ညောင်ရွှေ – ခေါင်တိုင်လမ်းမပေါ်ကကောက်ယူရှင်းလင်းခဲ့ရတဲ့ နှာခေါင်းစည်း Mask တွေပါ ( 3နာရီအတွင်းမှာအခုရေ 2000ခန့်)တွေ့ရှိခဲ့တာပါ။
တနေရာလေးသာမကတမြို့လုံးအတိုင်းအတာ မှတနိုင်ငံလုံးအတိုင်းအတာထိဆိုမတွေးဝံ့အောင်ပါပဲ
ဒီလိုစည်းကမ်းမဲ့စွန့်ပစ်ခဲ့တဲ့အထဲမှာသင်ရောအပါအဝင်ပါဘဲလား?
Mask ဆိုတာ ရောဂါ ကာကွယ်ဖို့တပ်ဆင်ရတာဖြစ်လို့ အခုလိုလမ်းမပေါ် ပစ်ချင်ရာပစ်ခဲ့ခြင်းအားဖြင့် သင်ရော သင့်မိသားစုအပါအဝင် လူသားအားလုံးအတွက်ပါ အန္တရာယ်များလွန်းလှပါတယ်။
Covid ဆိုတဲ့ရောဂါဆိုးကြီး ကမ္ဘာမြေပေါ်ကအမြန်ပျောက်ကင်းသွားဖို့ ဆိုတာက ခုလို Mask တွေကိုစည်းကမ်းမဲ့စွန့်ပစ်မနေဖို့ကလဲအရေးကြီးလှပါတယ်။
အတွေ့အကြုံအရ မြို့ဝင်မြို့ထွက် စစ်ဆေးတဲ့နေရာတွေရဲ့အလွန်မှာMaskတွေ ပိုမိုတွေ့ရတာကြောင့်လူတွေဟာစစ်ဆေးရေးဂိတ်လွန်တာနဲ့ တန်းစွန့်ပစ်ခဲ့ကြပုံပါပဲ
သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများအနေဖြင့်နည်းလမ်းကောင်းများရှာတွေ့ပြီး ထိရောက်စွာတားဆီးအရေးယူနိုင်ပါစေလို့ ဆန္ဒ ပြုမိပါတယ်
Credit – Sue Sue
KTS