News

လူမြင်ကွင်းမှာ ပျော်စံခဲ့လို့ ဟင်းချက်စရာဖြစ်ခဲ့ရတဲ့စပါးကြီးမြွေနှစ်ကောင် ရဲ့ အျဖစ္

မလေးရှားနိုင်ငံမှာတော့ လူအများအရမ်းစိတ်ဝင်စားမှုခံခဲ့ရတဲ့ ဖြစ်ရပ်လေးတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ထိုအရာလေးကတော့ ဧရာမစပါးကြီးမြွေတစ်ကောင်နဲ့ နောက်ထပ်ပေ ၂၀ လောက်ရှည်တဲ့ စပါးကြီးမြွေတစ်ကောင်တို့ မိတ်လိုက်နေစဉ်အတွင်းမှာ ဖမ်းဆီးရရှိခဲ့တဲ့သတင်းလေးပဲဖြစ်ပါတယ်။

အဆိုပါမြွေကြီးနှစ်ကောင်ကိုတော့ မလေးရှားနိုင်ငံ ဘော်နီယိုကျွန်းမှာ ဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့လဲသိရပါတယ်။ ဖမ်းဆီးခဲ့တဲ့ဒေသခံတွေကတော့ လဲကျနေတဲ့ သစ်ခေါင်းတစ်ခုအတွင်းမှ ထူးဆန်းတဲ့ အသံတွေကြားရသဖြင့် စစ်ဆေးကြည့်ရာမှ ဆာရဝပ်ဒေသ အစွန်အဖျားပိုင်းမှာ အရသာရှိသော တန်ဖိုးကြီးအစားအစာအဖြစ် သတ်မှတ်ခံထားရတဲ့ အဆိုပါစပါးကြီးမြွေများကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒေသခံတစ်ယောက်ရဲ့ပြောကြားမှုအရတော့ “ကျွန်တော်က သစ်ခေါင်းပေါက်ထဲကို ငုံ့ကြည့်လိုက်တော့ အံ့အားသင့်စရာ မြွေမကြီးတစ်ကောင်က နည်းနည်းပိုငယ်တဲ့ တစ်ကောင်နဲ့ မိတ်လိုက်နေတာကို တွေ့ခဲ့ရတာပါပဲ” လို့လဲသိရပါတယ်။

ရွာသားတွေအနေနဲ့ သစ်ပင်ရဲ့အခေါက်ခွံတွေကို လွှစက်တွေနဲ့ ဖြတ်တောက်ခွာခဲပြီး အဆိုပါမြွေကြီးနှစ်ကောင်ကိုဆွဲထုတ်ကာ အသေပစ်သတ်ခဲ့တယ်လို့သိရပါတယ်။ထို့နောက်မှာတော့ ညစာချက်ပြုတ်စားသောက်ဖို့ ထရပ်ကားနဲ့သယ်ယူသွားခဲ့တယ်လို့သိခဲ့ရပါတယ်။

ဝမ်းသာပျော်ရွှင်နေတဲ့ အသက် ၆၀ အရွယ် ဒေသခံ Tinsung Ujang က၊ ကီလာဝပ်မြစ်အနီး ဘင်တူလူမြို့မှ ရွာမှာနေထိုင်ကြသူတွေအတွက် လာမယ့်ရက်ပိုင်းတွေမှာ အသားဟင်း လုံလောက်မှု ရှိတော့မယ်လို့ ပြောကြားခဲ့ပါတယ်လို့လဲသိရပါတယ်။

SOURCE – MIRROR

Zawgyi

လူျမင္ကြင္းမွာ ေပ်ာ္စံခဲ့လို႔ ဟင္းခ်က္စရာျဖစ္ခဲ့ရတဲ့စပါးႀကီးေႁမြႏွစ္ေကာင္

မေလးရွားႏိုင္ငံမွာေတာ့ လူအမ်ားအရမ္းစိတ္ဝင္စားမႈခံခဲ့ရတဲ့ ျဖစ္ရပ္ေလးတစ္ခုျဖစ္ပြားခဲ့ပါတယ္။ ထိုအရာေလးကေတာ့ ဧရာမစပါးႀကီးေႁမြတစ္ေကာင္နဲ႔ ေနာက္ထပ္ေပ ၂၀ ေလာက္ရွည္တဲ့ စပါးႀကီးေႁမြတစ္ေကာင္တို႔ မိတ္လိုက္ေနစဥ္အတြင္းမွာ ဖမ္းဆီးရရွိခဲ့တဲ့သတင္းေလးပဲျဖစ္ပါတယ္။

အဆိုပါေႁမြႀကီးႏွစ္ေကာင္ကိုေတာ့ မေလးရွားႏိုင္ငံ ေဘာ္နီယိုကြၽန္းမွာ ဖမ္းဆီးရရွိခဲ့တာျဖစ္တယ္လို႔လဲသိရပါတယ္။ ဖမ္းဆီးခဲ့တဲ့ေဒသခံေတြကေတာ့ လဲက်ေနတဲ့ သစ္ေခါင္းတစ္ခုအတြင္းမွ ထူးဆန္းတဲ့ အသံေတြၾကားရသျဖင့္ စစ္ေဆးၾကည့္ရာမွ ဆာရဝပ္ေဒသ အစြန္အဖ်ားပိုင္းမွာ အရသာရွိေသာ တန္ဖိုးႀကီးအစားအစာအျဖစ္ သတ္မွတ္ခံထားရတဲ့ အဆိုပါစပါးႀကီးေႁမြမ်ားကိုေတြ႕ရွိခဲ့တာျဖစ္တယ္လို႔သိရပါတယ္။

ေဒသခံတစ္ေယာက္ရဲ႕ေျပာၾကားမႈအရေတာ့ “ကြၽန္ေတာ္က သစ္ေခါင္းေပါက္ထဲကို ငုံ႔ၾကည့္လိုက္ေတာ့ အံ့အားသင့္စရာ ေႁမြမႀကီးတစ္ေကာင္က နည္းနည္းပိုငယ္တဲ့ တစ္ေကာင္နဲ႔ မိတ္လိုက္ေနတာကို ေတြ႕ခဲ့ရတာပါပဲ” လို႔လဲသိရပါတယ္။

႐ြာသားေတြအေနနဲ႔ သစ္ပင္ရဲ႕အေခါက္ခြံေတြကို လႊစက္ေတြနဲ႔ ျဖတ္ေတာက္ခြာခဲၿပီး အဆိုပါေႁမြႀကီးႏွစ္ေကာင္ကိုဆြဲထုတ္ကာ အေသပစ္သတ္ခဲ့တယ္လို႔သိရပါတယ္။ထို႔ေနာက္မွာေတာ့ ညစာခ်က္ျပဳတ္စားေသာက္ဖို႔ ထရပ္ကားနဲ႔သယ္ယူသြားခဲ့တယ္လို႔သိခဲ့ရပါတယ္။

ဝမ္းသာေပ်ာ္႐ႊင္ေနတဲ့ အသက္ ၆၀ အ႐ြယ္ ေဒသခံ Tinsung Ujang က၊ ကီလာဝပ္ျမစ္အနီး ဘင္တူလူၿမိဳ႕မွ ႐ြာမွာေနထိုင္ၾကသူေတြအတြက္ လာမယ့္ရက္ပိုင္းေတြမွာ အသားဟင္း လုံေလာက္မႈ ရွိေတာ့မယ္လို႔ ေျပာၾကားခဲ့ပါတယ္လို႔လဲသိရပါတယ္။

SOURCE – MIRROR