News

“မျက်ရည်မထိန်းနိုင်တဲ့နေ့ ….ကိုဗစ်….မင်းသိပ်ရက်စက်တယ်…..”

မျက်ရည်မထိန်းနိုင်တဲ့နေ့

အမေသေဆုံးတာက လက်ချိုးရေတွက်လို့ရတယ်…ရက်ပိုင်းပဲ ရှိသေးတာ

ဒီ ခလေးက ၄နှစ်မပြည့်သေးဘူး။ Positive သမားနဲ့ ထိစပ်မို့ အဒေါ်နဲ့အတူ Qလိုက်ဝင်ရတယ်

ဖြစ်ချင်တော့ အဲ့ကလေးက ပေါ့စတစ်ထွက်….အဒေါ်တွေနဲ့ ခွဲပြီး ဆေးကုသမှုခံရတော့မယ်

လုပ်နည်းလုပ်စဉ် အရPositive ထွက်သူဆို အထုပ်ပိုးကအစအခန်းကနေ ကားပေါ်ထိ လိုက်ပို့ခွင့်မရှိဘူး

Q Center အပေါ်ထပ် အခန်းထိ ကလေးကို တက်ခေါ်ကာ သူ့အထုပ်လေးကိုယ်ကဆွဲ။မုန့်တွေအများကြီးကျွေးမှာ၊အရုပ်တွေအများကြီးရှိတယ်၊ အားမငယ်အောင် အားပေးစကားပြောပီး

ကားနောက်ခန်းထိုင်ခိုင်း အဝတ်ထုပ်လေးပိုက် ထိုင်တော့

ဦးက …သားနဲ့အတူ ……..နောက်ကမလိုက်ဘူးလားတဲ့…..

မျက်ရည်တွေကျရတယ်

ဦးက ရှေ့ကနေပြီးကားကြီး ဗူးခနဲ့မောင်းမယ်နော်…သားက နောက်ကနေ ထိုင်လိုက်ခဲ့ဆိုတော့မှ

ဟုတ်…..ဆိုပြီး အပေါက်လေး သေချာပိတ် လော့ချ၊မျက်ရည်ထွက်နေတာတွေ ထိန်းရင်း ကားမောင်းထွက်လာခဲ့ပြီး..ကျောက်ဆည်ဆေးရုံကြီးအလယ်ပေါက်ကို ယာဉ်တန်းနဲ့အတူ ပို့ဆောင်ခဲ့တယ်

ခလေးလိပ်စာ- ပင်တလည် (ကျနော့်ရွာကပါ)

ယနေ့ ၁၇-၁၂-၂၀၂၀

ကန့်သတ်ထားရှိရာ နည်ပညာတက္ကသိုလ်မှ RDT ဖြင့်ဆေးစစ်ရာတွက် (၃)ဦး ပေါ့စတစ်

ထုံးဘိုကုန်း

ပင်တလည်

မြင်စိုင်း(အနောက်)

မြန်မာနိုင်ငံလှုမှုကယ်ဆယ်ရေးအဖွဲ့(ကျောက်ဆည်)

၀၉၂၅၆၀၀၆၃၅၅

၀၉၂၅၈၄၄၄၄၁၄