Local News

သယံဇာတတူးဖော်ရေး စာချုပ် များပြည်သူများကို ပွင့်လင်းမြင်သာစွာချပြရန် သမ္မတ အမိန့်ထုတ်လိုက်ပြီ

ဒီဇင်ဘာ ၁၄

လာမည့် ဇန်နဝါရီ ၁ ရက်မှစတင်ကာ တွင်းထွက် သယံဇာ တူးဖော်ရေး လုပ်ငန်းတွေရဲ့ စာချုပ်တွေကို အများပြည်သူ သိရှိအောင် ထုတ်ဖော်ချပြ ဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံသည် EITI စံနှုန်းများအား လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စာချုပ်စာတမ်းများ ပွင့်လင်းမြင့်သာမှုဖော်ဆောင်ရေး ( Contract Transparencey ) နှင့်ပတ်သတ်၍ သယံဇာတ ကဏ္ဍ ( ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေ ၊ ကျောက်မျက်ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေ ၊

ဓာတ်သတ္တု တူးဖော်ရေး လုပ်ငန်းတွေ ၊ ပုလဲ လုပ်ငန်း၊သစ်တောလုပ်ငန်း) ရှာဖွေ တူးဖော် ထုတ်လုပ်သန့်စင်ရောင်းချခြင်း လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများ စီးပွားရေးအဖွဲ့အစည်းများ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ အစိုးရ ဌာန နှင့် လုပ်ငန်းများသည့် EITI စံနှုန်း သတ်မှတ်ချက်အရ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ကာ လိုင်စင်ခွင့်ပြုမှု ၊

စာချုပ် ချုပ်ဆိုမှု၊စာချုပ် ပြန်လည် ပြင်ဆင်ချုပ်ဆိုမှုများကို အများပြည်သူ သိရှိနိုင်စေရန် ထုတ်ပြန်ကြေညာရမယ်လို့ နိုင်ငံတော် သမ္မတရုံးအမိန့်ကြော်ငြာစာ အမှတ် ၁၁၈/၂၀၂၀ နှင့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

#Credit – Original Uploader