စာရှည်ပေမယ့် ဖတ်ပေးကြပါဦး
ဒီအစ်မက ရန်ကုန်မှာနေပါတယ်..ဆယ်တန်းတုန်းက စာပန်းအိမ်မှာ တက်ပါတယ်
KTU မှာလည်း Mechanical Major တက်သွားသေးတယ်
93 born တွေနဲ့ဆို same batch ဖြစ်လို့ သိတဲ့သူတွေ ရှိကြမှာပါ
(ဒါက မျက်စိမြင်ရတုန်းက ပုံလေးပါ)
ဒီအစ်မက 2020 January ကစပြီး သူ့ရဲ့ ကိုယ်ခံအားက ပြင်ပက ဝင်လာမယ့်ရောဂါတွေကို တိုက်ရမယ့်အစား သူ့ကိုပြန်တိုက်တဲ့ အရမ်းရှားတဲ့ ရောဂါ (Neuromyelitis Optica Spectrum Disorder) ဖြစ်နေတာပါ
ဦးနှောက်ရဲ့ အနောက်ဘက်မှာရှိတဲ့ Central Nervous System ကို တိုက်ခိုက်ခံရလို့ March လမှာ မျက်လုံးအာရုံကြောတွေထိပြီး မျက်စိမမြင်ရတော့ပါဘူး ဝါးတားတားပဲ မြင်ရတော့တာပါ
(ဒါက March လမှာ မျက်စိမမြင်ရတော့ပါဘူး)
ခုချိန်ထိ သူ့ရောဂါရဲ့ Attack 5 ကြိမ်ခံပြီးပါပြီ
တစ်ခါ Attack ခံရတိုင်း ဆေး ၅ရက်ဆက်တိုက်ဆေးသွင်းရပါတယ် အဲ့ဒီဆေးဖိုးက တစ်ရက်ကို ၁သိန်းနီးပါး ကုန်ပါတယ်
နေမကောင်းလို့ဆိုပြီး အားရှိအောင် ဆေးသောက် အစားစားလေ ကိုယ်ခံအားကကောင်းပြီး သူ့ကိုပိုတိုက်ခိုက်နိုင်လေဖြစ်မှာ 😅
(ဒါက ဆေးတွေ သွင်းရသောက်ရလို့ ဖောရောင်လာတဲ့ပုံပါ)
အဲ့ဒီတော့ ကိုယ်ခံအားကျစေတဲ့ဆေးတွေ သောက်ရတာလည်း တစ်လကို ၃သိန်းခွဲဖိုး ကုန်ပါတယ်
နိုင်ငံခြားမှာတောင် ကုစရာဆေးမရှိသေးပါဘူးတဲ့
ရောဂါ Attack ခံရတဲ့အချိန်ဆို မျက်လုံးက လုံးဝမှောင်မည်းသွားပါတယ်
အန်ပြီး ကြို့ထိုးတာလည်း နေ့ရော ညပါ ဆက်တိုက်ထိုးပြီး အသက်ရှူလို့မရနိုင်အောင်ထိ သေမတတ်ပါပဲ
(၃လပိုင်း မျက်စိ စပြီးမမြင်ရတော့ ဆေးရုံတက်တဲ့ပုံပါ)
Attack 3 ကြိမ်မြောက်မှာ Plasma Exchange လုပ်ရပါတယ်။ ကိုယ်ခံအားကောင်းနေတာ လျော့သွားအောင် လည်ပင်းကနေ သွေးရည်ကြည်တွေ ဖောက်ထုတ်ရတယ်
အမြဲဆေးတွေ သွင်းရသောက်နေရပါတယ်
(လည်ပင်းက သွေးရည်ကြည်တွေ ဖောက်ထုတ်)
ဆေးရဲ့ Effect က ဘယ်လောက်ပြင်းလဲဆို ကြာရင်အရိုးတွေ အပိုင်းပိုင်းကျိုးကုန်နိုင်ပါတယ်
အဲ့ဒါကြောင့် D3, K2 နဲ့ Mega 3 သောက်ရပါတယ်
ဆေးအမြဲသောက်ရတော့ စိတ်ဓာတ်တွေကျ၊ ဆံပင်တွေကျွတ်၊ အသားတွေ ဖောရောင်လာပြီး အကြောတွေလည်း ဆွဲလာပါတယ်
(၆လပိုင်း Plasma Exchange လုပ်တဲ့ပုံပါ)
ဒီရောဂါဖြစ်တော့ အလုပ်မလုပ်နိုင် ပိုက်ဆံမရှာနိုင်လို့ ယောက်ျားကလည်း ဒီအစ်မနဲ့ ၂နှစ်ခွဲသမီးလေးကိုပါ ပစ်သွားပါတယ် 😅
အလုပ်ကလည်း မလုပ်နိုင်၊ ဆေးစရိတ်ကလည်း အရမ်းကုန်၊ သမီးလေးတစ်ဘက်နဲ့ တစ်နှစ်နီးပါးတောင့်ခံခဲ့ပြီး ခု ဘယ်လိုမှ မရပ်တည်နိုင်တော့တာကြောင့် ဒုက္ခရောက်နေပါတယ်
(ပြီးခဲ့တဲ့ ၁၁လပိုင်းတုန်းက Attack ခံရလို့ အိမ်မှာ ဆေး ၅ရက်သွင်းနေတဲ့ပုံပါ)
ဒီအစ်မနဲ့ အပြင်မှာ မခင်ပေမယ့် Fb မှာ Comment တွေ အပြန်အလှန်ပေးတော့ သတိထားမိနေတာ
နောက်သူ့ကို မတွေ့မိတာကြာပြီဆိုပြီး ရှာကြည့်မှ သူနေမကောင်းဖြစ်နေတာ သိတာ
သူတင်ထားတဲ့ Post တွေ ကြည့်ရတာ အရင်က ခုလို အလှူမခံဘူး။ သူ့ဟာသူ Mask လေးတွေရောင်းပြီး အဆင်ပြေအောင် ဆေးဖိုးရှာနေရတာ
(ကိုယ်ခံအားကျအောင် သောက်ရတဲ့ဆေးတွေပါ)
ဆေးစရိတ်က အရမ်းကြီးတော့ သူရော သူ့မိသားစုပါ ဘယ်လိုမှအဆင်မပြေတော့လို့ ခုမှအလှူခံဖြစ်တယ် ထင်ပါတယ်
(အရိုးအတွက် သောက်ရတဲ့ဆေးတွေပါ)
မသိဖူး မခင်ဖူးရင်တောင် အဆောင်တူ၊ ကျောင်းတူ၊ မေဂျာတူ စီနီယာ ဂျူနီယာလေးတွေ ဝိုင်းကူညီကြပါဦးနော်
၁ထောင်ပဲဖြစ်ဖြစ် ၁သောင်းပဲဖြစ်ဖြစ် တတ်နိုင်သလောက်တော့ ကူညီပေးကြပါ
(ရောဂါဖောက်ရင် ၅ရက်ဆက်တိုက် သွင်းရတဲ့ ဆေးတွေပါ)
ဒီအစ်မနဲ့ သိရင်တောင် Fb မှာ Friend မဖြစ်တော့ မသိလိုက်တဲ့လူတွေ ရှိနေမှာစိုးလို့ ပြန်တင်ပေးတာပါ
နာတာရှည်ရောဂါဖြစ်တာကြောင့် ဒီဆေးတွေကို အမြဲသောက်နေမှ အဆင်ပြေမှာပါ
(အစ်မနဲ့ သူ့သမီးလေးပါ)
ဒါ့ကြောင့် ဆေးဖိုးတွေအရမ်းလိုနေပါတယ်
အလိုအပ်ဆုံးက ကိုယ်ခံအားချတဲ့ Mofetyle 500 နဲ့ Medixon 16 ပါ
ရုပ်သံကြည့်ရန်
ကူညီနိုင်မယ်ဆိုရင် ဒီ Post လေးကို ကူ share ပေးကြပါ
ဆေးဖိုးလှူချင်ရင်
Wave Account – 09783169519, 09779605460
KBZPay – 09779605460
KBZ Bank Account – 12730104200595201
AYA Bank Account – 0033201010100120
CB Bank Account – 0004600500104124ကို လှူလို့ရပါတယ်
Account Name တွေက Daw Khin Aye Win ပါ
KBZPay က Transactions Limit ပြည့်သွားလို့ 09763897997 ( Zar Phyu Pwint) ကို လှူပေးကြပါ
Zar Phyu Pwint Account ကို လှူလို့မရတော့ရင် 09899013233 ( Yoon La Pyae ) ကို လှူပေးကြပါ
အစ်မကို စာရင်းနဲ့တကွ ပြန်အပ်ပေးပါမယ်
ယုံကြတယ်မလား 😁
လှူပြီးတဲ့သူတွေက နောက်လူတွေလည်း လှူချင်တဲ့သဒ္ဓါစိတ်ပေါ်လာအောင် Screenshot လေး ment ခဲ့ပေးပါ