News

ကင်ဆာ​ရောဂါဖြစ်စေအောင် တွန်းပို့နေတဲ့ အခြေနေတစ်ခုကိုတင်ပြပါရစေ👹

👹ကျမတို့ ပြည်သူတွေအတွက် ကျန်းမာရေးကိုအဆိုးဝါးဆုံးဖြစ်စေအောင် ကင်ဆာ​ရောဂါဖြစ်စေအောင် တွန်းပို့နေတဲ့ အခြေနေတစ်ခုကိုတင်ပြပါရစေ👹

💢ဒါကတော့ နယ်စပ်တွေကဝင်လာတဲ့ အေးခဲအသားတွေပါဘဲ

👉🏻ကျမတို့သထုံမှာ 11-12-2020ရက်နေ့က ကြက်အေးခဲအသားတွေ4152 ကီလိုဖမ်းဆီးရမိခဲ့ပါတယ်

မြဝတီကနေ ကားသုံးစီးနဲ့တင်လာတာဖြစ်ပြီး ကားသမားတွေနဲ့ကားကို ဖမ်းဆီးထားပါတယ်

.🔖 ဒီအသားတွေက ထိုင်းနိုင်ငံကုန်တိုက်တွေဈေးတွေမှာ အခဲကန်ထဲထည့်ရောင်းချတာဖြစ်ပြီး Exp dateကျော်လွန်ပြီးသားတွေကို ပြန်လည်ပြုပြင်ပြီးတင်သွင်းလေ့ရှိတယ်လို့ ဌာနဆိုင်ရာတွေရဲ့လေ့လာချက်အရသိရပါတယ်

🔖 အဲဒီအသားတွေကို နောက်ထပ် ဆယ်ရက် တစ်ပါတ် မပုပ်ရအောင် ဘယ်လို Chemical တွေနဲ့လုပ်ထားလဲတော့မသိပါဘူး ယင်ကောင်တောင် အသားတွေအပေါ်မှာ လုံးဝလာမနားပါဘူးရှင့်

☠ ဘယ်လောက်များစားသုံးသူတွေအတွက် အန္တရာယ်ဖြစ်လိုက်မလဲလို့

👉🏻 ဒိထက်ပိုဆိုးတာတစ်ခု ယုတ်မာပက်စက်မှုတစ်ခု ကျမတို့သထုံမှာ ဖြစ်ခဲ့တာလေး ဆက်ပြောပါရစေ

🔖 11 ရက်နေ့က ဖမ်းမိခဲ့တဲ့ အသားတွေကို ဌာနဆိုင်ရာက 12-12-2020 ရက်နေ့မှာ မြေနီကုန်းသုသာန်မှာ တွင်းတူး ဒီဆယ်လောင်း ပုလင်းကွဲရိုက်ထည့် မီးရှို့ ခဲ့ပါတယ် မြေပြန်ဖုံးလို့မပြီးခင် ဝန်ထမ်းနဲ့အလုပ်သမားထမင်းပြန်စားချိန် ဗွီဂိုကားတစ်စီး ထော်လာဂျီတစ်စီး
စံပလောသုံးဘီးတစ်စီး ရောက်လာပြီး မြှူပ်ထားတဲ့မြေကျင်းထဲက အသားတွေကိုထုတ်ယူဖို့ပြင်ဆင်ကြပါတယ်

👩🏻‍🚒 တာဝန်သိမြေနီကုန်း NLD အဖွဲ့ဝင်တစ်ဦးက တွေ့သွားလို့ ဟန့်တားလိုက်တဲ့အတွက် ထော်လာဂျီနဲ့ စံပလောကိုချန်ခဲ့ပြီး ဗွီဂိုကားနဲ့ လူတွေထွက်ပြေးသွားကြကြောင်းကျမကိုမြေနီကုန်း NLD အဖွဲ့ကဖုန်းဆက်လို့သွားကြည့်ခဲ့ပါတယ်

💈 ဒီဖြစ်စဉ်မှာ ပစ္စည်းပိုင်ရှင်လို့ပတ်သက်ယူဆရတဲ့သူတွေနဲ့ ဆက်နွယ်သူတွေက အဓိကကျူးလွန်ခဲ့တာဖြစ်ကြောင်း ကျမတာဝန်သိပြည်သူတွေရဲ့ သတင်းပေးပြောပြချက်ရယ် ဓာတ်ပုံမှတ်တမ်းတွေရယ်အရ ကောက်ချက်ချနိုင်ပါတယ်

🤷🏻 ခုချိန်ထိ ပိုင်ရှင်မပေါ်ပေါက်သေးဘဲတင်လာတဲ့ကားသမားတွေကိုသာ အမှုဖွင့်ထားတာကိုတော့ဘဝင်မကျစရာပါ မြေနီကုန်းသုသာန်မှာ အသားတွေမဖျက်ဆီးမီ လာရောက်ညှိနှိုင်းမှုရှိကြောင်း ညှိနှိုင်းသူရဲ့ဓာတ်ပုံကို ဌာနဆိုင်ရာတစ်ခုကပြခဲ့တာရှိသလို

👀 ကားနံပါတ်နဲ့ဓာတ်ပုံကို သက်ဆိုင်ရာ ရဲကိုပြသပေးခဲ့တာရှိတော့ ဘာလုပ်မယ်ဆိုတာ ကျမတို့စောင့်ကြည့်နေမှာပါ👩🏻‍⚖️

ဆက်စပ်တဲ့ကွင်းဆက်တွေကိုလဲ တာဝန်သိပြည်သူတွေနဲ့ ဝန်ထမ်း တချို့ ဆီကရတာတွေကိုလဲပြောပြထားပြီးပါပြီ

👊🏻 ပွဲစားဆန်ဆန်လှုပ်ရှား လုပ်စားနေတာတွေကိုလဲ ရွံရှာဖွယ်ရာ ကြားသိထားရတာဖြစ်လို့ ကျမတို့ပြည်သူတွေ အသက်အန္တရာယ်ကို ကာကွယ်နိုင်ဖို့ ထိရောက်စွာ ဟန့်တားပေးဖို့ တောင်းဆိုပါရစေ

💢 ကဲ ကျမတို့ သထုံကပြည်သူတွေရဲ့သဘောထားတွေကိုလဲ comment ရေး တင်ပြပေးကြပါလို့

💦 မေတ္တာဖြင့် ဒေါ်မာမာခိုင်💦