မေန႔က ကေလး၂ေယာက္ ျပင္ဦးလြင္ ၾကက္ၿခံတစ္ခုကေန ထြက္ေျပးလာလို႔ လားရႈိးေရာက္လာတယ္။ ဒါကလည္း လူမ်ိဳးခ်င္းတူတဲ့ ျပင္ဦးလြင္က အသိတစ္ေယာက္ အခ်ိတ္အဆက္နဲ႔ ေရာက္လာျခင္းျဖစ္တယ္။၂ေယာက္လုံး အသက္က၁၂ ၁၃၀န္းက်င္ေလာက္ျဖစ္မယ္။
ဇာတိကတန႔္ယန္းၿမိဳ႕နယ္ထဲက႐ြာမွာ။ ဗမာစကားမတတ္ ဘာမတတ္နဲ႔ လားရႈိးေရာက္လာေတာ့ သြားႀကိဳျဖစ္တယ္။ ေနာက္တစ္ရက္ေတာ့ သူတို႔ရဲ႕ ေနရပ္ဇာတိကို ျပန္ပို႔ေပးတယ္။
ျပသနာက ဘာလဲဆိုေတာ့ကေလးသူငယ္ခိုင္းစားျခင္းပဲ။ မိဘေတြကိုယ္တိုင္က သူတို႔သားသမီးေတြကိုေပါက္ေဖာ္တုိ႔အလုပ္ခြင္ထဲပို႔တယ္။ တစ္ႏွစ္စာလုံး လုပ္လခစာေတြ ႀကိဳထုတ္ပစ္တယ္။
ဒီကေလး ၂ေယာက္ဆို၁ေယာက္ကို ၁ႏွစ္ပတ္လုံး ၆သိန္းရတယ္ေျပာတယ္။ သူတို႔လခကေတာ့ မိဘေတြကထုတ္ယူသြားတယ္။ လခ ႀကိဳထုတ္ထားေတာ့ဟိုကလည္းကေလးေတြကိုစပယ္ရွယ္ခိုင္းးတယ္။
မလုပ္ႏိုင္တဲ့အဆုံး ကေလးေတြထြက္ေျပးလာတယ္။ ဒီကိစၥမ်ိဳး ကြၽန္ေတာ္ဆီေရာက္လာတာ ၃ခါထက္မနည္းေတာ့ဘူး။ အခ်ိဳ႕ကိုေတာ့အိမ္ျပန္ပို႔တယ္။ အခ်ိဳ႕ကေလးေတြကိုေတာ့ကိုယ့္နည္းကိုယ့္ဟန္ ေက်ာင္းထားေပးထားတယ္။ အိမ္ျပန္ထားတယ္။
ဒီကိစၥမ်ိဳးက ရွမ္းေျမာက္မွာဆိုတန႔္ယန္း မိုင္းရယ္ မိုင္းေယာ္က ကေလးငယ္ေတြအျဖစ္မ်ားတယ္။ အခ်ိဳ႕ကမိဘေတြကိုယ္တိုင္ ဘိန္းစားျဖစ္လို႔ သူတို႔ကေလးေတြကိုအလုပ္ခြင္ထဲ ပို႔ပစ္တယ္။ လခႀကိဳထုတ္ထားတယ္။ ဘုမသိဘမသိကေလးငယ္ေတြအလုပ္မတရားခိုင္းခံရတယ္။
လုပ္ငန္းရွင္ေတြရဲ႕ အႀကိဳက္ေပါ့။ လုပ္ငန္းရွင္ဆိုတာအမ်ားစုကေပါက္ေဖာ္ေတြပိုမ်ားတယ္။ အဲလိုကေလးငယ္ေတြလားရႈိးထဲမွာတင္ အမ်ားႀကီးရွိတယ္။ ထမင္းဆိုင္၊ အကင္ဆိုင္၊ ကုန္စုံဆိုင္ေတြမွာအမ်ားႀကီးေတြ႔ရတယ္။ ၿပီးရင္ေတာ့ ၿမိဳ႕ျပင္မွာ ကြၽဲေက်ာင္းတာေတြ၊ ႏြားေက်ာင္းတာေတြၿခံေစာင့္တို႔ ဘာတို႔မွာအဲလိုကေလးေတြ ပိုေတြ႔ရတတ္တယ္။
ဒီလိုအျဖစ္မ်ိဳးကေျပာရရင္ ေျဖရွင္းရခက္တဲ့ နည္းတနည္းျဖစ္ေနတယ္။ အေၾကာင္းက မိဘေတြကိုတိုင္ သူတို႔ကေလးေတြကို ခိုင္းတာေၾကာင့္ျဖစ္ေနတယ္။ ဒီကိစၥရပ္နဲ႔ပတ္သက္ၿပီးတာဝန္ယူေျဖရွင္းေပးတဲ့CSOအဖြဲ႔ေတြပညာေပးတဲ့အဖြဲ႕အစည္းေတြလည္းအားနည္းေနတယ္။
ဆိုေတာ့ ဒီလိုကိစၥရပ္မ်ိဳးေတာ္႐ုံနဲ႔ေပ်ာက္ကြယ္ေသးမွာ မဟုတ္ဘူး။ ေက်ာင္းေန႐ြယ္မွာ လုပ္သားကြၽန္လုပ္ေနရတဲ့ ကေလးေတြအတြက္၀မ္းနည္းစရာေတာ့ အလြန္ေကာင္းတယ္။ ဒီအေၾကာင္းအရာေတြ ကြင္းဆက္လိုက္တဲ့
မီဒီယာလည္း အားနည္ေနတယ္။ ကြၽန္ေတာ္တို႔ ကိုယ္တိုင္အပါအဝင္ေပါ့။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္
ယူနီကုဒ္ျဖင္႔ ဖတ္ရန္
မနေ့က ကလေး၂ယောက် ပြင်ဦးလွင် ကြက်ခြံတစ်ခုကနေ ထွက်ပြေးလာလို့ လားရှိုးရောက်လာတယ်။ ဒါကလည်း လူမျိုးချင်းတူတဲ့ ပြင်ဦးလွင်က အသိတစ်ယောက် အချိတ်အဆက်နဲ့ ရောက်လာခြင်းဖြစ်တယ်။၂ယောက်လုံး အသက်က၁၂ ၁၃၀န်းကျင်လောက်ဖြစ်မယ်။
ဇာတိကတန့်ယန်းမြို့နယ်ထဲကရွာမှာ။ ဗမာစကားမတတ် ဘာမတတ်နဲ့ လားရှိုးရောက်လာတော့ သွားကြိုဖြစ်တယ်။ နောက်တစ်ရက်တော့ သူတို့ရဲ့ နေရပ်ဇာတိကို ပြန်ပို့ပေးတယ်။ ပြသနာက ဘာလဲဆိုတော့ကလေးသူငယ်ခိုင်းစားခြင်းပဲ။
မိဘတွေကိုယ်တိုင်က သူတို့သားသမီးတွေကိုပေါက်ဖော်တို့အလုပ်ခွင်ထဲပို့တယ်။ တစ်နှစ်စာလုံး လုပ်လခစာတွေ ကြိုထုတ်ပစ်တယ်။ ဒီကလေး ၂ယောက်ဆို၁ယောက်ကို ၁နှစ်ပတ်လုံး ၆သိန်းရတယ်ပြောတယ်။ သူတို့လခကတော့ မိဘတွေကထုတ်ယူသွားတယ်။
လခ ကြိုထုတ်ထားတော့ဟိုကလည်းကလေးတွေကိုစပယ်ရှယ်ခိုင်းးတယ်။ မလုပ်နိုင်တဲ့အဆုံး ကလေးတွေထွက်ပြေးလာတယ်။ ဒီကိစ္စမျိုး ကျွန်တော်ဆီရောက်လာတာ ၃ခါထက်မနည်းတော့ဘူး။ အချို့ကိုတော့အိမ်ပြန်ပို့တယ်။ အချို့ကလေးတွေကိုတော့ကိုယ့်နည်းကိုယ့်ဟန် ကျောင်းထားပေးထားတယ်။ အိမ်ပြန်ထားတယ်။
ဒီကိစ္စမျိုးက ရှမ်းမြောက်မှာဆိုတန့်ယန်း မိုင်းရယ် မိုင်းယော်က ကလေးငယ်တွေအဖြစ်များတယ်။ အချို့ကမိဘတွေကိုယ်တိုင် ဘိန်းစားဖြစ်လို့ သူတို့ကလေးတွေကိုအလုပ်ခွင်ထဲ ပို့ပစ်တယ်။ လခကြိုထုတ်ထားတယ်။ ဘုမသိဘမသိကလေးငယ်တွေအလုပ်မတရားခိုင်းခံရတယ်။
လုပ်ငန်းရှင်တွေရဲ့ အကြိုက်ပေါ့။ လုပ်ငန်းရှင်ဆိုတာအများစုကပေါက်ဖော်တွေပိုများတယ်။ အဲလိုကလေးငယ်တွေလားရှိုးထဲမှာတင် အများကြီးရှိတယ်။ ထမင်းဆိုင်၊ အကင်ဆိုင်၊ ကုန်စုံဆိုင်တွေမှာအများကြီးတွေ့ရတယ်။
ပြီးရင်တော့ မြို့ပြင်မှာ ကျွဲကျောင်းတာတွေ၊ နွားကျောင်းတာတွေခြံစောင့်တို့ ဘာတို့မှာအဲလိုကလေးတွေ ပိုတွေ့ရတတ်တယ်။ ဒီလိုအဖြစ်မျိုးကပြောရရင် ဖြေရှင်းရခက်တဲ့ နည်းတနည်းဖြစ်နေတယ်။
အကြောင်းက မိဘတွေကိုတိုင် သူတို့ကလေးတွေကို ခိုင်းတာကြောင့်ဖြစ်နေတယ်။ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး တာဝန်ယူဖြေရှင်းပေးတဲ့ CSOအဖွဲ့တွေပညာပေးတဲ့အဖွဲ့အစည်းတွေလည်းအားနည်းနေတယ်။
ဆိုတော့ ဒီလိုကိစ္စရပ်မျိုးတော်ရုံနဲ့ပျောက်ကွယ်သေးမှာ မဟုတ်ဘူး။ ကျောင်းနေရွယ်မှာ လုပ်သားကျွန်လုပ်နေရတဲ့ ကလေးတွေအတွက်ဝမ်းနည်းစရာတော့ အလွန်ကောင်းတယ်။ ဒီအကြောင်းအရာတွေ ကွင်းဆက်လိုက်တဲ့မီဒီယာလည်း အားနည်နေတယ်။
ကျွန်တော်တို့ ကိုယ်တိုင်အပါအဝင်ပေါ့။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။
ခရက်ဒစ်