေဖော်ထုတ် သန့်စင်ရောင်းချခြင်း၊လုပ်ကိုင်လျှက်ရှိသောကုမ္ပဏီများ၊စီးပွားရေးအဖွဲ့အစည်းများ၊နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊အစိုးရဌာနနှင့် လုပ်ငန်းများအနေနှင့် EITI စံနှုန်းသတ်မှတ်ချက်အရ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ(၁)ရက်မှစတင်၍ လိုင်စင်ခွင့်ပြုမှု၊ စာချုပ်ချုပ်ဆိုမှု၊ စာချုပ်ပြန်လည်ပြင်ဆင်ချုပ်ဆိုမှုများကို အများပြည်သူသိရှိနိုင်စေရန် ထုတ်ပြန်ကြေညာရမည်ဟု နိုင်ငံတော်သမ္မတရုံးမှ ဒီဇင်ဘာလ(၁)ရက်က အမိန့်ထုတ်ပြန်ထားသည်။

သတင်း/ သတင်းဓါတ်ပုံ- နောင်ရိုး(VOM)

(Zawgyi)

“၂၀၂၁ခုနှစ် ဇွန်လအကုန်တွင် ဖားကန့်ဒေသရှိ ကျောက်မျက်ကုမ္ပဏီအားလုံး ကျောက်မျက်တူးဖော်ခွင့်သက်တမ်းကုန်မည်”

@Voice of Malikha News Agency