News

“မြို့နယ်အဆင့်၊တိုင်းအဆင့်ကနေတစ်ဆင့် အကြီးဆုံးထောင်အထိ ပိုင်တယ်ဆိုပြီး ဆက်ကြေးကောက်စားနေတဲ့ လှိုင်သာယာလူမိုက်တို့အကြောင်း”

Covid ပေးတဲ့ဒုက္ခ၊လူမိုက်ပေးတဲ့ဒုက္ခ၊လှိုင်သာယာပြည်သူများရဲ့ဒုက္ခဟာ မသေးလှပါ။

အသုဘအိမ် ကန်ထရိုက်ဆွဲ ဖဲဝိုင်းထောင်တာလည်းပါ၊လယ်မြေထုခွဲရောင်းရာလည်းပါ၊အောက်ဆိုက်ကားဆက်ကြေးကောက်၊တည်းခိုခန်း၊KTVနှင့်မာဆက်တွေမှာလည်းဆက်ကြေးကောက်၊မြေကွက်ခြံခတ်နေရာလု၊ဆိုင်ကယ် ကယ်ရီဂိတ်များမှာလည်းဆက်ကြေးကောက်၊အကြွေးတောင်းတဲ့နေရာမှာလည်းပါ ၊

ကားပါကင်နေရာအ ချို့မှာလည်းဆက်ကြေးကောက်၊လမ်းဘေးကျူးကျော်တဲများဆောက်ကာရောင်းစားရာမှာလည်းပါ၊၊နောက်ဆုံးလှိုင်သာယာပြည်သူ့ဆေးရုံရှေ့အထိဆက်ကြေးကောက်၊ကွမ်းယာဆိုင်ဖွင့်လာပါပြီ။

ဆရာဝန်၊သူနှာပြုများကပင်အန္တရာယ်ကိုကြောက်နေရပြီ။Covid နှင့် လူမိုက်ဟာ လှိုင်သာယာကိုအလွန်လောင်မြိုက်ပါပေ၏၊ တချို့လူမိုက်အုပ်စုက တိုင်းအဆင့်အထိ ပိုင်တယ်ဆိုပါ၏၊တချို့အုပ်စုက ခရိုင်နှင့်မြို့နယ်အဆင့်ကို ခါးပိုက်ထဲ့ထည့်ထားတယ်ဆိုပါ၏။

တချို့အုပ်စုကအကြီးဆုံးထောင်ကြီးတစ်ခုလုံးကိုပိုင်တယ်ဆိုပါ၏၊တချို့အုပ်စုကတရားရေးကိုအိတ်ထဲ့ထည့်ထားတယ်ဆိုပါ၏။ပိုင်ရာဆိုင်ရာတွေအလွန်များနေကြတဲ့လောကကြီးအောက်မှာနေကြရတဲ့လှိုင်သာယာပြည်သူများရဲ့ဒုက္ခကမသေးလှပါ။

(Oo Win Mg – လွှတ်တော်ကိုယ်စားလှယ်)

လူမိုက်နှင့်ပူးပေါင်း၊ခိုး၊ဆိုး၊နှိက်၊လုယှက်၊ဖေါက်ထွင်းများနှင့်ချိတ်ဆက်ကာပြည်သူကိုဒုက္ခပေးနေတဲ့သူတွေပေးတဲ့ ဒုက္ခ ကလည်း လှိုင်သာယာပြည်သူများအတွက်မသေးလှပါ။

လှိုင်သာယာပြည်သူများ ဒုက္ခများမှကင်းဝေးကြပါစေ

Oo Win Mg