စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ကျောင်းဖြူကျေးရွာအနောက်ဘက် ဧရာဝတီမြစ်ဆိပ်ကမ်းအနီးတွင် ယဥ်ကျေးမှုအဆင့်အတန်းမြင့်မားလှသည့် ရှေးဟောင်းရွှေထည်ပစ္စည်းများကို ဒေသခံတစ်ဦးမှ တွေ့ရှိခဲ့သည်ဟု ကနဦး သိရှိရပါတယ်။
ရွှေသားချည်းသက်သက်ဖြင့် အနုလက်ရာပြောင်မြောက်စွာပြုလုပ်ထားသော ၄င်းရွှေထည်ပစ္စည်းများတွင် ရွှေနားဒေါင်းများ ရွှေဆွဲပြားများအပါအဝင် အခြားအမျိုးအမည် မခန့်မှန်းနိုင်သေးသော ရွှေထည်ပစ္စည်းများလည်းပါဝင်ပြီး ပျူခေတ်လက်ရာများဖြစ်နိုင်သည်ဟု (အကြမ်းမျဥ်း) ခန့်မှန်းထားကြပါသည်။
ရှေးဟောင်းယဥ်ကျေးမှုအနုလက်ရာ ရွှေထည်ပစ္စည်းများတွေ့ရှိရသည့် ကျောင်းဖြူရွာသည် ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ဆုံရာ ဒေသတွင်တည်ရှိပြီး ယောအတွင်းဝန်ဦးဖိုးလှိုင်၏ ဇာတိရွာဖြစ်သော ရွာပုလဲရွာ အနီးတွင် တည်ရှိသည့် ရွာတစ်ရွာဖြစ်သည်။
ပုံသဏ္ဍာန်တွေက ထူးခြားဆန်းပြားပြီး လက်ရာတွေက အဆင့်မြှင့်လှပါတယ်…တကယ်ကို တန်ဖိုးမဖြတ်နိုင်လောက်အောင် အဖိုးတန်လှတဲ့ ရှေးဟောင်းရတနာတွေပါပဲ
ရဲသွေး (ဧည့်လမ်းညွှန်)
#photosoriginaluploader
ရှေးဟောင်းရွှေထည်ပစ္စည်းများတွေ့ရှိရာ နေရာအနီးရှိ ရွာပုလဲ