News

ဆရာကြီး ဦးကြည် တီထွင်ဖန်တီးခဲ့သည့်မြန်မာ့ပထမဦးဆုံး စက်ရုပ်၂ ရုပ်

ရန်ကုန်၊၂၀၂၀၊ဒီဇင်ဘာ၁၆ရက်

GTIပညာ‌ရေး၁၂၅နှစ်ပြည့်အခမ်းအနားတွင်ဆရာကြီး ဦးကြည် တီထွင်ဖန်တီးခဲ့သော မြန်မာ့ပထမဦးဆုံး စက်ရုပ်၂ရုပ်ကိုလည်းပြင်ဆင်ပြသမည်ဖြစ်ကြောင်းသိရသည်။

ဒီဇင်ဘာ၁၆ရက်ဆက်သွယ်မေးမြန်းရာတွင် အင်းစိန်GTIကျောင်းသားသမဂ္ဂမှ အထွေထွေအတွင်းရေးမှူး ကိုစိုင်းသီဟကMyanmar Harp mediaသို့ပြောသည်။

“၁၂၅နှစ်ပြည့်အခမ်းအနားမှာ ဆရာကြီးဦးကြည်တီထွင်ခဲ့တဲ့စက်ရုပ်ကိုပြသဖို့ရှိပါတယ်ခင်ဗျ။ ပြန်လည်ပြင်ဆင်ပြီးပြသမယ်ဆိုတာ အပြင်ပိုင်းကိုပဲကျွန်တော်တို့ကပြင်ဆင်မှာဗျ။အတွင်းပိုင်းကိုတော့မပြင်ပါဘူး။

မူလလက်ရာမပျက် ဆရာကြီး ဦးကြည်စက်ရုပ်ကိုပြသချင်တဲ့အတွက်အပြင်ပိုင်းကိုပဲပြင်တာပါ။အဓိကGTIပညာရေးမှာထင်ရှားကျော်ကြားခဲ့တဲ့အကြောင်းအရာကိုပြန်လည်ဖော်ထုတ်တဲ့အနေနဲ့လုပကြောင်းအရာကိုပြန်လည်ဖော်ထုတ်တဲ့အနေနဲ့လုပ်တာပါ”ဟု၎င်းကပြောသည်။

ဆရာကြီးဦးကြည် တီထွင်ဖန်တီးခဲ့သော စက်ရုပ်၂ရုပ်အား ဒီဇင်ဘာလအတွင်းကျောင်းသားများသမဂ္ဂမှ လက်ဆင့်ကမ်း ထိမ်းသိမ်းပြုပြင်ရန်အတွက် အင်းစိန် GTI ကျောင်းသားဟောင်းများအသင်း ဥက္ကဋ္ဌ ဦးအောင်ဝင်း ၊ ဘဏ္ဍာရေးမှူး ဦးတင်စိုး ၊ ရုံးအဖွဲ့မှူး အန်တီဒေါ်နှင်းယုမော် နှင့် ဦးခင်မောင်စီ တို့ထံမှ လွှဲပြောင်းရယူခဲ့သည်။

အဆိုပါ စက်ရုပ်၂ရုပ်အား ကျောင်းသားများသမဂ္ဂမှ မူလဖန်တီးခဲ့သော ပုံစံအတိုင်း အပြင်ပိုင်းအမြင် ပြန်လည်ရရှိအောင် ပထမဆုံးအဆင့်အနေဖြင့် GTI ပညာရေး (125)နှစ်ပြည့် ငွေရာပြည့်သဘင်အထိမ်းအမှတ်တွင် ဖော်ပြနိုင်ရန် ပြုပြင်ထိမ်းသိမ်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ဆရာကြီးဦးကြည် သည် အဆိုပါ စက်ရုပ်အား (၈၈) လူထုအရေးတော်ပုံ ၂ နှစ်အလို အချိန်တွင် ကျောင်းသားများတပည့်များနှင့်အတူ အင်းစိန် GTI ကျောင်းဝန်းအတွင်းတွင် ဦးဆောင်၍ တီထွင်ဖန်တီးခဲ့ခြင်းဖြစ်သည်။

မင်းမင်း/Myanmar Harp