ကျောက်ဆည်ခရိုင်၌ ပိုးကူးစက်မှု ဆက်တိုက်မြင့်တက်နေပြီး ယခုလအတွင်း ပိုးတွေ့လူနာ (၁၈၀)ကျော်တိုးကာ စုစုပေါင်း (၃၃၀)ကျော် ရှိလာ၊
မောင်မင်းမော်၊ ဒီဒါင်းမေ၊ ဒီဇင်ဘာ-၁၄
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ မုန့်တိုက်တစ်ခုတွင် မုန့်တိုက်ပိုင်ရှင် အမျိုးသားတစ်ဦး COVID-19 ရောဂါ ကူးစက်ခံရသဖြင့် ၎င်းနှင့် ထိစပ်သူ (၇၀)ကျော်ကို ကွာရန်တင်း ထားရှိ၍ ဓာတ်ခွဲစစ်ဆေးရာ စုစုပေါင်း (၂၂)ဦးတွင် ပိုးတွေ့ရှိကြောင်း ကျောက်ဆည်ခရိုင်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သတင်းရရှိသည်။
အသက်(၇၀)ဝန်းကျင်အရွယ် မုန့်တိုက်ပိုင်ရှင် အမျိုးသားသည် နေမကောင်းသဖြင့် ဒီဇင်ဘာ(၁၁)ရက်က ကျောက်ဆည်ဆေးရုံကြီးသို့ လာရောက်ပြသရာမှ COVID-19 ရောဂါပိုး ကူးစက်ဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းနှင့်ထိစပ်သူများကို ဆက်လက်စစ်ဆေးရာ နှစ်ရက်အတွင်း လူ(၂၀)ကျော် COVID-19 ရောဂါ Positive (ပိုးတွေ့) အဖြေထွက်ခြင်း ဖြစ်သည်ဟု ကျောက်ဆည်ခရိုင်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူက Mandalay In-depth News အား ပြောသည်။
“ပိုင်ရှင်အမျိုးသားကြီးက နေမကောင်းဘူးဆိုပြီး ဆေးရုံလာပြရင်း ကနေ စလိုက်တာ။ သူပြခဲ့တဲ့ ဆေးခန်းက ဆရာဝန်တွေတောင်မှ ဆေးရုံ ကွာရန်တင်း ဝင်နေရတယ်။ ကျောက်ဆည်ဆေးခန်းမှာလည်း ပြတယ်။ ဆေးခန်းကနေ ဆေးရုံရောက်တော့လည်း ဆေးရုံက ဆရာဝန်တွေက (PPE အကာအကွယ်ဝတ်စုံ) level-2 နဲ့ပေါ့။ သူတို့လည်း ကွာရန်တင်း ဝင်နေရတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
အဆိုပါ မုန့်တိုက်ပိုင်ရှင် COVID-19 ရောဂါ ကူးစက်ခံရသဖြင့် ၎င်း၏ မိသားစုဝင်များ၊ ဆိုင်ဝန်ထမ်းများ၊ မုန့်တိုက်သို့ သွားရောက်ခဲ့သူများ၊ ဆေးရုံရှိ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၇၅) ဦး ကွာရန်တင်း ဝင်ရောက်ကာ ဓာတ်ခွဲစစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးချက်အရ မုန့်တိုက်ပိုင်ရှင်၏ ဇနီး၊ သား၊ ချွေးမ၊ မြေးနှင့် တူမ စုစုပေါင်း (၁၅)ဦးနှင့် ဆိုင်ဝန်ထမ်း ခုနစ်ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ယနေ့ ဒီဇင်ဘာ (၁၄) ရက်အထိ ကျောက်ဆည်မြို့နယ်အတွင်း COVID-19 အတည်ပြုလူနာ (၇၅)ဦး ရှိကာ ၎င်းတို့အနက် ဆေးရုံဆင်းသူ (၄၂)ဦးနှင့် ဆေးရုံတက်ရောက်နေဆဲ (၃၃)ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီး COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီမှ သတင်းရရှိသည်။
ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်နှင့် တံတားမြို့နယ်များ ပါဝင်သော ကျောက်ဆည်ခရိုင်အတွင်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှု ဆက်တိုက်မြင့်တက်နေပြီး ဒီဇင်ဘာ(၁)ရက်နေ့အထိ ယင်းခရိုင်အတွင်း ပိုးကူးစက်သူ စုစုပေါင်း (၁၅၆)ဦးသာ ရှိခဲ့ရာမှ ယနေ့ ဒီဇင်ဘာ(၁၄)ရက်တွင် ပိုးတွေ့လူနာ (၃၃၇)ဦးအထိ ရှိလာသည်ဟု အထက်ပါကော်မတီက ဆိုသည်။
ကျောက်ဆည်ခရိုင် လေးမြို့နယ်အနက် စဉ့်ကိုင်မြို့နယ်သည် COVID-19 အတည်ပြုလူနာ (၁၇၀)ဦးဖြင့် ပိုးကူးစက်မှု အများဆုံးဖြစ်ပြီး ကျောက်ဆည်မြို့နယ်သည် ဒုတိယအများဆုံး ဖြစ်သည်။
ယနေ့ ဒီဇင်ဘာ (၁၄)ရက်အထိ ကျောက်ဆည်ခရိုင်အတွင်း COVID-19 အတည်ပြုလူနာ (၃၃၇)ဦး ရှိပြီး ၎င်းတို့အနက် ဆေးရုံဆင်းသူ (၁၇၄)ဦး၊ ကုသမှုခံယူနေဆဲ (၁၆၂ဝဦးနှင့် သေဆုံးသူ တစ်ဦး ရှိကြောင်း၊ ကျောက်ဆည်ခရိုင်အတွင်း ကွာရန်တင်း ဝင်နေသူ (၉၈၀)ကျော် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီမှ သတင်းရရှိသည်။
ကျောက်ဆည်မြို့ရှိ COVID-19 ကူးစက်သူများကို ဆေးရုံသို့ ပို့ဆောင်စဉ်/
Photo – Ironpalace (Kyaukse-RESCUE)
https://www.facebook.com/mandalayindepthnews
#Mandalay_Indepth_News #MandalayInDepthNews #COVID-19#မန္တလေး #ကူးစက် #ကိုဗစ် #ကျောက်ဆည် #မုန့်တိုက်
ေက်ာက္ဆည္ၿမိဳ႕ရွိ မုန႔္တိုက္တစ္ခုတြင္ ဆိုင္ရွင္မိသားစုႏွင့္ ၀န္ထမ္းမ်ား စုစုေပါင္း(၂၀)ေက်ာ္ ကိုဗစ္ကူးစက္၊
ေက်ာက္ဆည္ခ႐ိုင္၌ ပိုးကူးစက္မႈ ဆက္တိုက္ျမင့္တက္ေနၿပီး ယခုလအတြင္း ပိုးေတြ႕လူနာ (၁၈၀)ေက်ာ္တိုးကာ စုစုေပါင္း (၃၃၀)ေက်ာ္ ရွိလာ၊
ေမာင္မင္းေမာ္၊ ဒီဒါင္းေမ၊ ဒီဇင္ဘာ-၁၄
မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ဆည္ၿမိဳ႕ရွိ မုန္႔တိုက္တစ္ခုတြင္ မုန႔္တိုက္ပိုင္ရွင္ အမ်ိဳးသားတစ္ဦး COVID-19 ေရာဂါ ကူးစက္ခံရသျဖင့္ ၎ႏွင့္ ထိစပ္သူ (၇၀)ေက်ာ္ကို ကြာရန္တင္း ထားရွိ၍ ဓာတ္ခြဲစစ္ေဆးရာ စုစုေပါင္း (၂၂)ဦးတြင္ ပိုးေတြ႕ရွိေၾကာင္း ေက်ာက္ဆည္ခရိုင္၊ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွ သတင္းရရွိသည္။
အသက္(၇၀)၀န္းက်င္အရြယ္ မုန္႔တိုက္ပိုင္ရွင္ အမ်ိဳးသားသည္ ေနမေကာင္းသျဖင့္ ဒီဇင္ဘာ(၁၁)ရက္က ေက်ာက္ဆည္ေဆး႐ုံႀကီးသို႔ လာေရာက္ျပသရာမွ COVID-19 ေရာဂါပိုး ကူးစက္ျဖစ္ပြားေနေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ၿပီး ၎ႏွင့္ထိစပ္သူမ်ားကို ဆက္လက္စစ္ေဆးရာ ႏွစ္ရက္အတြင္း လူ(၂၀)ေက်ာ္ COVID-19 ေရာဂါ Positive (ပိုးေတြ႕) အေျဖထြက္ျခင္း ျဖစ္သည္ဟု ေက်ာက္ဆည္ခရိုင္၊ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွ တာ၀န္ရွိသူက Mandalay In-depth News အား ေျပာသည္။
“ပိုင္ရွင္အမ်ိဳးသားႀကီးက ေနမေကာင္းဘူးဆိုၿပီး ေဆး႐ုံလာျပရင္း ကေန စလိုက္တာ။ သူျပခဲ့တဲ့ ေဆးခန္းက ဆရာ၀န္ေတြေတာင္မွ ေဆး႐ုံ ကြာရန္တင္း ၀င္ေနရတယ္။ ေက်ာက္ဆည္ေဆးခန္းမွာလည္း ျပတယ္။ ေဆးခန္းကေန ေဆး႐ုံေရာက္ေတာ့လည္း ေဆး႐ုံက ဆရာ၀န္ေတြက (PPE အကာအကြယ္၀တ္စံု) level-2 နဲ႔ေပါ့။ သူတို႔လည္း ကြာရန္တင္း ၀င္ေနရတယ္” ဟု အထက္ပါ တာ၀န္ရွိသူက ေျပာသည္။
အဆိုပါ မုန႔္တိုက္ပိုင္ရွင္ COVID-19 ေရာဂါ ကူးစက္ခံရသျဖင့္ ၎၏ မိသားစု၀င္မ်ား၊ ဆိုင္၀န္ထမ္းမ်ား၊ မုန႔္တိုက္သို႔ သြားေရာက္ခဲ့သူမ်ား၊ ေဆး႐ုံရွိ ဆရာ၀န္ႏွင့္ က်န္းမာေရး၀န္ထမ္းမ်ား စုစုေပါင္း (၇၅) ဦး ကြာရန္တင္း ၀င္ေရာက္ကာ ဓာတ္ခြဲစစ္ေဆးခဲ့ေၾကာင္း၊ စစ္ေဆးခ်က္အရ မုန္႔တိုက္ပိုင္ရွင္၏ ဇနီး၊ သား၊ ေခၽြးမ၊ ေျမးႏွင့္ တူမ စုစုေပါင္း (၁၅)ဦးႏွင့္ ဆိုင္၀န္ထမ္း ခုနစ္ဦးတြင္ ေရာဂါပိုးေတြ႕ရွိခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။
ယေန႔ ဒီဇင္ဘာ (၁၄) ရက္အထိ ေက်ာက္ဆည္ၿမိဳ႕နယ္အတြင္း COVID-19 အတည္ျပဳလူနာ (၇၅)ဦး ရွိကာ ၎တို႔အနက္ ေဆးရံုဆင္းသူ (၄၂)ဦးႏွင့္ ေဆးရံုတက္ေရာက္ေနဆဲ (၃၃)ဦး ရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီး COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ တုန႔္ျပန္ေရးေကာ္မတီမွ သတင္းရရွိသည္။
ေက်ာက္ဆည္၊ ျမစ္သား၊ စဥ္႔ကိုင္ႏွင့္ တံတားၿမိဳ႔နယ္မ်ား ပါ၀င္ေသာ ေက်ာက္ဆည္ခ႐ိုင္အတြင္း COVID-19 ေရာဂါ ကူးစက္ျဖစ္ပြားမႈ ဆက္တိုက္ျမင့္တက္ေနၿပီး ဒီဇင္ဘာ(၁)ရက္ေန႔အထိ ယင္းခ႐ိုင္အတြင္း ပိုးကူးစက္သူ စုစုေပါင္း (၁၅၆)ဦးသာ ရွိခဲ့ရာမွ ယေန႔ ဒီဇင္ဘာ(၁၄)ရက္တြင္ ပိုးေတြ႔လူနာ (၃၃၇)ဦးအထိ ရွိလာသည္ဟု အထက္ပါေကာ္မတီက ဆိုသည္။
ေက်ာက္ဆည္ခ႐ိုင္ ေလးၿမိဳ႔နယ္အနက္ စဥ္႔ကိုင္ၿမိဳ႔နယ္သည္ COVID-19 အတည္ျပဳလူနာ (၁၇၀)ဦးျဖင့္ ပိုးကူးစက္မႈ အမ်ားဆံုးျဖစ္ၿပီး ေက်ာက္ဆည္ၿမိဳ႔နယ္သည္ ဒုတိယအမ်ားဆံုး ျဖစ္သည္။
ယေန႔ ဒီဇင္ဘာ (၁၄)ရက္အထိ ေက်ာက္ဆည္ခ႐ိုင္အတြင္း COVID-19 အတည္ျပဳလူနာ (၃၃၇)ဦး ရွိၿပီး ၎တို႔အနက္ ေဆးရံုဆင္းသူ (၁၇၄)ဦး၊ ကုသမႈခံယူေနဆဲ (၁၆၂၀ဦးႏွင့္ ေသဆံုးသူ တစ္ဦး ရွိေၾကာင္း၊ ေက်ာက္ဆည္ခ႐ိုင္အတြင္း ကြာရန္တင္း ၀င္ေနသူ (၉၈၀)ေက်ာ္ ရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီး COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ တုန႔္ျပန္ေရးေကာ္မတီမွ သတင္းရရွိသည္။
ေက်ာက္ဆည္ၿမိဳ႕ရွိ COVID-19 ကူးစက္သူမ်ားကို ေဆးရံုသို႔ ပို႕ေဆာင္စဥ္/ Photo – Ironpalace (Kyaukse-RESCUE)
https://www.facebook.com/mandalayindepthnews
#Mandalay_Indepth_News #MandalayInDepthNews #COVID-19 #မႏၲေလး #ကူးစက္ #ကိုဗစ္ #ေက်ာက္ဆည္ #မုန္႔တိုက္