ကေလးေတြ၊ မိန္းမေတြနဲ႔၊ စစ္သားေပါင္းရာနဲ႔ခ်ီကို ယဇ္နတ္အျဖစ္ ပူေဇာ္ထားတဲ့ေနရာတစ္ခု မကၠဆီကုိႏုိင္ငံ၊ မကၠဆီကိုၿမိဳ႕ေတာ္ရဲ႕ ေအာက္ေျခေနရာတစ္ခုမွာ ေတြ႕ခဲ့ရေၾကာင္း သိရပါတယ္။ အဆုိပါေနရာမွာ ယဇ္ပူေဇာ္ထားတဲ့ အေလာင္းေပါင္း (၁၁၉)ခုအထိ ရွိေနၿပီး၊ ဆက္တူးရင္ ဆက္ေတြ႕ဖုိ႔ရွိေနပါတယ္။
ေတြ႕ရွိတဲ့ေနရာဟာ အက္ဇတက္လူမ်ိဳးေတြ ယခင္က ႀကီးစုိးခဲ့တဲ့ေနရာျဖစ္ၿပီး၊ ၎တုိ႔ေခတ္က တစ္ခုခု အေၾကာင္းေပၚတုိင္း နတ္ဘုရားေတြ စိတ္မဆုိးေအာင္ဟုဆုိကာ ကေလးေတြ၊ မိန္းမေတြ၊ စစ္သားေတြကို ယဇ္ပူေဇာ္ၿပီး နတ္ဘုရားေတြကုိ ပသေလ့ရွိပါတယ္။ တစ္ခါတေလ တစ္ႀကိမ္တည္းမွာကို လူေပါင္းရာနဲ႔ခ်ီ စေတးၿပီး ပူေဇာ္တာမ်ိဳးရွိပါတယ္။

Handout photo taken on September 22, 2020 and released on December 11, 2020 by the Mexican National Institute of Anthropology and History (INAH) showing Mexican anthropologist Lorena Velazquez Vallin cleaning a recent discovery of the eastern end and the external facade of the Huei Tzompantli (“wall of skulls”) dating back to, at least, between 1486 and 1502, in Mexico City. – The Huei Tzompantli is a tower or circular wall of human skulls of 4.7 meters of diameter, which northeastern end had been discovered in 2015. 119 skulls have been counted so far in the eastern side, adding up to the 484 previously identified. (Photo by – / INAH / AFP) / RESTRICTED TO EDITORIAL USE – MANDATORY CREDIT AFP PHOTO / INAH – NO MARKETING NO ADVERTISING CAMPAIGNS -DISTRIBUTED AS A SERVICE TO CLIENTS
အမ်ားအားျဖင့္ေတာ့ ေနနတ္ဘုရားကို ပူေဇာ္ၾကတာျဖစ္ၿပီး၊ အခု ရွာေဖြေတြ႕ရွိမႈက Huei Tzompantli နယ္ေျမရဲ႕တစ္စိတ္တစ္ေဒသျဖစ္ပုံရပါတယ္။ ဘူမိေဗဒပညာရွင္ Barrera Rodriguez က ေျပာပါတယ္။ ေလာေလာဆယ္ေတာ့ ဘယ္သူက စစ္သား၊ ဘယ္သူက မိန္းမဆုိတာ ခြဲျခားရခက္ေနဆဲျဖစ္ၿပီး၊ ကေလးအ႐ုိးေတြကေတာ့ မွန္းဆၾကည့္ရတာ လြယ္ကူတယ္လုိ႔ သူက ေျပာပါတယ္။

Handout photo taken on September 22, 2020 and released on December 11, 2020 by the Mexican National Institute of Anthropology and History (INAH) showing the recent discovery by Mexican archaeologists of the eastern end and the external facade of the Huei Tzompantli (“wall of skulls”) dating back to, at least, between 1486 and 1502, in Mexico City. – The Huei Tzompantli is a tower or circular wall of human skulls of 4.7 meters of diameter, which northeastern end had been discovered in 2015. 119 skulls have been counted so far in the eastern side, adding up to the 484 previously identified. (Photo by – / INAH / AFP) / RESTRICTED TO EDITORIAL USE – MANDATORY CREDIT AFP PHOTO / INAH – NO MARKETING NO ADVERTISING CAMPAIGNS -DISTRIBUTED AS A SERVICE TO CLIENTS
အခုရွာေဖြေတြ႕ရွိမႈေတြကို National Institute of Anthropology and History (INAH) က စြမ္းေဆာင္ႏုိင္ခဲ့တာပါ။ (၁၅)ရာစုေခတ္က အက္ဇတက္ေတြ ေခတ္ေကာင္းခဲ့ၿပီး၊ နယ္ေျမတစ္ခုခ်င္းစီမွာ အုပ္ခ်ဳပ္သူေတြ၊ ျပည္သူေတြနဲ႔ သူတစ္လူငါတစ္မင္း အခ်င္းခ်င္း ဗုိလ္က်ခဲ့ၾကပါတယ္။ အေၾကာက္တရား ႀကီးစုိးတဲ့ေခတ္ျဖစ္တာနဲ႔အညီ စြဲမိစြဲရာ ကိုးကြယ္ရင္း ျပည္သူေတြမွာ ငထြားခါးနာ ျဖစ္ၾကရပါတယ္။

MEX1964. CIUDAD DE MÉXICO (MÉXICO), 11/12/2020.- Fotografía cedida este viernes, cortesía del INAH, donde se observan el hallazgo de cráneos humanos en Ciudad de México (México). Arqueólogos mexicanos localizaron en el centro de la Ciudad de México el extremo este y la fachada externa del Huei Tzompantli, un torre circular de cráneos humanos dedicada al dios mexica Huitzilopochtli en la antigua ciudad de México-Tenochtitlan, informó este viernes el Instituto Nacional de Antropología e Historia (INAH). EFE/INAH/SOLO USO EDITORIAL / NO VENTAS
အခုေတြ႕ရွိမႈဟာ ယခင္က ေမွ်ာ္စင္ပုံစံမ်ိဳးေဆာက္လုပ္ထားတဲ့ ယဇ္နတ္ပူေဇာ္ရာေနရာတစ္ခုျဖစ္ၿပီး၊ နံရံေတြကိုေတာ့ ယဇ္ပူေဇာ္ခံရသူေတြရဲ႕ အ႐ိုးေတြနဲ႔ အဆင့္ဆင့္တည္ေဆာက္ခဲ့ဟန္ ရွိပါတယ္။ အျမင့္အားျဖင့္ (၁၆)ေပဝန္းက်င္ခန္႔ ရွိပါတယ္။ အဆုိပါေနရာကုိ ေတြ႕ရွိပုံကလည္း အေဆာက္အဦႀကီးတစ္ခုကုိ ျပန္လည္မြမ္းမံစဥ္၊ ေျမတူးရာကေန ေတြ႕ရွိခဲ့ၾကတာပါ။
လင္းေဇာ္ကုိ
Ref ; DalyMail
Unicode
ကလေးပေါင်းရာနဲ့ချီပြီး ယဇ်နတ်ပူဇော်ထားတဲ့နေရာတစ်ခု မက္ကဆီကိုမြို့တော်မှာတွေ့ရှိ
ကလေးတွေ၊ မိန်းမတွေနဲ့၊ စစ်သားပေါင်းရာနဲ့ချီကို ယဇ်နတ်အဖြစ် ပူဇော်ထားတဲ့နေရာတစ်ခု မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုမြို့တော်ရဲ့ အောက်ခြေနေရာတစ်ခုမှာ တွေ့ခဲ့ရကြောင်း သိရပါတယ်။ အဆိုပါနေရာမှာ ယဇ်ပူဇော်ထားတဲ့ အလောင်းပေါင်း (၁၁၉)ခုအထိ ရှိနေပြီး၊ ဆက်တူးရင် ဆက်တွေ့ဖို့ရှိနေပါတယ်။
တွေ့ရှိတဲ့နေရာဟာ အက်ဇတက်လူမျိုးတွေ ယခင်က ကြီးစိုးခဲ့တဲ့နေရာဖြစ်ပြီး၊ ၎င်းတို့ခေတ်က တစ်ခုခု အကြောင်းပေါ်တိုင်း နတ်ဘုရားတွေ စိတ်မဆိုးအောင်ဟုဆိုကာ ကလေးတွေ၊ မိန်းမတွေ၊ စစ်သားတွေကို ယဇ်ပူဇော်ပြီး နတ်ဘုရားတွေကို ပသလေ့ရှိပါတယ်။ တစ်ခါတလေ တစ်ကြိမ်တည်းမှာကို လူပေါင်းရာနဲ့ချီ စတေးပြီး ပူဇော်တာမျိုးရှိပါတယ်။
အများအားဖြင့်တော့ နေနတ်ဘုရားကို ပူဇော်ကြတာဖြစ်ပြီး၊ အခု ရှာဖွေတွေ့ရှိမှုက Huei Tzompantli နယ်မြေရဲ့တစ်စိတ်တစ်ဒေသဖြစ်ပုံရပါတယ်။ ဘူမိဗေဒပညာရှင် Barrera Rodriguez က ပြောပါတယ်။ လောလောဆယ်တော့ ဘယ်သူက စစ်သား၊ ဘယ်သူက မိန်းမဆိုတာ ခွဲခြားရခက်နေဆဲဖြစ်ပြီး၊ ကလေးအရိုးတွေကတော့ မှန်းဆကြည့်ရတာ လွယ်ကူတယ်လို့ သူက ပြောပါတယ်။
အခုရှာဖွေတွေ့ရှိမှုတွေကို National Institute of Anthropology and History (INAH) က စွမ်းဆောင်နိုင်ခဲ့တာပါ။ (၁၅)ရာစုခေတ်က အက်ဇတက်တွေ ခေတ်ကောင်းခဲ့ပြီး၊ နယ်မြေတစ်ခုချင်းစီမှာ အုပ်ချုပ်သူတွေ၊ ပြည်သူတွေနဲ့ သူတစ်လူငါတစ်မင်း အချင်းချင်း ဗိုလ်ကျခဲ့ကြပါတယ်။ အကြောက်တရား ကြီးစိုးတဲ့ခေတ်ဖြစ်တာနဲ့အညီ စွဲမိစွဲရာ ကိုးကွယ်ရင်း ပြည်သူတွေမှာ ငထွားခါးနာ ဖြစ်ကြရပါတယ်။
အခုတွေ့ရှိမှုဟာ ယခင်က မျှော်စင်ပုံစံမျိုးဆောက်လုပ်ထားတဲ့ ယဇ်နတ်ပူဇော်ရာနေရာတစ်ခုဖြစ်ပြီး၊ နံရံတွေကိုတော့ ယဇ်ပူဇော်ခံရသူတွေရဲ့ အရိုးတွေနဲ့ အဆင့်ဆင့်တည်ဆောက်ခဲ့ဟန် ရှိပါတယ်။ အမြင့်အားဖြင့် (၁၆)ပေဝန်းကျင်ခန့် ရှိပါတယ်။ အဆိုပါနေရာကို တွေ့ရှိပုံကလည်း အဆောက်အဦကြီးတစ်ခုကို ပြန်လည်မွမ်းမံစဉ်၊ မြေတူးရာကနေ တွေ့ရှိခဲ့ကြတာပါ။
လင်းဇော်ကို