News

ၾကက္ကေလး ေနမေကာင္းလို႔ ေဆး႐ုံလာျပရင္ ေပ်ာက္သြားမယ္ထင္ေနတဲ့ ကေလးငယ္

ၾကက္ကေလး ေနမေကာင္းလို႔ ေဆး႐ုံလာျပရင္ ေပ်ာက္သြားမယ္ထင္ေနတဲ့ ကေလးငယ္

အိႏၵိယနိုင္ငံ Sairang မွာေနထိုင္တဲ့ ၆ႏွစ္အရြယ္ေကာင္ေလးတစ္ေယာက္ရဲ့ ရိုးသားျဖဴစင္မႈဟာ အင္မတန္ခ်စ္စရာေကာင္းပါတယ္။သူ႔စက္ဘီးေလးနဲ႔ ေဆး႐ုံကိုအျမန္နင္းၿပီး ေျပးဝင္လာတယ္။ လက္ထဲမွာ ပိုက္ဆံ ၁ဝ႐ူပီကိုလည္း က်စ္က်စ္ပါေအာင္ကိုင္ထားေသးတယ္။ တစ္ဖက္မွာေတာ့ ၾကက္ကေလးကို သယ္လာတယ္။

သူ႔အေဖလည္း အေနာက္ကေနေျပးလိုက္လာၿပီး ေဆး႐ုံမွ ဝန္ထမ္းေတြကိုျဖစ္ရပ္အစုံအလင္ရွင္းျပေတာ့တယ္။ ဒီၾကက္ဟာ သူတို႔အိမ္နားက ၾကက္ျဖစ္ၿပီး ေသေနတာ သူ႔သားကေတြ႕လို႔ စက္ဘီးနဲ႔ ၾကက္ကေလးကို ေဆး႐ုံေခၚလာတာျဖစ္ပါတယ္။ စိတ္ထားေလး ခ်စ္ဖို႔ေကာင္းလိုက္တာ ကေလးရယ္လို႔ အားလုံးက ခ်ီးမြမ္းၾကေပမယ့္ စိတ္မေကာင္းစြာနဲ႔ပဲ သူေလးကိုေခ်ာ့ရတယ္။

ၾကက္ကေလးဟာ ေသေနၿပီ။ ဆရာဝန္ေတြလည္း မကူနိုင္ေတာ့ဘူးဆိုတာကို နားလည္ေအာင္ရွင္းျပရတယ္။ သူစိတ္မေကာင္းျဖစ္ၿပီး ေဆး႐ုံေရာက္တာ သူေနာက္က်သြားတယ္တဲ့ ။အိမ္ကို ငိုၿပီး ျပန္သြားေလရဲ့။ တစ္ဖက္က ပိုက္ဆံကို ကိုင္ ၊ တစ္ဖက္က ၾကက္ကေလး ကိုင္ထားတဲ့ သူ႔ပုံေလးဟာ ဆိုရွယ္မီဒီယာေတာ့ နာမည္ႀကီးသြားပါတယ္။

Unicode

ကြက်ကလေး နေမကောင်းလို့ ဆေးရုံလာပြရင် ပျောက်သွားမယ်ထင်နေတဲ့ ကလေးငယ်

အိန္ဒိယနိုင်ငံ Sairang မှာနေထိုင်တဲ့ ၆နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့ ရိုးသားဖြူစင်မှုဟာ အင်မတန်ချစ်စရာကောင်းပါတယ်။သူ့စက်ဘီးလေးနဲ့ ဆေးရုံကိုအမြန်နင်းပြီး ပြေးဝင်လာတယ်။ လက်ထဲမှာ ပိုက်ဆံ ၁ဝရူပီကိုလည်း ကျစ်ကျစ်ပါအောင်ကိုင်ထားသေးတယ်။ တစ်ဖက်မှာတော့ ကြက်ကလေးကို သယ်လာတယ်။

သူ့အဖေလည်း အနောက်ကနေပြေးလိုက်လာပြီး ဆေးရုံမှ ဝန်ထမ်းတွေကိုဖြစ်ရပ်အစုံအလင်ရှင်းပြတော့တယ်။ ဒီကြက်ဟာ သူတို့အိမ်နားက ကြက်ဖြစ်ပြီး သေနေတာ သူ့သားကတွေ့လို့ စက်ဘီးနဲ့ ကြက်ကလေးကို ဆေးရုံခေါ်လာတာဖြစ်ပါတယ်။ စိတ်ထားလေး ချစ်ဖို့ေကာင်းလိုက်တာ ကလေးရယ်လို့ အားလုံးက ချီးမွမ်းကြပေမယ့် စိတ်မကောင်းစွာနဲ့ပဲ သူလေးကိုချော့ရတယ်။

ကြက်ကလေးဟာ သေနေပြီ။ ဆရာဝန်တွေလည်း မကူနိုင်တော့ဘူးဆိုတာကို နားလည်အောင်ရှင်းပြရတယ်။ သူစိတ်မကောင်းဖြစ်ပြီး ေဆးရုံရောက်တာ သူနောက်ကျသွားတယ်တဲ့ ။အိမ်ကို ငိုပြီး ပြန်သွားလေရဲ့။ တစ်ဖက်က ပိုက်ဆံကို ကိုင် ၊ တစ်ဖက်က ကြက်ကလေး ကိုင်ထားတဲ့ သူ့ပုံလေးဟာ ဆိုရှယ်မီဒီယာတော့ နာမည်ကြီးသွားပါတယ်။