ဂျပန် မှာ ငါးပူတင်း ကို နှစ်ခြိုက်စွာ စားသုံးကြပါတယ်၊ အခန့်မသင့်ရင် လဲ အဆိပ်ဖြစ်ပြီး သေကြပါတယ်။
ဒါပေမဲ့ ဂျပန်လူမျိုးတွေ ဟာ သည်ငါးပူတင်း ကိုအင်မတန် နှစ်သက်ကြပါတယ်။
တရက် မှာ သူငယ်ချင်း တစု ဟာ ငါးပူတင်းတကောင် ကို ဖမ်းမိ ပြီး ချက်စား ဖို့လုပ်ပါတယ်တဲ့၊
ဟင်းကျက်ပြီး တဲ့ အချိန် မှာ တော့ အဆိပ်မိ မှာ ကြောက်လို့ ဘယ်သူကမှ စပြီး မစားရဲ ကြပါဘူးတဲ့၊
အဲသည် မှာ တယောက်က အကြံပေးပါတယ်။အိမ်နား က တံတားအောက်မှာ နေတဲ့ဆင်းရဲသား တယောက် ကို ဟင်းသွားပေးပြီး အရင်စားခိုင်း လိုက်မယ်၊ သူဘာ မှ မဖြစ်ရင် ငါတို့ စိတ်ချလက်ချ စား လို့ ရပြီ ပေါ့လို့ ပြောပါတယ်။
အဲဒါ နဲ့ ဆင်းရဲသား ကို ဟင်းပေး ပြီး စောင့်ကြည့်ကြပါတယ်။
ခဏနေလို့ အဲသည်ဆင်းရဲသား ဘာမှ မဖြစ် တာလဲ တွေ့ ရော သူငယ်ချင်းတစု ငါးပူတင်းဟင်းကိုပျော်ပျော်ပါးပါး စားကြပါသတဲ့။
စားပြီးလို့ အပြင် ထွက်ကြတဲ့ အချိန် မှာ တယောက်က ဆင်း ရဲသား ကို
“ငါးပူတင်း ဟင်း စားလို့ ကောင်းလား” လို့ မေးလိုက်ပါတယ်။
အဲသည်မှာ လမ်းဘေးက ဆင်းရဲသား က
“ဟာ! ဆရာ တို့ ဘာမှ မဖြစ်ဘူးနော် အဲဒါဆို ကျနော် စားလို့ ရပြီ ပေါ့”လို့ ပြန်ပြော လိုက်ပါ သတဲ့။
ခုလည်း ချမ်းသာတဲ့ နိုင်ငံတွေ ကာကွယ်ဆေးအရင် ထိုး ကြပါစေ။
သူတို့ဘာမှ မဖြစ်ဘူး ဆို မှ ကျနော်တို့ ထိုးကြတာပေါ့။
မူးမြင့်အောင်
၁၀ ဒီဇင်ဘာ ၂၀၂၀
မူးမြင့်အောင် ကို credit ပေးပါသည်။