News

“မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ထိုးပေမယ့်အချိန်ကို ကျန်းမာရေးဝန်ကြီး ကြေငြာပြီ”

မြန်မာနိုင်ငံတွင် Covid-19 ကာကွယ်ဆေးအား အမေရိကန်ဒေါ်လာ ငါးဒေါ်လာအောက်နှင့် ရနိုင်မည်ဖြစ်ပြီး ၊ လာမည့်နှစ် ဧပြီလ တွင် စတင် ထိုးပေးနိုင်ရန် စီစဉ်နေကြောင်း ဒေါက်တာမြင့်ထွေး က ပြော သည်။

အဆိုပါကာကွယ်ဆေးကို ပထမနှစ်အတွင်း လူဦးရေ၏ ၂၀ ရာခိုင်နှုန်းအား ထိုးပေးရန် တောင်းခံထားပြီး လာမည့် ဧပြီလတွင် စတင်ထိုးနှံနိုင်ရန်စီစဉ်နေကြောင်း၊ ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းများတွင်လည်း ကာကွယ်ဆေး ရရှိနိုင်မည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ကပြောသည်။

သို့သော် ကာကွယ်ဆေးများသည်တပြိုင်တည်း ရောက်ရှိလာမည် မဟုတ်ဘဲ အသုတ်လိုက် ရောက်လာဖွယ်ရှိပြီး ၊ ကာကွယ်ဆေးများကို အခမဲ့ သို့မဟုတ် ဈေးချိုချိုနင့် ထိုးပေးမည်လား မသိရသေးကြောင်း နှင့် အမျိုးသားကာကွယ်ဆေးနည်းပညာအကြံပေးအဖွဲ့ ဒု ဥက္ကဋ္ဌ ဦးစောဝင်းကမူ ကာကွယ်ဆေးများကို အမေရိကန်ဒေါ်လာ ၅ ဒေါ်လာအောက်နှင့် ရရှိနိုင်ဖွယ်ရှိကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဒုတိယလေးလပိုင်းအတွင်း လူဦးရေ၏ ၃ရာခိုင်နှုန်း၊ တတိယ လေးလပိုင်းတွင်နောက်ထပ် ၁၇ ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ်ကုန်တွင် လူဦးရေ၏ ၂၀ ရာခိုင်နှုန်း ထိုးပေးမည်ဖြစ်ကြောင်း ၊ ကာကွယ်ဆေးရရှိလာပါက လူနာများနှင့် ထိတွေ့ရမည့် ကျန်းမာရေးလုပ်သားများ ၊ ပိုးကူးစက်ခံထားရသူများ နှင့် သက်ကြီးရွယ်အိုများကို ဦးဆုံးထိုးပေးသွားမည်ဟုကျန်းမာရေးဝန်ကြီးဌာနကပြောထားသည်။

ကာကွယ်ဆေးကို Gavi ၊ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတော်ရန်ပုံငွေများဖြင့် ဝယ်ယူမည်ဖြစ်ပြီး၊ တဖက်တွင်လည်း ကာကွယ်ဆေးထုတ်လုပ်သည့် နိုင်ငံများနှင့် ဆက်သွယ်ကာ တိုက်ရိုက်ဝယ်ယူမည်ဖြစ်ကြောင်း ကာကွယ်ဆေးကို လူဦးရေ၏ ၂၀ ရာခိုင်နှုန်းကိုသာ ဦးဆုံးထိုးပေးနိုင်မည် ဖြစ်သည့်အတွက် ကျန် ၈၀ရာခိုင်နှုန်းမှာ စောင့်ဆိုင်းနေရဦးမှာဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိကိုဗစ်ကာကွယ်ရေး စည်းမျဉ်းများအတိုင်း ဆက်လက်လိုက်နာကြဖို့လည်း ဒေါက်တာမြင့်ထွေး က ပြောသည်။

သစ်တော်

#TheFifthWaveNews