News

ကိုရိုနာဗိုင်းရပ်စ် မူလအရင်းအမြစ်ကို သိပ္ပံပညာရှင်များက Wuhan တွင် ရှာဖွေမည်

ကိုရိုနာဗိုင်းရပ်စ် မူလအစကို ဘယ်လိုသတ္တဝါမှာတွေ့ရသလဲ၊ တိရစ္ဆာန်ကနေ လူကိုကူးတာဟုတ်သလား- စသဖြင့် ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလအစကို သိနိုင်ဖို့ သိပ္ပံပညာရှင်တွေက တရုတ်နိုင်ငံ Wuhan မြို့မှာ စူးစမ်းရှာဖွေမှုတွေ ဆောင်ရွက်ဖို့ရှိတယ်လို့ အဲဒီအဖွဲ့မှာပါဝင်နေတဲ့ ဂျာမန် ပညာရှင်တဦးကပြောပါတယ်။

ဒါဟာ ဒီရောဂါကို ကုသနိုင်ရေးအတွက် ရောဂါဖြစ်ပေါ်မှု မူလလမ်းကြောင်းကို ဆေးပညာသဘောအရ ရှာဖွေခြင်းသာဖြစ်ပြီး နိုင်ငံတခုခုကို အပြစ်ရှာဖို့မဟုတ်ဘူး- လို့ ဂျာမန် သိပ္ပံပညာရှင် Fabian Leendertz ကပြောပါတယ်။

အစောပိုင်းတုန်းကတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလအရင်းအမြစ်ကို ရှာဖွေမယ်ဆိုတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဖက်က စိတ်ဆိုးဒေါသထွက်ခဲ့ပါတယ်။ အထူးသဖြင့် ထရမ့် ဦးဆောင်တဲ့ အမေရိကန်အစိုးရနဲ့ ပီကင်း အာဏာပိုင်တွေကြားမှာ တင်းမာမှုဖြစ်ပေါ်ခဲ့ပါတယ်။

သုတေသနပညာရှင်အများစုကတော့ SARS-CoV-2 လို့ လူသိများတဲ့ ဒီပိုးမွှားဟာ တရုတ်နိုင်ငံရှိ တိရစ္ဆာန်တမျိုး၊ ဖြစ်နိုင်ခြေအရှိဆုံးက လင်းနို့ ကနေ ကူးလာတာလို့ ယူဆထားကြပါတယ်။

ဒီယူဆချက်တွေ၊ တကယ့်အခြေအနေတွေကို စစ်ဆေးဖို့အတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ကျွမ်းကျင်တဲ့ သိပ္ပံပညာရှင် ၁၀-ဦးပါတဲ့ အဖွဲ့ကို ကွင်းဆင်း စစ်ဆေးဖို့ တာဝန်ပေးထားပါတယ်။

ဒီအဖွဲ့မှာပါတဲ့ ဂျာမနီနိုင်ငံ Robert Koch Institute က ကူးစက်ရောဂါရှာဖွေရေး ပညာရှင် Fabian Leendertz က -ဒါဟာ ရောဂါဖြစ်ပေါ်မှု မူလလမ်းကြောင်းကို ဆေးပညာသဘောအရ ရှာဖွေခြင်းသာဖြစ်ပြီး နိုင်ငံတခုခုကို အပြစ်ရှာဖို့မဟုတ်ဘူး-လို့ ပြောပါတယ်။

ဒီလိုရှာဖွေနိုင်ဖို့အတွက် သူတို့အဖွဲ့နဲ့ တရုတ်သိပ္ပံပညာရှင်တွေကြား ဆွေးနွေးမှုတွေလုပ်ဆောင်နေပြီဖြစ်ပြီး ရှေ့လအတွင်း တရုတ်နိုင်ငံဆီ သွားဖို့ မျှော်လင့်ထားတယ်လို့ သူကပြော ပါတယ်။

ဒီရောဂါ စတင်ပေါ်ပေါက်လာတယ်လို့ သတင်းတွေထွက်ခဲ့တဲ့ Wuhan ကို အရင်ဆုံး သွားဖွယ်ရှိတယ်လို့ လည်းဆိုပါတယ်။ဂျာမန်ပညာရှင် Leendertz ဟာ အနောက်အာဖရိကမှာ Ebola ရောဂါဖြစ်တုန်းကလည်း အဲဒီရောဂါရဲ့ မူလအစကို ရှာဖွေဖေါ်ထုတ်ရာမှာ ပါဝင်ခဲ့သူတဦးဖြစ်ပါတယ်။

သူဟာ ဒီလို စွန့်စားရှာဖွေဖေါ်ထုတ်ရတာကို နှစ်သက်သူဖြစ်ပြီး ဒီရှာဖွေမှုကို တရုတ် သုတေသီတွေက ဦးဆောင်မှာဖြစ်တယ်လို့ပြောပါတယ်။

အဓိက အခက်အခဲကတော့ COVID-19 ရဲ့ ရောဂါလက္ခဏာဟာ ကျယ်ပြန့်ပြီး တုပ်ကွေးလား၊ အခြားရောဂါလား၊ ရောဂါလက္ခဏကိုမပြတာလား စသဖြင့် ရှုပ်ထွေးနေတဲ့အတွက် Ebola ရဲ့ အရင်းအမြစ်တွေ၊ ကွင်းဆက်တွေကို ရှာရတာထက် ပိုခက်နိုင်တယ်လို့ Leendertz ကပြောပါတယ်။

Source: AP

ကိုရိုနာဗိုင်းရပ်စ် မူလအရင်းအမြစ်ကို သိပ္ပံပညာရှင်များက Wuhan တွင် ရှာဖွေမည်

ကိုရိုနာဗိုင်းရပ်စ် မူလအစကို ဘယ်လိုသတ္တဝါမှာတွေ့ရသလဲ၊ တိရစ္ဆာန်ကနေ လူကိုကူးတာဟုတ်သလား- စသဖြင့် ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလအစကို သိနိုင်ဖို့ သိပ္ပံပညာရှင်တွေက တရုတ်နိုင်ငံ Wuhan မြို့မှာ စူးစမ်းရှာဖွေမှုတွေ ဆောင်ရွက်ဖို့ရှိတယ်လို့ အဲဒီအဖွဲ့မှာပါဝင်နေတဲ့ ဂျာမန် ပညာရှင်တဦးကပြောပါတယ်။

ဒါဟာ ဒီရောဂါကို ကုသနိုင်ရေးအတွက် ရောဂါဖြစ်ပေါ်မှု မူလလမ်းကြောင်းကို ဆေးပညာသဘောအရ ရှာဖွေခြင်းသာဖြစ်ပြီး နိုင်ငံတခုခုကို အပြစ်ရှာဖို့မဟုတ်ဘူး- လို့ ဂျာမန် သိပ္ပံပညာရှင် Fabian Leendertz ကပြောပါတယ်။

အစောပိုင်းတုန်းကတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလအရင်းအမြစ်ကို ရှာဖွေမယ်ဆိုတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဖက်က စိတ်ဆိုးဒေါသထွက်ခဲ့ပါတယ်။ အထူးသဖြင့် ထရမ့် ဦးဆောင်တဲ့ အမေရိကန်အစိုးရနဲ့ ပီကင်း အာဏာပိုင်တွေကြားမှာ တင်းမာမှုဖြစ်ပေါ်ခဲ့ပါတယ်။

သုတေသနပညာရှင်အများစုကတော့ SARS-CoV-2 လို့ လူသိများတဲ့ ဒီပိုးမွှားဟာ တရုတ်နိုင်ငံရှိ တိရစ္ဆာန်တမျိုး၊ ဖြစ်နိုင်ခြေအရှိဆုံးက လင်းနို့ ကနေ ကူးလာတာလို့ ယူဆထားကြပါတယ်။

ဒီယူဆချက်တွေ၊ တကယ့်အခြေအနေတွေကို စစ်ဆေးဖို့အတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ကျွမ်းကျင်တဲ့ သိပ္ပံပညာရှင် ၁၀-ဦးပါတဲ့ အဖွဲ့ကို ကွင်းဆင်း စစ်ဆေးဖို့ တာဝန်ပေးထားပါတယ်။

ဒီအဖွဲ့မှာပါတဲ့ ဂျာမနီနိုင်ငံ Robert Koch Institute က ကူးစက်ရောဂါရှာဖွေရေး ပညာရှင် Fabian Leendertz က -ဒါဟာ ရောဂါဖြစ်ပေါ်မှု မူလလမ်းကြောင်းကို ဆေးပညာသဘောအရ ရှာဖွေခြင်းသာဖြစ်ပြီး နိုင်ငံတခုခုကို အပြစ်ရှာဖို့မဟုတ်ဘူး-လို့ ပြောပါတယ်။

ဒီလိုရှာဖွေနိုင်ဖို့အတွက် သူတို့အဖွဲ့နဲ့ တရုတ်သိပ္ပံပညာရှင်တွေကြား ဆွေးနွေးမှုတွေလုပ်ဆောင်နေပြီဖြစ်ပြီး ရှေ့လအတွင်း တရုတ်နိုင်ငံဆီ သွားဖို့ မျှော်လင့်ထားတယ်လို့ သူကပြော ပါတယ်။

ဒီရောဂါ စတင်ပေါ်ပေါက်လာတယ်လို့ သတင်းတွေထွက်ခဲ့တဲ့ Wuhan ကို အရင်ဆုံး သွားဖွယ်ရှိတယ်လို့ လည်းဆိုပါတယ်။
ဂျာမန်ပညာရှင် Leendertz ဟာ အနောက်အာဖရိကမှာ Ebola ရောဂါဖြစ်တုန်းကလည်း အဲဒီရောဂါရဲ့ မူလအစကို ရှာဖွေဖေါ်ထုတ်ရာမှာ ပါဝင်ခဲ့သူတဦးဖြစ်ပါတယ်။

သူဟာ ဒီလို စွန့်စားရှာဖွေဖေါ်ထုတ်ရတာကို နှစ်သက်သူဖြစ်ပြီး ဒီရှာဖွေမှုကို တရုတ် သုတေသီတွေက ဦးဆောင်မှာဖြစ်တယ်လို့ပြောပါတယ်။

အဓိက အခက်အခဲကတော့ COVID-19 ရဲ့ ရောဂါလက္ခဏာဟာ ကျယ်ပြန့်ပြီး တုပ်ကွေးလား၊ အခြားရောဂါလား၊ ရောဂါလက္ခဏကိုမပြတာလား စသဖြင့် ရှုပ်ထွေးနေတဲ့အတွက် Ebola ရဲ့ အရင်းအမြစ်တွေ၊ ကွင်းဆက်တွေကို ရှာရတာထက် ပိုခက်နိုင်တယ်လို့ Leendertz ကပြောပါတယ်။

Source: AP

ကိုရိုနာဗိုင်းရပ်စ် မူလအရင်းအမြစ်ကို သိပ္ပံပညာရှင်များက Wuhan တွင် ရှာဖွေမည်

One News Myanmar