News

ေနျပည္ေတာ္တပ္ကုန္းဂိတ္မွာ က်ခဲ့ရတဲ့ဆရာဝန္တေယာက္ရဲ႕ရင္​ထဲက မ်က္ရည္စက္​မ်ား

(တိတ္တခိုးမ်က္ရည္) “မိန္းမ ေတာ္ေတာ္ေမာေနလားဟင္။ ေတာ္ေတာ္ၾကာ ကားေရာက္လာေတာ့မွာပါ။ အဲ့က်ရင္ေတာ့ ေဆး႐ုံသြားလို့ရၿပီေလ။” အနည္းငယ္တုန္ယင္ေနၿပီး အဆုံးသတ္က် အားေလ်ာ့စြာေဖ်ာ့ေတာ့သြားေသာထိုစကားသံကို ၾကားလိုက္ရခ်ိန္တြင္ျဖတ္ေလၽွာက္ေနေသာ

ကၽြန္ေတာ့ေျခေထာက္မ်ားတုံ႔ဆိုင္းသြားခဲ့သည္။ ေနရာကေနျပည္ေတာ္တပ္ကုန္းဂိတ္။ မိသားစုရွိရာ ေနျပည္ေတာ္သို့ ျပန္လာသည္မို့ ကြာရတင္းဝင္ရန္ လာေခၚမည့္ကားကို ေစာင့္ဆိုင္းေနသည့္အခ်ိန္။ အထက္ပါစကားကို တိုးညင္းစြာၾကားလိုက္ရျခင္းျဖစ္သည္။ အက်င့္ရေနေသာ

မ်က္လုံးကဖ်တ္ခနဲၾကည့္လိုက္မိသည္ႏွင့္ လူနာအေျခကို ကၽြန္ေတာ္သေဘာေပါက္မိသြားသည္။ ဆံပင္တို့ေျပာင္ရွင္းေနၿပီးပါးလ်ေနေသာခႏၶာ မဲညစ္ေျခာက္ေသြ႕ေနေသာ အသားအေရႏွင့္ ဝါက်င့္က်င့္မ်က္လုံးတို့ကကင္ဆာသမားတို့၏ လကၡဏာဆိုသည္မွာယုံမွားဖြယ္မရွိေခ်။

မတ္မတ္ထိုင္ခ်င္းငွါမစြမ္းသာသည့္အေလ်ာက္ ခင္ပြန္းျဖစ္သူကိုအသာမွီထားၿပီး ေလကိုလုရွူေနသည့္ သူမပုံကိုျမင္ရသည္မွာပင္ပန္းဆင္းရဲလွသည္။ ရင္ဘတ္ကားဖားဖိုတခုလို တရႊီရႊီတရွဲရွဲျဖင့္ ပိန္လိုက္ေဖာင္းလိုက္ျဖစ္ေနေလ၏။ ေဝ့တက္လာေသာ မ်က္ရည္တခ်ိဳ့ကိုအမ်ိဳးသမီးျဖစ္သူ

မျမင္ေအာင္ အကၤ်ီပုခုံးစြန္းျဖင့္ အသာသုတ္လိုက္ေသာ္လည္း ကၽြန္ေတာ္ကားျမင္ျဖစ္ေအာင္ ျမင္မိသြားသည္။ ထိုအမ်ိဳးသား ခဏထလာေသာအခါ ကၽြန္ေတာ္မေနနိုင္ေတာ့။ အနားကပ္ၿပီး စကားေျပာၾကည့္သည္။ သူ႔အေျပာအရ ၿပီးခဲ့သည့္ ေျခာက္လခန္႔ကမွရင္သားကင္ဆာျဖစ္၍

ႏွစ္ဖက္စလုံး ျဖတ္ထုတ္ထားရေၾကာင္း၊ ကင္ဆာဌာနတြင္ေဆးသြင္းေနသည္မွာ ဆယ္ႀကိမ္ရွိေနၿပီျဖစ္ေၾကာင္းသိရသည္။ ကၽြန္ေတာ္ကဆရာဝန္ပါဟုမိတ္ဆက္ေတာ့ သူအံ့ဩဝမ္းသာသြားပုံရသည္။ အရင္ကေရာအဲ့လိုပဲေမာတတ္လားဟုေမးရာ “ၿပီးခဲ့တဲ့လကေမာတယ္ဆရာ။

အဲ့တာနဲ႔အဆုတ္ထဲကေရေတြစုပ္ထုတ္လိုက္တာ ႏွစ္ပုလင္းခြဲေတာင္ရတယ္။ အဲ့လိုထုတ္ၿပီးတာနဲ႔ သက္သာသြားေရာဗ်” ဟု အားတက္သေရာ ေျပာရွာသည္။ ယခုလဲ ေဆး႐ုံျမန္ျမန္ေရာက္၍ အရင္လို ေရစုပ္ထုတ္လိုက္လၽွင္ ျမန္ျမန္သက္သာသြားလိမ့္မည္ဟုသူေမၽွာ္လင့္ေနမွန္း

ကၽြန္ေတာ္ရိပ္မိသည္။ ဓာတ္မွန္ရိုက္မထားဘူးလားဆိုေတာ့ “မစုပ္ခင္ေရာစုပ္ၿပီးေရာရိုက္တယ္ဆရာ” ျပမယ္ဆိုၿပီးယူလာျပသည္။ အဆုတ္၏သုံးပုံႏွစ္ပုံကေရေတြျဖင့္ျပည့္ေနၿပီး ျဖဴေဖြးေနၿပီ။ ရင္သားမွ ကင္ဆာက အဆုတ္ကို ျပန္႔သြားျခင္းျဖစ္န္ိုင္သည္။ အဆုတ္ထိကင္ဆာဆဲမ်ား

ျပန္႔ေနၿပီဆိုလၽွင္အေျခအေနကား သိပ္မေကာင္းလွ။ “ကေလးကသုံးေယာက္ရွိတယ္ဆရာရဲ့။ ႏွစ္ႏွစ္ကေလးတေယာက္၊ ေျခာက္ႏွစ္တေယာက္နဲ႔ ဆယ့္သုံးႏွစ္တေယာက္ဆရာ။ တကယ္က ရက္ ခ်ိန္းကေက်ာ္ေနတာကႏွစ္ပတ္ရွိၿပီ။ ပိုက္ဆံအဆင္မေျပေတာ့လဲမလာနိုင္ဘူးဆရာရယ္။

ကၽြန္ေတာ္တစ္ေယာက္ထဲရွာရတာ။ စားဖို့ေသာက္ဖို့ကလဲရွိေသးတယ္ေလ။ အခုကိုဂိတ္မွာ ဒီအတိုင္းေစာင့္ေနရတာကို ေလးနာရီေလာက္ရွိေနၿပီ။ သူကေတာ္ေတာ္ေမာေနတာဆရာရဲ့။” မတတ္သာသည့္အဆုံး အႀကီးဆုံးသားကို ႏြားအငွါးေက်ာင္းခိုင္းရသည္ဟုေျပာသည္။

ၿပီးခဲ့သည့္တပတ္ကမွ စ ေမာလာရာအခုေတာ့ ဘယ္လိုမွေနလို့မရေတာ့သျဖင့္ ေပါင္ႏွံေခ်းငွါးၿပီး ထြက္လာခဲ့ရသည္ဟုေျပာသည္။ “ေဆးကတလုံးကို ႏွစ္သိန္းခြဲဆရာရယ္။ အာေခါင္ႏွိုက္တာကလဲ တေယာက္ငါးေသာင္းဆိုေတာ့ အဲ့မွာတင္တသိန္းေနၿပီ။ ၿပီးေတာ့သုံးရက္ေလာက္က

Q ဝင္ေနရေတာ့စားစရိတ္ကလဲမေသးဘူးခင္ဗ်” ဟုညႇိုးငယ္စြာေျပာရာ မဟုတ္ေသးပါဘူးဟုကၽြန္ေတာ္ေတြးမိၿပီး ကင္ဆာဌာနမွအစ္ကို ကိုရင္ေမာင္ဆီ ဖုန္းဆက္ၾကည့္သည္။ အစ္ကိုမွ “ဟာ ဟုတ္ဘူးေလ။ လူနာဆို RDT နဲ႔အျမန္စစ္ေပးတယ္။ Negative ဆို Q ဝင္စရာမလိုဘူး။ ၿပီးေတာ့

လူနာအတြက္အလကား။ လူနာေစာင့္အတြက္က တေသာင္းပဲ” ဟုေျပာခဲ့ရာထိုအေၾကာင္းကိုကၽြန္ေတာ္ရွင္းျပ၍သိသည္ႏွင့္တၿပိဳင္နက္ ဝမ္းသာအားရျဖင့္ “အဲ့တာဆို ကၽြန္ေတာ့မိန္းမကို ေဆး႐ုံျမန္ျမန္ပို႔နိုင္ေတာ့မွာေပါ့ေနာ္ဆရာ” ဟုေျပာလဲေျပာမ်က္ႏွာလဲမဲ့လာသျဖင့္ဟုတ္တယ္ဗ်ာဟု

​ေျပာၿပီးအနားက အသာထြက္လာခဲ့လိုက္ရသည္။ စိတ္ကေတာ့လုံးဝမေကာင္း။ ျပီးမွအိတ္ကပ္ကိုအသာစမ္းၾကည့္လိုက္ေတာ့ လာခါနီးလစာတသိန္းထုတ္လာခဲ့သည္ကိုအမွတ္ရမိသည္။ ကိုယ္ Swab စစ္ဖို့ကငါးေသာင္းဆိုေတာ့ စားဖို့ေသာက္ဖို့ကအိမ္ကိုပဲပို့ခိုင္းလိုက္ပါမယ္ေလဟု

​ေတြးၿပီးက်န္သည့္ငါးေသာင္းကို လက္ထဲထည့္လိုက္ေတာ့ ေခါင္းတခါခါ လည္တခါခါျဖင့္ျငင္းသည္။ ေဆးဖိုးပါဟု မရမကေျပာေတာ့မွ ေက်းဇူးစကားကို အထပ္ထပ္ေျပာၿပီး တုန္တုန္ရီရီျဖင့္ယူရွာသည္။ တကယ္ဆိုသူတို့ကရမည္းသင္း ကလာျခင္းျဖစ္သည္။ ေနျပည္ေတာ္ႏွင့္ဆို

အနီးကေလး။ ခဏႏွင့္ေရာက္ရမည့္ကိစၥကို မလိုအပ္ဘဲ ၾကန္႔ၾကာပင္ပန္းေနရသည္။ မလိုအပ္ဘဲ မဲဆြယ္ေအာင္ပြဲခံအျပင္ထြက္ေပ်ာ္ပါးခဲ့ၾကေသာသူမ်ား ထိုကဲ့သို့ေသာလူနာမ်ားအေပၚ ေတြးၾကည့္ေစခ်င္သည္။ ကိုယ္ခ်င္းစာၾကည့္ေစခ်င္သည္။ အဆင္အျခင္မဲ့ေသာမိမိလုပ္ရပ္တခုေၾကာင့္

ဘဝေပါင္းမ်ားစြာ မိသားစုေပါင္းမ်ားစြာ ဒုကၡပင္လယ္ေဝ မ်က္ရည္က်ရသည့္အျဖစ္မ်ိဳး ၾကဳံေနၾကသည္ကို သိေစခ်င္သည္။ အတၱမ်ား ေလၽွာ့နိုင္သေလာက္ေလၽွာ့ၿပီး အခ်င္းခ်င္းမၽွေဝကူညီၾကလၽွင္ျဖင့္ ဤကမၻာေျမသည္ ပို၍ေနခ်င့္စဖြယ္ ျဖစ္လာပါလိမ့္မည္ဟုကၽြန္ေတာ္ယူဆမိပါသည္။

Edited : ညီမ Pyae Phyo Htet Swe မွ လူနာအတြက္ေဆးဖိုး တသိန္းလွူဒါန္းသြားပါတယ္။ ဤကုသိုလ္ေၾကာင့္ ကိုယ္က်န္းမာ စိတ္ခ်မ္းသာရွိၿပီး ဆထက္တပိုး လွူဒါန္းနိုင္ပါေစ။ လူနာရွင္ဖုန္းနံပါတ္ (09750766910)

အခ်ိန္​​ေပးၿပီးဖတ္​႐ႈ႕​ေပးၾက​ေသာ ပရိတ္​သတ္​ႀကီးအားလုံးမွလည္​း အလႉ႐ွင္​​ေတြ႔​ေအာင္​တက္​ႏုိင္​သ​ေလာက္​ ဝုိင္​းဝန္​းကူညီၿပီး႐ွယ္​​ေပးၾကပါဦး​ေနာ္​။အျမန္​ဆုံးလည္​းအလႉ႐ွင္​​ေတြ႔ပါ​ေစဗ်ာ။ ခရက္​ဒစ္​ Zwe Ko Ko Kyaw

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

(တိတ်တခိုးမျက်ရည်) “မိန်းမ တော်တော်မောနေလားဟင်။ တော်တော်ကြာ ကားရောက်လာတော့မှာပါ။ အဲ့ကျရင်တော့ ဆေးရုံသွားလို့ရပြီလေ။” အနည်းငယ်တုန်ယင်နေပြီး အဆုံးသတ်ကျ အားလျော့စွာဖျော့တော့သွားသောထိုစကားသံကို ကြားလိုက်ရချိန်တွင်ဖြတ်လျှောက်နေသော

ကျွန်တော့ခြေထောက်များတုံ့ဆိုင်းသွားခဲ့သည်။ နေရာကနေပြည်တော်တပ်ကုန်းဂိတ်။ မိသားစုရှိရာ နေပြည်တော်သို့ ပြန်လာသည်မို့ ကွာရတင်းဝင်ရန် လာခေါ်မည့်ကားကို စောင့်ဆိုင်းနေသည့်အချိန်။ အထက်ပါစကားကို တိုးညင်းစွာကြားလိုက်ရခြင်းဖြစ်သည်။ အကျင့်ရနေသော

မျက်လုံးကဖျတ်ခနဲကြည့်လိုက်မိသည်နှင့် လူနာအခြေကို ကျွန်တော်သဘောပေါက်မိသွားသည်။ ဆံပင်တို့ပြောင်ရှင်းနေပြီးပါးလျနေသောခန္ဓာ မဲညစ်ခြောက်သွေ့နေသော အသားအရေနှင့် ဝါကျင့်ကျင့်မျက်လုံးတို့ကကင်ဆာသမားတို့၏ လက္ခဏာဆိုသည်မှာယုံမှားဖွယ်မရှိချေ။

မတ်မတ်ထိုင်ချင်းငှါမစွမ်းသာသည့်အလျောက် ခင်ပွန်းဖြစ်သူကိုအသာမှီထားပြီး လေကိုလုရှူနေသည့် သူမပုံကိုမြင်ရသည်မှာပင်ပန်းဆင်းရဲလှသည်။ ရင်ဘတ်ကားဖားဖိုတခုလို တရွှီရွှီတရှဲရှဲဖြင့် ပိန်လိုက်ဖောင်းလိုက်ဖြစ်နေလေ၏။ ဝေ့တက်လာသော မျက်ရည်တချို့ကိုအမျိုးသမီးဖြစ်သူ

မမြင်အောင် အင်္ကျီပုခုံးစွန်းဖြင့် အသာသုတ်လိုက်သော်လည်း ကျွန်တော်ကားမြင်ဖြစ်အောင် မြင်မိသွားသည်။ ထိုအမျိုးသား ခဏထလာသောအခါ ကျွန်တော်မနေနိုင်တော့။ အနားကပ်ပြီး စကားပြောကြည့်သည်။ သူ့အပြောအရ ပြီးခဲ့သည့် ခြောက်လခန့်ကမှရင်သားကင်ဆာဖြစ်၍

နှစ်ဖက်စလုံး ဖြတ်ထုတ်ထားရကြောင်း၊ ကင်ဆာဌာနတွင်ဆေးသွင်းနေသည်မှာ ဆယ်ကြိမ်ရှိနေပြီဖြစ်ကြောင်းသိရသည်။ ကျွန်တော်ကဆရာဝန်ပါဟုမိတ်ဆက်တော့ သူအံ့ဩဝမ်းသာသွားပုံရသည်။ အရင်ကရောအဲ့လိုပဲမောတတ်လားဟုမေးရာ “ပြီးခဲ့တဲ့လကမောတယ်ဆရာ။

အဲ့တာနဲ့အဆုတ်ထဲကရေတွေစုပ်ထုတ်လိုက်တာ နှစ်ပုလင်းခွဲတောင်ရတယ်။ အဲ့လိုထုတ်ပြီးတာနဲ့ သက်သာသွားရောဗျ” ဟု အားတက်သရော ပြောရှာသည်။ ယခုလဲ ဆေးရုံမြန်မြန်ရောက်၍ အရင်လို ရေစုပ်ထုတ်လိုက်လျှင် မြန်မြန်သက်သာသွားလိမ့်မည်ဟုသူမျှော်လင့်နေမှန်း

ကျွန်တော်ရိပ်မိသည်။ ဓာတ်မှန်ရိုက်မထားဘူးလားဆိုတော့ “မစုပ်ခင်ရောစုပ်ပြီးရောရိုက်တယ်ဆရာ” ပြမယ်ဆိုပြီးယူလာပြသည်။ အဆုတ်၏သုံးပုံနှစ်ပုံကရေတွေဖြင့်ပြည့်နေပြီး ဖြူဖွေးနေပြီ။ ရင်သားမှ ကင်ဆာက အဆုတ်ကို ပြန့်သွားခြင်းဖြစ်နိုင်သည်။ အဆုတ်ထိကင်ဆာဆဲများ

ပြန့်နေပြီဆိုလျှင်အခြေအနေကား သိပ်မကောင်းလှ။ “ကလေးကသုံးယောက်ရှိတယ်ဆရာရဲ့။ နှစ်နှစ်ကလေးတယောက်၊ ခြောက်နှစ်တယောက်နဲ့ ဆယ့်သုံးနှစ်တယောက်ဆရာ။ တကယ်က ရက် ချိန်းကကျော်နေတာကနှစ်ပတ်ရှိပြီ။ ပိုက်ဆံအဆင်မပြေတော့လဲမလာနိုင်ဘူးဆရာရယ်။

ကျွန်တော်တစ်ယောက်ထဲရှာရတာ။ စားဖို့သောက်ဖို့ကလဲရှိသေးတယ်လေ။ အခုကိုဂိတ်မှာ ဒီအတိုင်းစောင့်နေရတာကို လေးနာရီလောက်ရှိနေပြီ။ သူကတော်တော်မောနေတာဆရာရဲ့။” မတတ်သာသည့်အဆုံး အကြီးဆုံးသားကို နွားအငှါးကျောင်းခိုင်းရသည်ဟုပြောသည်။

ပြီးခဲ့သည့်တပတ်ကမှ စ မောလာရာအခုတော့ ဘယ်လိုမှနေလို့မရတော့သဖြင့် ပေါင်နှံချေးငှါးပြီး ထွက်လာခဲ့ရသည်ဟုပြောသည်။ “ဆေးကတလုံးကို နှစ်သိန်းခွဲဆရာရယ်။ အာခေါင်နှိုက်တာကလဲ တယောက်ငါးသောင်းဆိုတော့ အဲ့မှာတင်တသိန်းနေပြီ။ ပြီးတော့သုံးရက်လောက်က

Q ဝင်နေရတော့စားစရိတ်ကလဲမသေးဘူးခင်ဗျ” ဟုညှိုးငယ်စွာပြောရာ မဟုတ်သေးပါဘူးဟုကျွန်တော်တွေးမိပြီး ကင်ဆာဌာနမှအစ်ကို ကိုရင်မောင်ဆီ ဖုန်းဆက်ကြည့်သည်။ အစ်ကိုမှ “ဟာ ဟုတ်ဘူးလေ။ လူနာဆို RDT နဲ့အမြန်စစ်ပေးတယ်။ Negative ဆို Q ဝင်စရာမလိုဘူး။ ပြီးတော့

လူနာအတွက်အလကား။ လူနာစောင့်အတွက်က တသောင်းပဲ” ဟုပြောခဲ့ရာထိုအကြောင်းကိုကျွန်တော်ရှင်းပြ၍သိသည်နှင့်တပြိုင်နက် ဝမ်းသာအားရဖြင့် “အဲ့တာဆို ကျွန်တော့မိန်းမကို ဆေးရုံမြန်မြန်ပို့နိုင်တော့မှာပေါ့နော်ဆရာ” ဟုပြောလဲပြောမျက်နှာလဲမဲ့လာသဖြင့်ဟုတ်တယ်ဗျာဟု

ပြောပြီးအနားက အသာထွက်လာခဲ့လိုက်ရသည်။ စိတ်ကတော့လုံးဝမကောင်း။ ပြီးမှအိတ်ကပ်ကိုအသာစမ်းကြည့်လိုက်တော့ လာခါနီးလစာတသိန်းထုတ်လာခဲ့သည်ကိုအမှတ်ရမိသည်။ ကိုယ် Swab စစ်ဖို့ကငါးသောင်းဆိုတော့ စားဖို့သောက်ဖို့ကအိမ်ကိုပဲပို့ခိုင်းလိုက်ပါမယ်လေဟု

တွေးပြီးကျန်သည့်ငါးသောင်းကို လက်ထဲထည့်လိုက်တော့ ခေါင်းတခါခါ လည်တခါခါဖြင့်ငြင်းသည်။ ဆေးဖိုးပါဟု မရမကပြောတော့မှ ကျေးဇူးစကားကို အထပ်ထပ်ပြောပြီး တုန်တုန်ရီရီဖြင့်ယူရှာသည်။ တကယ်ဆိုသူတို့ကရမည်းသင်း ကလာခြင်းဖြစ်သည်။ နေပြည်တော်နှင့်ဆို

အနီးကလေး။ ခဏနှင့်ရောက်ရမည့်ကိစ္စကို မလိုအပ်ဘဲ ကြန့်ကြာပင်ပန်းနေရသည်။ မလိုအပ်ဘဲ မဲဆွယ်အောင်ပွဲခံအပြင်ထွက်ပျော်ပါးခဲ့ကြသောသူများ ထိုကဲ့သို့သောလူနာများအပေါ် တွေးကြည့်စေချင်သည်။ ကိုယ်ချင်းစာကြည့်စေချင်သည်။ အဆင်အခြင်မဲ့သောမိမိလုပ်ရပ်တခုကြောင့်

ဘဝပေါင်းများစွာ မိသားစုပေါင်းများစွာ ဒုက္ခပင်လယ်ဝေ မျက်ရည်ကျရသည့်အဖြစ်မျိုး ကြုံနေကြသည်ကို သိစေချင်သည်။ အတ္တများ လျှော့နိုင်သလောက်လျှော့ပြီး အချင်းချင်းမျှဝေကူညီကြလျှင်ဖြင့် ဤကမ္ဘာမြေသည် ပို၍နေချင့်စဖွယ် ဖြစ်လာပါလိမ့်မည်ဟုကျွန်တော်ယူဆမိပါသည်။

Edited : ညီမ Pyae Phyo Htet Swe မှ လူနာအတွက်ဆေးဖိုး တသိန်းလှူဒါန်းသွားပါတယ်။ ဤကုသိုလ်ကြောင့် ကိုယ်ကျန်းမာ စိတ်ချမ်းသာရှိပြီး ဆထက်တပိုး လှူဒါန်းနိုင်ပါစေ။ လူနာရှင်ဖုန်းနံပါတ် (09750766910)

အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးမှလည်း အလှူရှင်တွေ့အောင်တက်နိုင်သလောက် ဝိုင်းဝန်းကူညီပြီးရှယ်ပေးကြပါဦးနော်။အမြန်ဆုံးလည်းအလှူရှင်တွေ့ပါစေဗျာ။ ခရက်ဒစ် Zwe Ko Ko Kyaw