Uncategorized

ဆိုင်​ကယ်​သူခိုးမိတယ်​ဆိုလို့​ပြေးကြည့်မိတာ ကြားလိုက်ရတဲ့အသံ​ကြောင့်​ တကယ်ကိုစိတ်မကောင်းဖြစ်​မိပါတယ်​ဗျ






ယူနီကုဒ်ဖြင့် ဖတ်ရန်

ဆိုင်ကယ်သူခိုးမိလို့ ပြေးကြည့်မိတာ ကြားလိုက်ရတဲ့အသံကတကိုယ်လုံးတုန်ပြီး ငယ်သံပါအောင် လက်အုပ်လေးချီ အော်နေရှာတာက ”ကျနော့်ကို မလုပ်ကြပါနဲ့ဗျာ”ကျနော်သမီးလေးဆေးရုံတင် ထားရလို့ပါဗျာ ကျနော့်ကိုမလုပ်ကြပါနဲ့”အမေရေအမေ ကျုပ်ကိုကယ်ပါအုံးအမေရယ်”တဲ့

မျက်ရည်တွေကျခေါင်းငုံ့ပြီးတအားငို ”သမီးရေ ဖေကြီးဒုက္ခရောက်နေပြီသမီးရေဖေကြီးကိုကယ်ပါအုံးး”လူအုပ်ဝိုင်းထားတဲ့အလယ်မှ ခပ်နွမ်းနွမ်းးယောက်ျားတယောက်လက်အုပ်ချီပြီးငိုပြောနေတာ”သမီးလေးအတွက်ငွေရှာမရလို့လမ်းက တွေ့တဲ့ ဆိုင်ကယ်တွန်းလာရတာပါ ” တဲ့

ဘေးကကြည့်နေတဲ့သူတွေတောင်တချို့ စိတ်မကောင်းဖြစ်နေကြတာရဲကလဲအတင်းချော့ခေါ်”ငါ့ညီကိုဘာမှမလုပ်ပါဘူးးတဲ့ “ဆေးရုံကိုဖုန်းဆက်မေးတော့လဲတကယ်ပဲ သူ့သမီးလေးဆေးရုံတက်နေရတာတဲ့လေ၊ ဆိုင်ကယ်ပိုင်ရှင်ကလဲလေးစား စရာပါ အမှုမလုပ်တဲ့အပြင်ဆေးဖိုးဆိုပြီး

ငွေ၂သောင်းပါထပ်ကူညီလိုက်တယ်။ ကိုဗစ်ကာလမှာ အသင့်အတင့်ပိုက်ဆံရှိတဲ့သူတွေကဟန်မပျက်နေနိုင်ကြပေမယ့်အလုပ်လက်မဲ့ ဖြစ်နေတဲ့အခြေခံလူတန်းစားတွေထဲမှာကြံမိ ကြံရာ ကြံမိတဲ့သူလိုလူတွေဒီကာလဆိုးကြီးထဲမှာ

ဘယ်နှစ်ယောက်များ ဒုက္ခတွေနဲ့ ကြုံနေကြပီလဲမသိနိုင်ဘူး လေ။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ် စာနာမိပါရဲ့ ဗျာ တောင်ပံနီလူလေး(ပခုက္ကူ)