ခိုးခြင်းမျိုးစုံထဲမှာ မြေခိုးတာဟာ အပြစ်အကြီးဆုံးပါပဲ။
ဘာကြောင့်လဲ ဆိုတော့အပေါ်ယံကြည့်ရင်သာ နှစ်ပေ သုံးပေမို့မမှားဘူး ထင်ရပေမယ့်
အောက်အဝီစိရောက်အောင် တိုင်းကြည့်လိုက်ရင် ဘယ်နည်းမှာလဲ။
ဒါကြောင့် မြေခိုးတဲ့အပြစ်ဟာ အကြီးဆုံးလို့ ပြောတာ။
အကုသိုလ် လုပ်တိုင်း လုပ်တိုင်း ဇော( ၇ ) ချက် စောတယ်။ဇောဆိုတာစေတနာပါပဲ။
ကောင်းတဲ့ စေတနာက ကောင်းကျိုးပေးသလို မကောင်းတဲ့ စေတနာက မကောင်းကျိုးပေးပါတယ်။
ခိုးတာဆိုရင်အကုသိုလ်စေတနာဇောပေါ့။ဒီဇော( ၇ ) ချက်ထဲကပထေမဇာက ဒီဘဝမှာမကောင်းကျိုးပေးတယ်။
သတ္တမဇောက ဒုတိယဘဝမှာမကောင်းကျိုးပေးတယ်။ဒီဇောနှစ်မျိုးက အားမကောင်းရင် အကျိုးမပေးနိုင်ပဲ အဟောသိကံ ဖြစ်သွားတာလည်း ရှိတယ်။
ဒါကြောင့် မကောင်းတာလုပ်ပြီး ချမ်းသာတဲ့သူတစ်ချို့ ရှိသလို ကောင်းတာလုပ်နေတဲ့ ကြားထဲကဆင်းရဲဒုက္ခ ရောက်နေသူတွေလဲရှိတာပေါ့။
မကောင်းတာ လုပ်ပြီး ကြီးပွားနေတာကို တွေ့ရရင် အထင်မကြီးလိုက်ပါနဲ့။
အကုသိုလ် မှန်သမျှဟာ မကောင်းကျိုးပဲ ပေးပါတယ်။ ဘယ်တော့မှ ကောင်းကျိုးကို မပေးပါဘူး။
အခုကောင်းကျိုး ခံစားနေရတယ်ဆိုတာ တစ်ခြားဘဝက ပြုခဲ့တဲ့ကုသိုလ်ကံက အရင်လာပြီး အကျိုးပေးနေတာပါ။
အကုသိုလ် ကံက သူ့အလှည့်ကို စောင့်နေတုန်းပါ။အကုသိုလ် ကံက သူ့အလှည့်ကျလာပြီ ဆိုရင်တော့မကောင်းကျိုးကိုသာ ပေးမှာပါ။
ကောင်းတာလုပ်ပြီးဆင်းရဲနေတာကို တွေ့ရရင် အထင်မသေးလိုက်ပါနဲ့။
ကုသိုလ် မှန်သမျှဟာကောင်းကျိုးပဲ ပေးပါတယ်။ဘယ်တော့မှ မကောင်းကျိုးကို မပေးပါဘူး။
အခုဆင်းရဲပြီး မကောင်းကျိုး ခံစားနေရတာက တစ်ခြားဘဝက ပြုခဲ့တဲ့အကုသိုလ်ကံကအရင်လာပြီး အကျိုးပေးနေတာပါ။ကုသိုလ် ကံက သူ့အလှည့်ကို စောင့်နေတုန်းပါ။
ကုသိုလ် ကံကသူ့အလှည့်ကျလာပြီဆိုရင်တော့ ကောင်းကျိုးကိုသာ ပေးမှာပါ။
#မေတ္တာရှင်( ရွှေပြည်သာ )
အခုနောက်ပိုင်းလူတော်တော်များများမှာတွေ့ရတတ်ပါတယ်။တစ်ချို့သောလူတွေဟာသူတို့ရဲ့ လောဘစိတ်တွေကိုအတော မသတ်နိုင်ကြပါ။
နေရာတိုင်းမှာ ကြုံဖူးပါတယ်။တောရွာတွေမှာဆို တဖက်အိမ်က ခြံစည်းရိုးမခတ်ထားရင်တစ်ဖက်အိမ်က ခြံစည်းရိုးကိုသူများမြေကြီးဘက်မသိမသာ သိသိသာသာ တိုးပြီးခတ်သလို အသွားအလာနည်းတဲ့ လမ်းတွေကို မသိမသာကနေ သိသိသာသာလေးခြံစည်းရိုးတွေ တိုးလာကြတယ်။
ကြာလာတော့ သူတို့မြေအဖြစ်တဖြေးဖြေး ဝါးမျိုလာကြတယ်။ခိုးလိုက်တဲ့ မြေကတကယ်ဆို ဘာမှ မများပါဘူး။
နေလဲ မဖြစ်ပါဘူး။လောဘစိတ်ကြောင့်တလွှာ,တစ်တောင်,တစ်လံဒါလောက်ပဲ ရကြတယ်။
ဒါတွေကို သူတို့တွေက အကျေနပ်ကြီးကျေနပ်နေကြပါတယ်။
မြေကြီးခိုးတဲ့သူဟာသေလွန်သွားပြီးနောက်မှာပြိတ္တာဘဝနဲ့ သူ လူ့ဘဝတုန်းကခိုးထားခဲ့တဲ့မြေကြီးကိုအမြဲ ထမ်းပိုးထားရတယ်လို့စာပေမှာ ဖတ်ဖူးတယ်။
ဒါ့အပြင် သူဟာ စားစရာမရှိတဲ့အတွက် မြေကြီးကိုသာ စားရတယ် တဲ့။
ကိုယ် မြေခိုးခဲ့တော့သံသရာမှာ ခံရတယ်။ကောင်းစားတော့ကျန်နေခဲ့တဲ့သူတွေလေ။ဒါကြောင့်အများ ကောင်းစားဖို့အတွက်အကုသိုလ်နဲ့ မလုပ်ပေးပါနဲ့။
မရှာပေးပါနဲ့။မကျူးလွန်ပါနဲ့။ပြန်ခံစားရတာ မတန်လို့ပါရေစက်ချ အမျှဝေတာတောင်ဝဋ်ကြွေးမကုန်မချင်းဆပ်နေရမယ့် ဝဋ်ကြွေး ပါပဲ။
သတိထားပြီး ဆင်ခြင်နိုင်ကြပါစေ။
မူရင်း-Credit
ပြန်လည်မျှဝေပါသည်
မေတ္တာဖြင့်
အရှင်စန္ဒာသိရီ – ရေဦး။
ရွှင်လန်းချမ်းမြေ့ကြပါစေ…