ဗဟုသုတ

စီးပွားဖြစ် ကြက်သွန်နီ စိုက်ပျိုးမှု

စီးပွားဖြစ် ကြက်သွန်နီ စိုက်ပျိုးမှု

မြန်မာ တစ်နိုင်ငံလုံး၏ လစဉ် ကြက်သွန်နီ စားသုံးမှုမှာလည်း ကြက်သွန်နီ ပိဿာချိန် သိန်း ၅၀ ဝန်းကျင်ဖြစ်၍ တစ်နှစ်ပတ်လုံးအတွက်ဆိုလျှင် ပိဿာချိန် သိန်း ၆၀၀ ခန့် လိုအပ်နေမည် ဖြစ်ပါသည်။

ကြက်သွန်နီ စိုက်ပျိုးမှုများ၏ တစ်ဧက အထွက်နှုန်းမှာပိဿာချိန် ၂၀၀၀ မှ ၂၅၀၀-၃၀၀၀ ပိဿာ အကြားတွင် ရှိပါသည်။ တစ်နိုင်ငံလုံး ကြက်သွန်နီ စားသုံးမှု ဖူလုံစေရေးတို့အတွက်ဧက သိန်းနှင့်ချီ စိုက်ပျိုး ထုတ်လုပ်သွားရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ကြက်သွန်နီ တစ်ပိဿာလျှင် ၃၀၀၀ ကျပ် စျေးနှုန်းအထိ စျေးအမြင့်ဆုံး ဖြစ်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီကို မြေလတ်ဒေသများ ဖြစ်သည့် ပခုက္ကူ၊ ဆိတ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ ရေနံချောင်း၊ကျောက်ပန်းတောင်း၊ တောင်တွင်းကြီး၊ မြင်းခြံ၊ တောင်သာ၊ မြစ်သား၊ကျောက်ဆည် ဒေသများတွင် စီးပွားဖြစ် စိုက်ပျိုးလျက် ရှိပါသည်။

ကြက်သွန်နီကို စီးပွားဖြစ် စိုက်ပျိုးကြရာတွင် မျိုးကောင်း၊ မျိုးသန့်ဖြစ်သည့် ရွှေဖလား၊ ဘောင်စောက်၊ သပိတ်လုံး၊ မင်းတုန်းဥမွှာ စသည့်မျိုးများမှ ရွှေဖလားမျိုးကို အဓိကထား ရွေးချယ်စိုက်ပျိုးပါ။ ကြက်သွန်နီသည် မြေ အမျိုးအစားမရွေး စိုက်ပျိုးနိုင်သည် ဆိုသော်လည်း အလွန် ချဉ်သောမြေများကို မနှစ်သက်သဖြင့်အောက်မြန်မာနိုင်ငံတွင် ကြက်သွန်နီစိုက်ပျိုးမှု နည်းပါးပါသည်။

မြေသြဇာ ကောင်းမွန် ထက်သန်သောနုန်းမြေများတွင် ပိုမိုဖြစ်ထွန်းပါသည်။ မြေ၏ ချဉ်ငန်ဓာတ်မှာ ၆ မှ ၇ အထိ ဖြစ်ပါသည်။လိုအပ်သော ချဉ်ငန်ဓာတ် ရရှိစေရန် ထုံးဓာတ်ထည့်ပေးရပါသည်။ ကြက်သွန်နီသည် ရာသီဥတု အပူ၊အအေး သင့်တင့်သောရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ အပင်ကြီးထွားချိန်တွင်၂၀ ဒီဂရီစင်တီဂရိတ်မှ ၂၁ ဒီဂရီစင်တီဂရိတ်နှင့် ကြက်သွန်ဥ ဖြစ်ပေါ်ချိန်တွင် ၂၀ ဒီဂရီစင်တီ ဂရိတ်မှ ၂၇ ဒီဂရီစင်တီဂရိတ်၊ နေ့တာရှည်ရန်လည်း လိုအပ်ပါသည်။ သာမန်အားဖြင့် အပူချိန်အသင့်အတင့် ဖြစ်နေပြီး နေ့တာရှည်က ဥဖြစ်ပေါ်မှုကို အားပေးပါသည်။

အပူချိန် မြင့်မားခြင်းသည် ပွင့်တံထွက်ခြင်းများကို စိုးမိုးပါသည်။ ၁၀ ဒီဂရီစင်တီ ဂရိတ်မှ ၁၆ ဒီဂရီ စင်တီဂရိတ်များတွင် နေ့တာတိုမှုကိုးနာရီမှ ၁၂ နာရီသာ ရရှိပါက ပန်းပွင်များကို များစေ၍ အစေ့တည်စေပါသည်။ ကြက်သွန်နီ စိုက်ပျိုးရာတွင် တစ်ဧက ပျိုးထောင်ရန် ကြက်သွန်မျိုးစေ့ နှစ်ပြည်မှ လေးပြည်ခန့် လိုပါသည်။ ကြက်သွန်နီ တစ်ဧက စိုက်ပျိုးရန် ပျိုးခင်း သုည ဒသမ ၀၅ ဧကအရွယ် ရှိရပါမည်။ မျိုးစေ့များကို ညီညာစွာကြဲပက်၍လည်းကောင်း၊ အတန်းလိုက်လည်းကောင်း စိုက်ရပါမည်။

ပျိုးခင်းအတွင်း ပေါင်းလိုက်ခြင်းလွယ်ကူစေရန် အတန်းလိုက် စိုက်သင့်ပါသည်။ ပျိုးဘောင်ပေါ်ရှိ မျိုးစေ့များကို နွားချေးမှုန့်ပါးပါးဖြူး၍ သဲကြမ်းများဖြင့် လုံအောင်ဖုံးအုပ်ပေးပါ။

အောက်တိုဘာလမှ နိုဝင်ဘာလလယ် အထိ ပျိုးထောင်စိုက်ပျိုးနိုင်ပါသည်။ မျိုးစေ့များကို သစ်ခက်၊ ကောက်ရိုး၊ မြက်ခြောက်များဖြင့် ဖုံးအုပ်ပေးရပါမည်။ သုံးပေ_ ၁၈ ပေ တစ်ဘောင် မျိုးစေ့(တစ်)ဖူး လိုအပ်ပါသည်။ပျိုးသက် တစ်လသားတွင် ပျိုးဘောင်တစ်ဘောင် ယူရီးယား နို့ဆီဘူးနှစ်ဘူး မြေသြဇာကျွေးရပါမည်။ ကြက်သွန်နီ သီးနှံသည် အပင်ကြီးထွားမှုနှေးသော သီးနှံဖြစ်ပါသည်။ ပေါင်းမြက်ကင်းစင်ရန် လိုအပ်ပါသည်။

ပေါင်းမြက်ရှိနေပါက စိုက်ခင်းပျက်စီးစေပါသည်။ စိုက်ခင်းများ ပေါင်းမြက်ကာကွယ်ရန်၊ ထယ်ထိုး၊ ထွန်မွေ၊ ကြမ်းတုံးရိုက်ပြီး မိမိတို့စိုက်လိုသည့် နည်းစနစ်များ အတိုင်းပြုပြင် စိုက်ပျိုးနိုင်ပါသည်။ ကြက်သွန်နီ စိုက်စနစ်များမှာ မျိုးဥအသေးမှ စိုက်ပျိုးခြင်း၊ မျိုးစေ့ယူရန်အတွက် စိုက်ပျိုးခြင်းတို့ပင် ဖြစ်ပါသည်။ စိုက်ခင်း မြေပြင်စဉ်တစ်ဧကလျှင် နွားချေးလှည်း ငါးစီးမှ ရှစ်စီးအထိ ထည့်သွင်းပေးပါ။

ဓာတ်မြေသြဇာ တီစူပါ ၅ဝကီလိုဝင်နှစ်အိတ်၊ ယူရီးယား ၅ဝကီလိုဝင်နှစ်အိတ်၊ ပိုတက်ရှ် ၅၀ ကီလိုဝင် တစ်အိတ် လိုအပ်ပါသည်။ ယူရီးယားမှလွဲ၍ ကျန်ဓာတ်မြေသြဇာများကို မြေပြင်ချိန်တွင်ထည့်ပေးပါ။ ယူရီးယားကို ပျိုးပင်များ ပြောင်းစိုက်ချိန်တွင် တစ်ဝက်၊ စိုက်ပြီးတစ်လအကြာတွင် တစ်ဝက်ထည့်ပေးပါ။

စိုက်ခင်းမြေပြင်ပြီးပါက နှစ်ပေအကျယ် ထယ်ကြောင်းဖော်ပြီး ဘောင်ပြုလုပ်ရပါမည်။

ထယ်ကြောင်းထဲတွင် ကျနေသော မြေစာများကို ဘောင်တင်ပေးရပါမည်။ ကန်သင်းအကန့် ဖော်ပါက ကိုးပေ_ခြောက်ပေအကန့်(သို့) ခြောက်ပေ_ခြောက်ပေ အကန့်များ ဖွဲ့ရပါသည်။ ရေသွင်းစိုက်စနစ်ဖြစ်သည့်အတွက် နှစ်ကျင်းကျော်ရေပေးမြောင်းတစ်မြောင်း၊ ဖော်ပေးပါ။ ကြက်သွန်နီကို ပင်ကြား သုံးလက်မ၊ တန်းကြား လေးလက်မထား၍ တစ်ဧကအပင်ဦးရေ နှစ်သိန်းခွဲမှ သုံးသိန်းအထိ ရရှိအောင် စိုက်ပျိုးရပါသည်။ကြက်သွန်နီအပင် ပြုစုရာတွင် ပေါင်းမြက်ကင်းစင်နေစေရန် လိုအပ်ပါသည်။ မြေကြပ်နေပါက နွားချေးမြေဆွေး ထပ်မံထည့်ပေးပါ။ ကြက်သွန်နီပန်းဖူးများကို အပတ်စဉ်ချိုးပေးပါ။

ကြက်သွန်ခင်းမှာ မစိုလွန်း၊ မခြောက်လွန်းသော အခြေအနေတွင် အမြဲရှိနေရန် လိုအပ်ပါသည်။ ရေသွင်းချိန်ရောက်၊ မရောက် ကြက်သွန်ပင်ကို ကြည့်၍သိနိုင်ပါသည်။ ကြက်သွန်ပင် ရေငတ်ပါကအရွက်များ ပြာမှိုင်းပြီး နွမ်းခွေလာသည်။ ပုံမှန်အားဖြင့် ခုနစ်ရက်လျှင် တစ်ကြိမ် ရေပေးသွင်းရသည်။ အရွက်များ စတင်ကျနေချိန်မှ စတင်၍ ရေသွင်းခြင်းကို ရပ်ရမည်။

မြေအစိုဓာတ်အပေါ် မူတည်၍ ရေသွင်းချိန်ငါးကြိမ်မှ ရှစ်ကြိမ်အထိ ရှိရပါမည်။ကြက်သွန်နီတွင် ရောဂါကျရောက်ပါက ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေးများကိုအညွှန်းအတိုင်း ဖျန်းပါ။ မှိုရောဂါများ ကျရောက်ပါက လာဘီလိုက် (သို့) ကိုဆိုက် စသည့် မှိုသက်ဆေးများကို အညွှန်းအတိုင်းသုံးစွဲပါ ကြက်သွန်နီ စိုက်ပျိုးမှု အဆင်ပြေပါက တစ်ဧက အထွက်နှုန်း ပိဿာချိန် ၂၀၀၀ ကျော်မှ ၃၀၀၀ ကျော်အထိ ရရှိနိုင်ပါသည်။

ကြက်သွန်အရွက်များ ခြောက်လာလျှင် နုတ်သိမ်းနိုင်ပါသည်။ ဥများကို အရိပ်အောက် တစ်ပတ်ခန့်ထားပြီး နှစ်လက်မခန့်ချန်ပြီးဖြတ်ရပါမည်။ စားသုံးသူများအတွက် လိုအပ်လျှက်ရှိနေသော “ကြက်သွန်နီသီးနှံကို တိုးချဲ့စိုက်ပျိုးပေးကြပါ”ဟု တိုက်တွန်းအပ်ပါသည်။

ရွှေမင်းအောင် (ကျောက်ပန်းတောင်း)

မြန်မာတောင်သူကြီးများ ဂျာနယ်

စီးပြားျဖစ္ ၾကက္သြန္နီ စိုက္ပ်ဳိးမႈ

ျမန္မာ တစ္ႏိုင္ငံလံုး၏ လစဥ္ ၾကက္သြန္နီ စားသံုးမႈမွာလည္း ၾကက္သြန္နီ ပိႆာခ်ိန္ သိန္း ၅၀ ၀န္းက်င္ျဖစ္၍ တစ္ႏွစ္ပတ္လံုးအတြက္ဆုိလွ်င္ ပိႆာခ်ိန္ သိန္း ၆၀၀ ခန္႔ လိုအပ္ေနမည္ ျဖစ္ပါသည္။ ၾကက္သြန္နီ စိုက္ပ်ဳိးမႈမ်ား၏ တစ္ဧက အထြက္ႏႈန္းမွာပိႆာခ်ိန္ ၂၀၀၀ မွ ၂၅၀၀-၃၀၀၀ ပိႆာ အၾကားတြင္ ရွိပါသည္။ တစ္ႏိုင္ငံလံုး ၾကက္သြန္နီ စားသံုးမႈ ဖူလံုေစေရးတုိ႔အတြက္ဧက သိန္းႏွင့္ခ်ီ စိုက္ပ်ဳိး ထုတ္လုပ္သြားရမည္ ျဖစ္ပါသည္။ ျမန္မာႏိုင္ငံတြင္ ၂၀၁၇ ခုႏွစ္၊ ႏွစ္ဆန္းပိုင္းတြင္ ၾကက္သြန္နီ တစ္ပိႆာလွ်င္ ၃၀၀၀ က်ပ္ ေစ်းႏႈန္းအထိ ေစ်းအျမင့္ဆံုး ျဖစ္ခဲ့ပါသည္။

ျမန္မာႏိုင္ငံတြင္ ၾကက္သြန္နီကို ေျမလတ္ေဒသမ်ား ျဖစ္သည့္ ပခုကၠဴ၊ ဆိတ္ျဖဴ၊ ဆင္ျဖဴကြၽန္း၊ စလင္း၊ ေရနံေခ်ာင္း၊ေက်ာက္ပန္းေတာင္း၊ ေတာင္တြင္းႀကီး၊ ျမင္းျခံ၊ ေတာင္သာ၊ ျမစ္သား၊ေက်ာက္ဆည္ ေဒသမ်ားတြင္ စီးပြားျဖစ္ စိုက္ပ်ဳိးလ်က္ ရွိပါသည္။

ၾကက္သြန္နီကို စီးပြားျဖစ္ စိုက္ပ်ဳိးၾကရာတြင္ မ်ဳိးေကာင္း၊ မ်ဳိးသန္႔ျဖစ္သည့္ ေရႊဖလား၊ ေဘာင္ေစာက္၊ သပိတ္လံုး၊ မင္းတုန္းဥမႊာ စသည့္မ်ဳိးမ်ားမွ ေရႊဖလားမ်ဳိးကို အဓိကထား ေရြးခ်ယ္စိုက္ပ်ဳိးပါ။ ၾကက္သြန္နီသည္ ေျမ အမ်ဳိးအစားမေရြး စိုက္ပ်ဳိးႏိုင္သည္ ဆုိေသာ္လည္း အလြန္ ခ်ဥ္ေသာေျမမ်ားကို မႏွစ္သက္သျဖင့္ေအာက္ျမန္မာႏိုင္ငံတြင္ ၾကက္သြန္နီစိုက္ပ်ဳိးမႈ နည္းပါးပါသည္။

ေျမၾသဇာ ေကာင္းမြန္ ထက္သန္ေသာႏုန္းေျမမ်ားတြင္ ပိုမိုျဖစ္ထြန္းပါသည္။ ေျမ၏ ခ်ဥ္ငန္ဓာတ္မွာ ၆ မွ ၇ အထိ ျဖစ္ပါသည္။လိုအပ္ေသာ ခ်ဥ္ငန္ဓာတ္ ရရွိေစရန္ ထံုးဓာတ္ထည့္ေပးရပါသည္။ ၾကက္သြန္နီသည္ ရာသီဥတု အပူ၊အေအး သင့္တင့္ေသာရာသီဥတုကို ႀကိဳက္ႏွစ္သက္ပါသည္။ အပင္ႀကီးထြားခ်ိန္တြင္၂၀ ဒီဂရီစင္တီဂရိတ္မွ ၂၁ ဒီဂရီစင္တီဂရိတ္ႏွင့္ ၾကက္သြန္ဥ ျဖစ္ေပၚခ်ိန္တြင္ ၂၀ ဒီဂရီစင္တီ ဂရိတ္မွ ၂၇ ဒီဂရီစင္တီဂရိတ္၊ ေန႔တာရွည္ရန္လည္း လိုအပ္ပါသည္။

သာမန္အားျဖင့္ အပူခ်ိန္အသင့္အတင့္ ျဖစ္ေနၿပီး ေန႔တာရွည္က ဥျဖစ္ေပၚမႈကို အားေပးပါသည္။ အပူခ်ိန္ ျမင့္မားျခင္းသည္ ပြင့္တံထြက္ျခင္းမ်ားကို စိုးမိုးပါသည္။ ၁၀ ဒီဂရီစင္တီ ဂရိတ္မွ ၁၆ ဒီဂရီ စင္တီဂရိတ္မ်ားတြင္ ေန႔တာတုိမႈကိုးနာရီမွ ၁၂ နာရီသာ ရရွိပါက ပန္းပြင္မ်ားကို မ်ားေစ၍ အေစ့တည္ေစပါသည္။ ၾကက္သြန္နီ စိုက္ပ်ဳိးရာတြင္ တစ္ဧက ပ်ဳိးေထာင္ရန္ ၾကက္သြန္မ်ဳိးေစ့ ႏွစ္ျပည္မွ ေလးျပည္ခန္႔ လိုပါသည္။ ၾကက္သြန္နီ တစ္ဧက စိုက္ပ်ဳိးရန္ ပ်ဳိးခင္း သုည ဒသမ ၀၅ ဧကအရြယ္ ရွိရပါမည္။ မ်ဳိးေစ့မ်ားကို ညီညာစြာႀကဲပက္၍လည္းေကာင္း၊ အတန္းလိုက္လည္းေကာင္း စိုက္ရပါမည္။

ပ်ဳိးခင္းအတြင္း ေပါင္းလုိက္ျခင္းလြယ္ကူေစရန္ အတန္းလိုက္ စိုက္သင့္ပါသည္။ ပ်ဳိးေဘာင္ေပၚရွိ မ်ဳိးေစ့မ်ားကို ႏြားေခ်းမႈန္႔ပါးပါးျဖဴး၍ သဲၾကမ္းမ်ားျဖင့္ လံုေအာင္ဖံုးအုပ္ေပးပါ။

ေအာက္တုိဘာလမွ ႏို၀င္ဘာလလယ္ အထိ ပ်ဳိးေထာင္စိုက္ပ်ဳိးႏိုင္ပါသည္။ မ်ဳိးေစ့မ်ားကို သစ္ခက္၊ ေကာက္႐ိုး၊ ျမက္ေျခာက္မ်ားျဖင့္ ဖံုးအုပ္ေပးရပါမည္။ သံုးေပ_ ၁၈ ေပ တစ္ေဘာင္ မ်ဳိးေစ့(တစ္)ဖူး လိုအပ္ပါသည္။ပ်ဳိးသက္ တစ္လသားတြင္ ပ်ဳိးေဘာင္တစ္ေဘာင္ ယူရီးယား ႏို႔ဆီဘူးႏွစ္ဘူး ေျမၾသဇာေကြၽးရပါမည္။ ၾကက္သြန္နီ သီးႏွံသည္ အပင္ႀကီးထြားမႈေႏွးေသာ သီးႏွံျဖစ္ပါသည္။ ေပါင္းျမက္ကင္းစင္ရန္ လိုအပ္ပါသည္။

ေပါင္းျမက္ရွိေနပါက စိုက္ခင္းပ်က္စီးေစပါသည္။ စိုက္ခင္းမ်ား ေပါင္းျမက္ကာကြယ္ရန္၊ ထယ္ထုိး၊ ထြန္ေမြ၊ ၾကမ္းတံုး႐ိုက္ၿပီး မိမိတို႔စိုက္လိုသည့္ နည္းစနစ္မ်ား အတိုင္းျပဳျပင္ စိုက္ပ်ဳိးႏိုင္ပါသည္။ ၾကက္သြန္နီ စိုက္စနစ္မ်ားမွာ မ်ဳိးဥအေသးမွ စိုက္ပ်ဳိးျခင္း၊ မ်ဳိးေစ့ယူရန္အတြက္ စိုက္ပ်ဳိးျခင္းတုိ႔ပင္ ျဖစ္ပါသည္။ စိုက္ခင္း ေျမျပင္စဥ္တစ္ဧကလွ်င္ ႏြားေခ်းလွည္း ငါးစီးမွ ရွစ္စီးအထိ ထည့္သြင္းေပးပါ။

ဓာတ္ေျမၾသဇာ တီစူပါ ၅၀ကီလို၀င္ႏွစ္အိတ္၊ ယူရီးယား ၅၀ကီလို၀င္ႏွစ္အိတ္၊ ပုိတက္ရွ္ ၅၀ ကီလို၀င္ တစ္အိတ္ လိုအပ္ပါသည္။ ယူရီးယားမွလြဲ၍ က်န္ဓာတ္ေျမၾသဇာမ်ားကို ေျမျပင္ခ်ိန္တြင္ထည့္ေပးပါ။ ယူရီးယားကို ပ်ဳိးပင္မ်ား ေျပာင္းစိုက္ခ်ိန္တြင္ တစ္၀က္၊ စိုက္ၿပီးတစ္လအၾကာတြင္ တစ္၀က္ထည့္ေပးပါ။

စိုက္ခင္းေျမျပင္ၿပီးပါက ႏွစ္ေပအက်ယ္ ထယ္ေၾကာင္းေဖာ္ၿပီး ေဘာင္ျပဳလုပ္ရပါမည္။

ထယ္ေၾကာင္းထဲတြင္ က်ေနေသာ ေျမစာမ်ားကို ေဘာင္တင္ေပးရပါမည္။ ကန္သင္းအကန္႔ ေဖာ္ပါက ကိုးေပ_ေျခာက္ေပအကန္႔(သို႔) ေျခာက္ေပ_ေျခာက္ေပ အကန္႔မ်ား ဖြဲ႕ရပါသည္။ ေရသြင္းစိုက္စနစ္ျဖစ္သည့္အတြက္ ႏွစ္က်င္းေက်ာ္ေရေပးေျမာင္းတစ္ေျမာင္း၊ ေဖာ္ေပးပါ။

ၾကက္သြန္နီကို ပင္ၾကား သံုးလက္မ၊ တန္းၾကား ေလးလက္မထား၍ တစ္ဧကအပင္ဦးေရ ႏွစ္သိန္းခြဲမွ သံုးသိန္းအထိ ရရွိေအာင္ စိုက္ပ်ဳိးရပါသည္။ၾကက္သြန္နီအပင္ ျပဳစုရာတြင္ ေပါင္းျမက္ကင္းစင္ေနေစရန္ လိုအပ္ပါသည္။ ေျမၾကပ္ေနပါက ႏြားေခ်းေျမေဆြး ထပ္မံထည့္ေပးပါ။ ၾကက္သြန္နီပန္းဖူးမ်ားကို အပတ္စဥ္ခ်ဳိးေပးပါ။

ၾကက္သြန္ခင္းမွာ မစိုလြန္း၊ မေျခာက္လြန္းေသာ အေျခအေနတြင္ အၿမဲရွိေနရန္ လိုအပ္ပါသည္။ ေရသြင္းခ်ိန္ေရာက္၊ မေရာက္ ၾကက္သြန္ပင္ကို ၾကည့္၍သိႏုိင္ပါသည္။ ၾကက္သြန္ပင္ ေရငတ္ပါကအရြက္မ်ား ျပာမိႈင္းၿပီး ႏြမ္းေခြလာသည္။ ပံုမွန္အားျဖင့္ ခုနစ္ရက္လွ်င္ တစ္ႀကိမ္ ေရေပးသြင္းရသည္။ အရြက္မ်ား စတင္က်ေနခ်ိန္မွ စတင္၍ ေရသြင္းျခင္းကို ရပ္ရမည္။ေျမအစိုဓာတ္အေပၚ မူတည္၍ ေရသြင္းခ်ိန္ငါးႀကိမ္မွ ရွစ္ႀကိမ္အထိ ရွိရပါမည္။

ၾကက္သြန္နီတြင္ ေရာဂါက်ေရာက္ပါက ပင္လံုးျပန္႔အာနိသင္ရွိေသာ ပိုးသတ္ေဆးမ်ားကိုအၫႊန္းအတုိင္း ဖ်န္းပါ။ မိႈေရာဂါမ်ား က်ေရာက္ပါက လာဘီလုိက္ (သို႔) ကိုဆိုက္ စသည့္ မိႈသက္ေဆးမ်ားကို အၫႊန္းအတုိင္းသံုးစြဲပါ ၾကက္သြန္နီ စိုက္ပ်ဳိးမႈ အဆင္ေျပပါက တစ္ဧက အထြက္ႏႈန္း ပိႆာခ်ိန္ ၂၀၀၀ ေက်ာ္မွ ၃၀၀၀ ေက်ာ္အထိ ရရွိႏုိင္ပါသည္။

ၾကက္သြန္အရြက္မ်ား ေျခာက္လာလွ်င္ ႏုတ္သိမ္းႏိုင္ပါသည္။ ဥမ်ားကို အရိပ္ေအာက္ တစ္ပတ္ခန္႔ထားၿပီး ႏွစ္လက္မခန္႔ခ်န္ၿပီးျဖတ္ရပါမည္။ စားသံုးသူမ်ားအတြက္ လိုအပ္လွ်က္ရွိေနေသာ “ၾကက္သြန္နီသီးႏွံကို တုိးခ်ဲ႕စိုက္ပ်ဳိးေပးၾကပါ”ဟု တုိက္တြန္းအပ္ပါသည္။

ေရႊမင္းေအာင္ (ေက်ာက္ပန္းေတာင္း)

ျမန္မာေတာင္သူႀကီးမ်ား ဂ်ာနယ္