News

မိမိပြုလုပ်ထားတဲ့ဖားထောင်ချောက်တွင်းထဲသို့ဇောက်ထိုးကျပြီးသေဆုံး

#တန်ပြန်ဝဋ်ကြွေး

ဒီဇင်ဘာလ ၁၃ ရက်

ထိုင်းနိုင်ငံစူရင်းခရိုင် စမ်ရုန်ထပ်မြို့နယ် မွန်ဆီကျေးရွာအုပ်စု ၊ မွန်ဆီအလယ်ရွာလယ်ကွင်းထဲတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့မနက် ၀၉ :၂၀ ချိန်က အမျိုးသားတစ်ဦး ကျင်းတစ်ကျင်းထဲတွင်ဇောက်ထိုးကျကာဖင်ပူးထောင်းထောင်၍သေဆုံးနေကြောင်းသိရှိရ၍သက်ဆိုင်ရာမှသွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြသည် ။

ဖြစ်စဉ်မှာ သေဆုံးသူအမျိုးသားသည် အသက် ၇၇ နှစ်အရွယ် အဖိုးအိုတစ်ဦးဖြစ်ပြီး ခန္ဓကိုယ်တစ်ဝက်ခန့် ၊ အဝအကျယ် ၂ပေခွဲခန့်ကျင်းတစ်ကျင်းထဲဇောက်ထိုးကျကာ ခြေနှစ်ချောင်းမှာမြေပေါ်တင်ကျန်နေပြီးသေဆုံးနေကြောင်းစစ်ဆေးတွေ့ရှိခဲ့သည် ။

သေဆုံးသူ၏ညီမဖြစ်သူရဲ့ပြောြပချက်အရ သူမအကိုဟာ ရွာကနေ ၂ ကီလိုအကွာရှိလယ်ကွင်းထဲတွင်ဖားထောင်ချောက်ကျင်းများတူးကာ ညအချိန်လိုက်ကောက်ရှာစားလေ့ရှိပြီး ဒီဇင်ဘာ ၁၁ ရက်နေ့ည ၁၉:၀၀ ချိန်အိမ်ကထွက်သွားပြီးတစ်ညလုံးပြန်မလာတဲ့အတွက်ကြောင့်လိုက်ရှာရင်း ဒီဇင်ဘာလ ၁၂ ရက်နေ့မနက်ပိုင်းက ယခုလိုသေဆုံးနေတာကိုထိတ်လန့်စွာတွေ့မြင်ခဲ့ရတယ်လို့ဆိုပါတယ် ။

မှုခင်းဆေးဘက်ဆိုင်ရာဆရာဝန်တွေကတော့သေဆုံးသူဟာ ညကတည်းကကျင်းထဲမှာရှ်ိတဲ့ဖားတွေကိုကုန်းကောက်ရာမှဇောက်ထိုးပြုတ်ကျပြီး ခန္ဓာကိုယ်ကိုပြန်မထနိုင်တော့ဘဲသေဆုံးခဲ့တာဖြစ်နိုင်ကြောင်းသုံးသပ်ခဲ့ပြီးသေဆုံးရခြင်းကို ခွဲစိတ်စစ်ဆေးသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည် ။

Photo #หน่วยกู้ภัยสุรินทร์

#TranslatorBy #SiThuMaung #Freelance

#ဂူစည် #ตกหลุมดักกบดักเขียด