ဗဟုသုတ

💢ရင်သားအကျိတ် နှင့် အနာကို စိန်ခေါ်လိုက်တဲ့ ” “ဆေးဘက်ဝင် စေတီဂမုန်း”

💢”#ဆးဘက်ဝင် စေတီဂမုန်း”

💢ဦးစွာစေတီဂမုန်းပင်အကြောင်းပြောပြချင်ပါသည်။

💢ဂမုန်းဝါသနာပါသူများ စိုက်ပျိုးသည်။

စေတီအမည်ဖြစ်နေ၍တချို့စိုက်ကြသည်။

ပင်စည်က ဖေါင်းဖေါင်းရိုးတန်ရှည်ရွက်တွန့် မျိုးဖြစ်သည်စေတီပုံဖြင့်တူနေသဖြင့် စေတီဂမုန်းဟုခေါ်ကြသည်၊

တချုို့က တပင်ရွှေထီးဟုလည်းခေါ်သည်။

💢စေတီဂမုန်း၏ထူးခြားချက်မှာ” ဥ” ပံသဏ္ဍန် ထင်ရသည့် ပင်စည်ဖြစ်သည်၊ပင်စည်ကိုမြေမြှု တ်ထားပါက ထိပ်မှအတက်ထွက်ကာ အရွက်များထွက်လာပြီး ပင်စည်ဖေါင်းဖေါင်းကြီးဖြစ်သွားသည်

💢နွေရာသီတွင် အရွက်များခြောက်သွားပြီးစေတီပုံ ပင်စည်တွေဖြစ်နေသည်။

နွေရာသီတွင် ရေလောင်းစရာမလိုပါ။

💢#ဆေးဘက်ဝင်ပုံမှာ ~

💢ရင်သားတဝိုက်ပေါက်တတ်သော အလုံး အကျိတ်များ၊ အနာ၊ အဖုအကျိတ်များအားလုံး ပျောက်ကင်းပါသည်။

💢#ကုသပုံ ကုသနည်းမှာ ~

အဖု၊ အလုံး ၊ အကျိတ်အနာများ၏ အနာဝအား ချန်လှပ်ထားပြီး အရွက်ကိုမီးအုံပေးကာ ထိုဘေး ပတ်လည်တွင် အုံပေးခြင်းဖြင့် ကိုက်ခဲခြင်း နာကျင်ခြင်းများအတွက် နာရီပိုင်းအတွင်း သက်သာသွားအြီးရက်ပိုင်အတွင်း အလုံး အကျိတ်များပါမကျန် သက်သာ ပျောက်ကင်းသွားတာ တွေ့ရပါသည်။

💢မှတ်ချက်။ ။

ရင်သားအကျိတ်အနာသည် ကင်ဆာအကျိတ်ကိုဆိုလိုခြင်းမဟုတ်ပါ။

ကင်ဆာအကျိတ်က အများအားဖြင့်နာကျင်မှု မရှိပါ။ အကျိတ်အနာက စဖြစ်ကတည်းက နာကျင်ပါသည်။

#ဆေးနည်း ဦးဘရှင်

မေတ္တာဖြင့်

စိုင်း မင်း သန့်

မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ