နတ်တော်လ အတွက်အကောင်းဆုံးယတြာ (15.12.2020) မှ (12.1.2021)အထိ
နတ်တော်လအတွက်အကောင်းဆုံးယတြာ
နတ်တော်လဆန်း(၁)ရက်နေ့(15.12.2020) မှ နတ်တော်လကွယ်နေ့(12.1.2021)အထိတစ်လတာလုံး
“ပန်းကန်ပြားတစ်ချပ်ပေါ်တွင် ငွေကျပ် {၂၀၀}တန် အသန့်လေးတစ်ရွက်ကို ဖြန့်ခင်းထားပါ။
ထိုပိုက်ဆံပေါ်တွင် ဆန် လက်တစ်ဆုပ်စာ တင်ထားပါ။ လုံးဝိုင်းချောသည့် သံပုရာသီးတစ်လုံးပေါ်တွင် ဆော့ပင်ဖြင့် “စ” အက္ခရာကိုရေးလိုက်ပါ။ထိုသံပုရာသီးကို ဆန်၏အလယ်တွင် ထားပေးရပါမှာ ဖြစ်ပါတယ်….။”
ဤယတြာအစီအရင်ကို အတိအကျလုပ်ဆောင်ကာ မိမိအိမ် ဘုရားကျောင်းဆောင်ပေါ်တွင် တင်ထားလှူပေးပြီး နေ့စဥ် ဂါထာတော် ရွတ်ဖတ်၍ ဆုတောင်းကြရပါမယ် ခင်ဗျ…။
အောက်ပါ ဂါထာတော်ကို (၁၁)ခေါက်တိတိ ရွတ်ဖတ်ပေးရပါမယ်။
” ဥုံ ပထဗျာ အာကာသေ ပဗ္ဗတေစေဝ
ဥဒကေ ဝနေ ယံယံ ပတ္တံ ပဝါဒေမိ
သဗ္ဗ လာဘသိဒ္ဓိ ဥပေတုံမေ။”
ဆုတောင်းစာ
“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံးနတ်တော်လ တစ်လတာအတွင်း ကိုယ်ရောကျန်းမာ၊ စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက်များ မှန်သမျှ
ကင်းရှင်းစေပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်ဖြစ်ထွန်း စီးပွားလာဘ်လာဘတိုးတက်အဆင်ပြေရပါလို၏။”
{၅}ရက်လျှင်တစ်ကြိမ် အထက်ပါနည်းလမ်းအတိုင်း အသစ် ထပ်မံ လှဲလှယ်လှူဒါန်းပေးသွားရပါတယ်။
ယခင်လှုထားခဲ့သော ဆန်များကို ခိုစာ၊ငှက်စာအဖြစ် ကျွေးပြီးဒါနပြုပေးပါ။ယခင်က ငွေ၂၀၀ ကျပ်တန် ကိုမရှိဆင်းရဲ နွမ်းပါးသူကို လှူပေးပြီး အသစ်လဲပေးနေပါ။
(နိုင်ငံရပ်ခြားမှ မိတ်ဆွေများကလည်း ပိုက်ဆံ၂ ဂဏန်း ပါဝင်သောငွေကိုအသုံးပြု၍ယတြာလုပ်နိုင်ပါသည်။)
သံပုရာသီးကိုပြန်စွန့်ပြီး အသစ်တစ်လုံး လှဲလှယ်ကာ ထိုသံပုရာသီးပေါ်တွင်လည်း “စ”အက္ခရာကိုပြန်ရေးပြီး အထက်ပါအတိုင်း စနစ်တကျ ယတြာပြုလုပ်ရပါမည်။
ဤယတြာကို နတ်တော်လ တစ်လတာလုံးအတွင်း မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်သည်။
ဤယတြာအစီအရင်သည် အလွန်အစွမ်းထက် ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါကနတ်တော်လ တစ်လတာလုံးစီးပွားလာဘ်ရွှင်စေကာ လိုအင်ဆန္ဒပြည့်ဝစေရပါမည်။
ယုံကြည် အားကိုး ဆန္ဒရှိသူများအတွက် ဗေဒင်နှင့်အထူးယတြာပေးပညာရှင်
ဆရာပေါက်ကျိုင်း 09776478912
ဆုတောင်းစာ