ဗဟုသုတ

ဘုန်းကြီးကျောင်းမှ ဆွမ်းကျန်များကို အိမ်သယ်သွားလျှင် အပြစ်ရှိပါသလား

ဘုန်းကြီးကျောင်းမှ ဆွမ်းကျန်များကို အိမ်သယ်သွားလျှင် အပြစ်ရှိပါသလားဆွမ်းကျန်များကို ဒကာဒကာမတွေ ယူသွားလို့ ရပါသလား?

သင်တန်းသားတစ်ဦး မေး ။ ။ဘုန်းကြီးကျောင်းက ဆွမ်းကျန်၊ ပန်း၊ သစ်သီးတို့ကို ဒကာ ဒကာမတွေ ယူလို့ရပါသလား ဘုရား။

ဆရာတော့် အဖြေ။ ။

သံဃိက ဆိုရင်တော့ ယူလို့မရဘူး၊ ဘုန်းကြီးတစ်ပါးတည်းလည်း မပိုင်ဘူးလေ။ ဘုန်းကြီး ပုဂ္ဂလိကပိုင် ဖြစ်ရင်တောင်မှ ဒီအတိုင်း ယူလို့မရဘူး ။

ဝေယျာဝစ္စ လုပ်ပြီးတော့ သုံးခွင့် ရှိတာပေါ့၊ ဒါ တစ်ပိုင်းပေါ့နော်။

ကျောင်းပိုင် သံဃာအများပိုင်ဆိုရင်တော့ ဆရာတော်လည်း ပေးပိုင်ခွင့် မရှိဘူး။ ဦးဇင်းတို့ကျောင်းတိုက်ဆိုရင် သံဃာ ၃၀၀ ကျော်ရှိတယ်ပေါ့။

၃၀၀ ရှိတယ်၊ အဲဒါကို ဦးဇင်းက ဦးဇင်းနဲ့ ရင်းနှီးတဲ့ ဒကာမတစ်ဦးကို ဒကာမကြီး ဒါယူသွားလို့ ပေးလို့မရဘူး။

ဦးဇင်းပိုင်တာမဟုတ်ဘူး ဒီဥစ္စာက သံဃာပိုင်ပစ္စည်း။ သံဃာ ပိုင်ကို ဦးဇင်း ပေးလိုက်ရင် ဒါဦးဇင်း ခိုးတာပဲ။

ဦးဇင်းတို့ လူ့လောကမှာလည်း ပြည်သူပိုင်ပစ္စည်းကိုတစ်ဦး

တစ်ယောက် ပေးတာဟာ ခိုးတာပဲ၊ အခိုးမြောက်တယ်။ အဲဒါ အများပိုင် ပစ္စည်းကို တစ်ဦးတစ်ယောက်ပိုင် လုပ်ခွင့်မရှိဘူး။

သံဃာပိုင်ပစ္စည်းကို ငါက ကျောင်းထိုင်ဆရာတော်ပဲ ဆိုပြီး လုပ်လို့မရဘူး။ အာဏာကို အလွဲသုံးစား လုပ်ခွင့်မရှိဘူးနော်။

အားလုံး သံဃာကို ပန်ကြားရမယ်။ အရှင်ဘုရားတို့ ဒီဒကာမကြီး ဒီဒကာကြီး ကျောင်းတိုက်မှာ ဘယ်လို ဝေယျာဝစ္စလုပ်ပါတယ်၊ ဘယ်လို ကျေးဇူးများပါတယ်၊

ဒီဒကာမကြီးကို ဒါလေးတော့ စွန့်ချင်ပါ တယ်၊ သဘောတူပါက တိတ်ဆိတ် နေပေးတော်မူပါ အဲလို လျှောက်ရတယ်။

သံဃာတော်တွေက သုံးကြိမ်တိတိပြောလို့ သဘောတူတယ်ဆိုရင် (သို့) သံဃာက အလိုမရှိတဲ့ အပင်တွေဖြစ်တယ် ဆိုရင် ယူလို့ရပါတယ်။

သံဃာတွေက တကူးတက စိုက်ပျိုးထားတဲ့ အပင်မျိုးဖြစ်ခဲ့ရင် သံဃာကို လျှောက်ဖို့ လိုကိုလိုတယ်။

အရှင် အဘယလင်္ကာရ(မဟာဝိဟာရကျောင်းတိုက်-လှည်းကူး)

ဘုန္းႀကီးေက်ာင္းမွ ဆြမ္းက်န္မ်ားကို အိမ္သယ္သြားလၽွင္ အျပစ္ရွိပါသလား

ဆြမ္းက်န္မ်ားကို ဒကာဒကာမေတြ ယူသြားလို႔ ရပါသလား?

သင္တန္းသားတစ္ဦး ေမး ။ ။ဘုန္းႀကီးေက်ာင္းက ဆြမ္းက်န္၊ ပန္း၊ သစ္သီးတို႔ကို ဒကာ ဒကာမေတြ ယူလို႔ရပါသလား ဘုရား။

ဆရာေတာ့္ အေျဖ။ ။

သံဃိက ဆိုရင္ေတာ့ ယူလို႔မရဘူး၊ ဘုန္းႀကီးတစ္ပါးတည္းလည္း မပိုင္ဘူးေလ။ ဘုန္းႀကီး ပုဂၢလိကပိုင္ ျဖစ္ရင္ေတာင္မွ ဒီအတိုင္း ယူလို႔မရဘူး ။

ေဝယ်ာဝစၥ လုပ္ၿပီးေတာ့ သုံးခြင့္ ရွိတာေပါ့၊ ဒါ တစ္ပိုင္းေပါ့ေနာ္။

ေက်ာင္းပိုင္ သံဃာအမ်ားပိုင္ဆိုရင္ေတာ့ ဆရာေတာ္လည္း ေပးပိုင္ခြင့္ မရွိဘူး။ ဦးဇင္းတို႔ေက်ာင္းတိုက္ဆိုရင္ သံဃာ ၃၀၀ ေက်ာ္ရွိတယ္ေပါ့။

၃၀၀ ရွိတယ္၊ အဲဒါကို ဦးဇင္းက ဦးဇင္းနဲ႔ ရင္းႏွီးတဲ့ ဒကာမတစ္ဦးကို ဒကာမႀကီး ဒါယူသြားလို႔ ေပးလို႔မရဘူး။

ဦးဇင္းပိုင္တာမဟုတ္ဘူး ဒီဥစၥာက သံဃာပိုင္ပစၥည္း။ သံဃာ ပိုင္ကို ဦးဇင္း ေပးလိုက္ရင္ ဒါဦးဇင္း ခိုးတာပဲ။

ဦးဇင္းတို႔ လူ႔ေလာကမွာလည္း ျပည္သူပိုင္ပစၥည္းကိုတစ္ဦး

တစ္ေယာက္ ေပးတာဟာ ခိုးတာပဲ၊ အခိုးေျမာက္တယ္။ အဲဒါ အမ်ားပိုင္ ပစၥည္းကို တစ္ဦးတစ္ေယာက္ပိုင္ လုပ္ခြင့္မရွိဘူး။

သံဃာပိုင္ပစၥည္းကို ငါက ေက်ာင္းထိုင္ဆရာေတာ္ပဲ ဆိုၿပီး လုပ္လို႔မရဘူး။ အာဏာကို အလြဲသုံးစား လုပ္ခြင့္မရွိဘူးေနာ္။

အားလုံး သံဃာကို ပန္ၾကားရမယ္။ အရွင္ဘုရားတို႔ ဒီဒကာမႀကီး ဒီဒကာႀကီး ေက်ာင္းတိုက္မွာ ဘယ္လို ေဝယ်ာဝစၥလုပ္ပါတယ္၊ ဘယ္လို ေက်းဇူးမ်ားပါတယ္၊

ဒီဒကာမႀကီးကို ဒါေလးေတာ့ စြန႔္ခ်င္ပါ တယ္၊ သေဘာတူပါက တိတ္ဆိတ္ ေနေပးေတာ္မူပါ အဲလို ေလၽွာက္ရတယ္။

သံဃာေတာ္ေတြက သုံးႀကိမ္တိတိေျပာလို႔ သေဘာတူတယ္ဆိုရင္ (သို႔) သံဃာက အလိုမရွိတဲ့ အပင္ေတြျဖစ္တယ္ ဆိုရင္ ယူလို႔ရပါတယ္။

သံဃာေတြက တကူးတက စိုက္ပ်ိဳးထားတဲ့ အပင္မ်ိဳးျဖစ္ခဲ့ရင္ သံဃာကို ေလၽွာက္ဖို႔ လိုကိုလိုတယ္။

အရွင္ အဘယလကၤာရ(မဟာဝိဟာရေက်ာင္းတိုက္-လွည္းကူး)