News

“မြန်မာ တစ်ယောက်ရဲ့ အသက်ကို ဘတ် (၆) သောင်းနဲ့ တန်ဖိုးဖြတ်လိုက်တဲ့ ထိုင်းသူဌေး”

ျမန္မာလုပ္သားတစ္ေယာက္ အလုပ္ခြင္ထဲ ေသဆုံးခဲ့တဲ့အေပၚ ထိုင္းအလုပ္ရွင္က က်ပ္သိန္း(၂၀)ေက်ာ္နဲ႔ ေက်ေအးဖို႔ႀကိဳးပမ္းေနထိုင္းႏိုင္ငံ၊ ဘန္းကပိက စကၠဴစက္႐ုံမွာ ျမန္မာအလုပ္သမားတစ္ေယာက္ လုပ္ငန္းခြင္ထဲေသဆုံခဲ့တဲ့အေပၚ ထိုင္းအလုပ္ရွင္က ဘတ္(၆)ေသာင္း(ျမန္မာေငြက်ပ္သိန္း ၂၀)ေက်ာ္နဲ႔ ေက်ေအးခိုင္းေနတယ္လို႔ ထိုင္းေရာက္အလုပ္သမားအေရးကူညီေပးေနတဲ့ (AAC)အဖြဲ႕က သိရပါတယ္။

ဒီဇင္ဘာလ (၁၂) ရက္က စက္႐ုံထဲမွာ အလုပ္လုပ္ေနခ်ိန္ မေတာ္တဆျဖစ္ၿပီး ေသဆုံးသြားလို႔ ထိုင္းအလုပ္ရွင္က ဘတ္(၆)ေသာင္းေက်ာ္နဲ႔ ေက်ေအးခိုင္းတဲ့အေပၚ ေသဆုံးသူရဲ႕မိသားစုဝင္ေတြဘက္က သေဘာမတူခဲ့ဘူးလို႔လည္း သိရပါတယ္။

ေသဆုံးသူဟာ အဲဒီစက္႐ုံမွာလုပ္ကိုင္‌ေနတာ (၂)ႏွစ္ေက်ာ္‌ေနၿပီး လုပ္ငန္းခြင္ထဲမွာ အလုပ္သမားတစ္ေယာက္ ေသဆုံးရင္ ထိုင္းဘတ္ေငြ(၅)သိန္းအထိရႏိုင္တယ္လို႔ သိရပါတယ္။“ျဖစ္တာကမေနကျဖစ္တယ္။ ခ်ဳပ္႐ိုးေတြနဲ႔ ႐ုပ္ပ်က္ဆင္းပ်က္သယ္လာၿပီး မေန႔ကေတာင္ မီးသၿဂႋဳလ္ဖို႔အတင္း လုပ္လို႔ ဒါကိုတားထားရတာေပါ့။ ဒီေန႔လည္း မီးသၿဂႋဳလ္ဖို႔လုပ္ေနတာ။ အခုတိုင္ခ်က္ေတာ့ မဖြင့္ေသးဘူး။ အခု ထိုင္းအလုပ္ရွင္နဲ႔ ညႇိႏႈိင္းရမယ္။

သူတို႔ဘက္က ဘာလုပ္ေပးမလဲဆိုတာကို မိသားစုေတြဘက္က ေက်နပ္လားဆို တာကို ၾကည့္ရမယ္။”လို႔ AAC က တာဝန္ရွိသူ ဦးရဲမင္းက ေျပာပါတယ္။

ထိုင္းႏိုင္ငံမွာေတာ့ လုပ္ငန္းခြင္ထဲမွာ အလုပ္သမားတစ္ေယာက္ေသဆုံးရင္ အာဏာပိုင္ေတြက စက္ပစၥည္းေတြ ကို ဝင္ေရာက္စစ္ေဆးတာေတြလုပ္ၿပီး အစိုးရက ခ်မွတ္ေပးထားတဲ့ စည္းကမ္းေတြအတိုင္းမလိုက္နာရင္ အလုပ္ရွင္ကို အနည္းဆုံးဘတ္(၆)သိန္း ဒဏ္႐ိုက္တဲ့အျပင္ အေရးယူမႈေတြလည္း ရွိႏိုင္တယ္လို႔ သိရပါတယ္ AAC

UNICODE

မြန်မာလုပ်သားတစ်ယောက် အလုပ်ခွင်ထဲ သေဆုံးခဲ့တဲ့အပေါ် ထိုင်းအလုပ်ရှင်က ကျပ်သိန်း(၂၀)ကျော်နဲ့ ကျေအေးဖို့ကြိုးပမ်းနေထိုင်းနိုင်ငံ၊ ဘန်းကပိက စက္ကူစက်ရုံမှာ မြန်မာအလုပ်သမားတစ်ယောက် လုပ်ငန်းခွင်ထဲသေဆုံခဲ့တဲ့အပေါ် ထိုင်းအလုပ်ရှင်က ဘတ်(၆)သောင်း(မြန်မာငွေကျပ်သိန်း ၂၀)ကျော်နဲ့ ကျေအေးခိုင်းနေတယ်လို့ ထိုင်းရောက်အလုပ်သမားအရေးကူညီပေးနေတဲ့ (AAC)အဖွဲ့က သိရပါတယ်။ဒီဇင်ဘာလ (၁၂) ရက်က စက်ရုံထဲမှာ အလုပ်လုပ်နေချိန် မတော်တဆဖြစ်ပြီး သေဆုံးသွားလို့ ထိုင်းအလုပ်ရှင်က ဘတ်(၆)သောင်းကျော်နဲ့ ကျေအေးခိုင်းတဲ့အပေါ် သေဆုံးသူရဲ့မိသားစုဝင်တွေဘက်က သဘောမတူခဲ့ဘူးလို့လည်း သိရပါတယ်။

သေဆုံးသူဟာ အဲဒီစက်ရုံမှာလုပ်ကိုင်‌နေတာ (၂)နှစ်ကျော်‌နေပြီး လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတစ်ယောက် သေဆုံးရင် ထိုင်းဘတ်ငွေ(၅)သိန်းအထိရနိုင်တယ်လို့ သိရပါတယ်။“ဖြစ်တာကမနေကဖြစ်တယ်။ ချုပ်ရိုးတွေနဲ့ ရုပ်ပျက်ဆင်းပျက်သယ်လာပြီး မနေ့ကတောင် မီးသင်္ဂြိုလ်ဖို့အတင်း လုပ်လို့ ဒါကိုတားထားရတာပေါ့။ ဒီနေ့လည်း မီးသင်္ဂြိုလ်ဖို့လုပ်နေတာ။ အခုတိုင်ချက်တော့ မဖွင့်သေးဘူး။ အခု ထိုင်းအလုပ်ရှင်နဲ့ ညှိနှိုင်းရမယ်။ သူတို့ဘက်က ဘာလုပ်ပေးမလဲဆိုတာကို မိသားစုတွေဘက်က ကျေနပ်လားဆို တာကို ကြည့်ရမယ်။”လို့ AAC က တာဝန်ရှိသူ ဦးရဲမင်းက ပြောပါတယ်။

ထိုင်းနိုင်ငံမှာတော့ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတစ်ယောက်သေဆုံးရင် အာဏာပိုင်တွေက စက်ပစ္စည်းတွေ ကို ဝင်ရောက်စစ်ဆေးတာတွေလုပ်ပြီး အစိုးရက ချမှတ်ပေးထားတဲ့ စည်းကမ်းတွေအတိုင်းမလိုက်နာရင် အလုပ်ရှင်ကို အနည်းဆုံးဘတ်(၆)သိန်း ဒဏ်ရိုက်တဲ့အပြင် အရေးယူမှုတွေလည်း ရှိနိုင်တယ်လို့ သိရပါတယ် AAC