သထုံ၊ဒီဇင်ဘာ ၁၂
သထုံမြို့နယ် မြေနီကုန်းသုသာန်၌မြေမြုပ်ထားသော အေးခဲကြက်သားများအား ဒီကနေ့ မွန်းလွဲ ၂:၀၀ နာရီခန့်တွင် လူရှစ်ဦးခန့်မှ ရောက်ရှိလာပြီး ဖော်ယူကြမည့်အနေထားဖြစ်စဥ်မျိုး ဖြစ်ခဲ့သည်။
ဖြစ်စဥ်မှာ ယမန်နေ့က ဖမ်းဆီးထားသော စားသုံးရန်မသင့်အေးခဲကြက်သားများအား ဒီကနေ့တွင် ဌာနဆိုင်ရာများမှ မြေနီကုန်းသုသာန်၌ မြေကျင်းတူးမီးရှို့ဖျတ်ဆီးမှု ပြုလုပ်ခဲ့သည်။
ထိုမီးရှို့အသားများကို ရွာသားများအပါဝင် မြေမြုပ်ရာကျင်းတဝက် ကျော်ခန့် ပြီးစီး၍ ထမင်းစားသွားချိန်၌ လူတစ်စုမှ သုံးဘီး၊ထော်လာဂျီ၊ အမိုးဖွင့်ကား စသည့် သုံးစီးဖြင့် အဆိုပါနေရာသို့ ရောက်ရှိလာရာကြကြောင်း ရွာနာရေးကိစ္စသုသာန် တွင်ရှိနေသူများက နယ်မြေခံ ရပ်/ကျေးNLD ဥဣဌ ထံသို့သတင်းပေးခဲ့သည် ဟုဆိုသည်။
နယ်မြေခံNLDအဖွဲ့မှ ထိုလူများကို မသင်ကာ၍ မေးမြန်းနေရာမှ အမိုးဖွင့်ကားဖြင့် ထွက်ပြေးသွားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်မာမာခိုင်ထံ သတင်းပေးပို့ရာမှအဆိုပါ အခင်းဖြစ်ရာသို့ ရောက်ရှိချိန်တွင် ၄င်းတို့မောင်းလာသော သုံးဘီးနှင့်ထွေလာဂျီ ကျန်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
အဆိုပါဖြစ်စဥ်နှင့်စပ်လျှဥ်း၍ သထုံမြို့နယ် မြို့မရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ကျန်ခဲ့သော ယဥ်နှစ်စီးအား ကျေးရွာအုပ်ချုပ် ရေးမှူးရုံး၌ ထားရှိရန်မှာပြောကြားပြီး ဥပဒေကြောင်းအရစုံစမ်းစစ် ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
S.N
သတင်း/ဓါတ်ပုံ
သထုံမြို့နယ် {သတင်းနှင့်ပြန်ကြားရေး }
NLD Thahton